This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဆြာရက္ဇ္ရဲ႕ တစ္လံုးတည္းေသာဂိုးနဲ႔ ေနာက္တစ္ဆင့္ ေသခ်ာခဲ့တဲ့ ဥရုေဂြး

ဥရုေဂြးတို႔ အႏိုင္ရရင္ကို ေနာက္တစ္ဆင့္အတြက္ ေသခ်ာေနခဲ့လို႔ အားကုန္ မထုတ္ခဲ့တာလားလို႔ ေမးခြန္းထုတ္စရာေတာ့ ျဖစ္ခဲ့တယ္။ အႏိုင္ရလဒ္က အေရးပါေနလို႔ ဆြာရက္ဇ္၊ ကာဗာနီ အစရွိတဲ့ နာမည္ေက်ာ္ ကစားသမား အစံုအလင္နဲ႔ ဥရုေဂြးပြဲထြက္လာခဲ့တယ္။ ေနာက္ဆံုး ပြဲစဥ္မွာ အုပ္စု ပထမေနရာလုရမယ့္ အိမ္ရွင္ ရုရွားအသင္း (၅)ဂိုး သြင္းယူထားတဲ့ ေဆာ္ဒီအသင္း ဒီေန႔ပြဲစဥ္မွာလည္း ဥရုေဂြးအသင္းကိုလည္း အဖက္ဖက္က ယွဥ္မကစားႏိုင္ခဲ့ဘူး။ ဥရုေဂြးအသင္း ဘက္ေပါင္းစံုကေန အသာစီးရယူႏိုင္ခဲ့ေပမယ့္ လိုအပ္ေနတဲ့ သြင္းဂိုးေတြကိုေတာ့ အဓိက တိုက္စစ္မွဴးေတြ အသံုးမခ်ႏိုင္ခဲ့လို႔ အေစာပိုင္းမွာ တိုက္စစ္မွဴး ဆြာရက္ဇ္ သြင္းယူခဲ့တဲ့ တစ္လံုးတည္းေသာ ဂိုးနဲ႔ က်ဥ္းေျမာင္းတဲ့ (၁-၀)ဆိုတဲ့ ရလဒ္နဲ႔ပဲ အႏိုင္ရခဲ့တယ္။

Uruguay-Vs-Saudi

Uruguay-Vs-Saudi

ႏိုင္ငံအသင္းနဲ႔ ပြဲ (၁၀၀)ျပည့္ေျမာက္တဲ့ တိုက္စစ္မွဴး ဆြာရက္ဇ္ အသင္းအတြက္ ရာျပည့္ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ဖို႔ အေစာပိုင္းကတည္းက အစြမ္းကုန္ ႀကိဳးပမ္းလာခဲ့တယ္။ ဒီလို အားထုတ္မႈေတြေၾကာင့္လည္း ပြဲကစားခ်ိန္ (၂၃)မိနစ္မွုာ ကြင္းလယ္လူ ဆန္းခ်က္ဇ္ရဲ႕ ေထာင့္ကန္ေဘာကေန ရရွိလာတဲ့ အခြင့္အေရးကို ဆြာရက္ဇ္က Volley ကန္ခ်က္နဲ႔ အေကာင္းဆံုး အဆံုးသတ္ခဲ့ၿပီး ဒီေန႔ပြဲရဲ႕ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တယ္။ ေနာက္ပိုင္း ပြဲခ်ိန္ေတြမွာ ဥရုေဂြးအသင္း အပိုင္အခြင့္အေရးေတြ ထပ္မံရရွိခဲ့ေပမယ့္ တိုက္စစ္မွဴးေတြ အဆံုးသတ္ အားနည္းခဲ့လို႔ (၁-၀)ဂိုးဆိုတဲ့ က်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့တယ္။ ဥရုေဂြးအသင္း ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ အုပ္စုပထမေနရာအတြက္ ေနာက္ဆံုးပြဲစဥ္မွာ အိမ္ရွင္ ရုရွားအသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားသြားရမွာျဖစ္ၿပီး အႏုိင္ရရွိမွာသာ အုပ္စု ထိပ္ဆံုးေနရာကို ရရွိမွာျဖစ္ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဆွာရက်ဇ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ နောက်တစ်ဆင့် သေချာခဲ့တဲ့ ဥရုဂွေး

ဥရုဂွေးတို့ အနိုင်ရရင်ကို နောက်တစ်ဆင့်အတွက် သေချာနေခဲ့လို့ အားကုန် မထုတ်ခဲ့တာလားလို့ မေးခွန်းထုတ်စရာတော့ ဖြစ်ခဲ့တယ်။ အနိုင်ရလဒ်က အရေးပါနေလို့ ဆွာရက်ဇ်၊ ကာဗာနီ အစရှိတဲ့ နာမည်ကျော် ကစားသမား အစုံအလင်နဲ့ ဥရုဂွေးပွဲထွက်လာခဲ့တယ်။ နောက်ဆုံး ပွဲစဉ်မှာ အုပ်စု ပထမနေရာလုရမယ့် အိမ်ရှင် ရုရှားအသင်း (၅)ဂိုး သွင်းယူထားတဲ့ ဆော်ဒီအသင်း ဒီနေ့ပွဲစဉ်မှာလည်း ဥရုဂွေးအသင်းကိုလည်း အဖက်ဖက်က ယှဉ်မကစားနိုင်ခဲ့ဘူး။ ဥရုဂွေးအသင်း ဘက်ပေါင်းစုံကနေ အသာစီးရယူနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေကိုတော့ အဓိက တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့လို့ အစောပိုင်းမှာ တိုက်စစ်မှူး ဆွာရက်ဇ် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ကျဉ်းမြောင်းတဲ့ (၁-ဝ)ဆိုတဲ့ ရလဒ်နဲ့ပဲ အနိုင်ရခဲ့တယ်။

Luis-Suarez-Goal-Celebrates

Luis-Suarez-Goal-Celebrates

နိုင်ငံအသင်းနဲ့ ပွဲ (၁၀၀)ပြည့်မြောက်တဲ့ တိုက်စစ်မှူး ဆွာရက်ဇ် အသင်းအတွက် ရာပြည့်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ အစောပိုင်းကတည်းက အစွမ်းကုန် ကြိုးပမ်းလာခဲ့တယ်။ ဒီလို အားထုတ်မှုတွေကြောင့်လည်း ပွဲကစားချိန် (၂၃)မိနစ်မှုာ ကွင်းလယ်လူ ဆန်းချက်ဇ်ရဲ့ ထောင့်ကန်ဘောကနေ ရရှိလာတဲ့ အခွင့်အရေးကို ဆွာရက်ဇ်က Volley ကန်ချက်နဲ့ အကောင်းဆုံး အဆုံးသတ်ခဲ့ပြီး ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တယ်။ နောက်ပိုင်း ပွဲချိန်တွေမှာ ဥရုဂွေးအသင်း အပိုင်အခွင့်အရေးတွေ ထပ်မံရရှိခဲ့ပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ် အားနည်းခဲ့လို့ (၁-ဝ)ဂိုးဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။ ဥရုဂွေးအသင်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပေမယ့် အုပ်စုပထမနေရာအတွက် နောက်ဆုံးပွဲစဉ်မှာ အိမ်ရှင် ရုရှားအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာဖြစ်ပြီး အနိုင်ရရှိမှာသာ အုပ်စု ထိပ်ဆုံးနေရာကို ရရှိမှာဖြစ်ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com