This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အိမ္ရွင္ ရုရွားကို ဂိုးျပတ္အႏိုင္ကစားၿပီး အုပ္စုပထမေနရာကို အရယူခဲ့တဲ့ ဥရုေဂြး

(၂)သင္းစလံုး (၂)ပြဲစီ အႏိုင္ကစားၿပီး အုပ္စုေနာက္တစ္ဆင့္ကို တက္ေရာက္ၿပီးျဖစ္ေပမယ့္ အုပ္စုပထမေနရာအတြက္ အေရးပါေနတဲ့ ပြဲစဥ္ျဖစ္လို႔ အဓိက ကစားသမား အစံုအလင္နဲ႔ အႀကိတ္အနယ္ရွိခဲ့တယ္။ ၿပီးခဲ့တဲ့ အုပ္စုပြဲစဥ္ေတြမွာ ေျခစြမ္းျပခဲ့တဲ့ ရုရွားတိုက္စစ္ပိုင္းက ဒီေန႔ပြဲမွာေတာ့ ေပးဂိုးမရွိေသးတဲ့ ဥရုေဂြးခံစစ္ကို မေက်ာ္ျဖတ္ႏိုင္ခဲ့လို႔ (၃-၀)ဂိုးဆိုတဲ့ရလဒ္နဲ႔ အိမ္ကြင္း ပရိသတ္ေတြေရွ႕ေမွာက္မွာ ဂိုးျပတ္ အရံႈးေပးခဲ့ရတယ္။ ရုရွားအသင္း ေျခစြမ္းကို စမ္းသပ္ခဲ့တဲ့ ပြဲျဖစ္ၿပီး သူတို႔ရဲ႕ အစစ္အမွန္ ေျခစြမ္ဘာလဲဆိုတာ ျမင္ေတြ႕ခဲ့ရတယ္။ အုပ္စုတြင္းမွာ ပါဝင္တဲ့ အသင္းေတြထဲမွာ တစ္သင္းထဲေသာ အင္အားႀကီးအသင္းနဲ႔ ရင္ဆိုင္ခဲ့တဲ့ ပြဲမွာေတာ့ ဘာတစ္ခုမွ ေလာက္ေလာက္လားလား မလုပ္ျပႏိုင္ခဲ့ဘူး။ ဥရုေဂြးအသင္းကေတာ့ အုပ္စု (၃)ပြဲကစားရာမွာ (၃)ပြဲစလံုး အႏိုင္ကစားၿပီး ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ အုပ္စုပထမေနရာကို အရယူခဲ့သလို ခံစစ္ပိုင္းကလည္း တစ္ပြဲမွ ဂိုးမေပးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္။ ၿပီးခဲ့တဲ့ (၂)ပြဲမွာ တစ္ပြဲ တစ္ဂိုးႏႈန္းပဲ သြင္းယူထားႏိုင္တဲ့ တိုက္စစ္ပိုင္းက အိမ္ရွင္အသင္းနဲ႔ ရင္ဆိုင္ရာမွာေတာ့ သူတို႔ရဲ႕ အစြမ္းေတြကို ထုတ္ျပႏိုင္ခဲ့တယ္။ ေနာက္ဆံုးကစားခဲ့တဲ့ ေဆာ္ဒီနဲ႔ ပြဲက ကစားကြက္ကို လူစာရင္း (၄)ေနရာအထိ အေျပာင္းအလဲလုပ္ၿပီး (၃-၅-၂)ပံုစံနဲ႔ ပြဲထြက္လာခဲ့တယ္။ ဒီကစားပံုေၾကာင့္ ဆြာရက္ဇ္၊ ကာဗာနီ ဦးေဆာင္တဲ့ တုိက္စစ္ပိုင္းက တိုက္စစ္လမ္းေၾကာင္းေတြ ပိုမိုရွာေဖြႏိုင္ခဲ့တယ္။

Suarez-Free-kick-goal

Suarez-Free-kick-goal

ပြဲအစကတည္းက အုပ္စုပထမေနရာကို အရယူႏိုင္ဖို႔ အိမ္ရွင္အသင္းဘက္ကို ဥရုေဂြးအသင္း ဖိအားေပးကစားခဲ့ၿပီး ပြဲအစ (၁၀)မိနစ္မွာပဲ ဦးေဆာင္ဂိုးကို ရရွိခဲ့တယ္။ ကြင္းလယ္လူ ဘန္တန္ကြာေၾကာင့္ ပယ္နယ္တီဧရိယာထိပ္မွာရရွိတဲ့ ဖရီးကစ္ကို ဆြာရက္ဇ္က လူတံတိုင္းေဘးကေန ေသသပ္လွပတဲ့ ေဝ့ဝိုက္ကန္ခ်က္နဲ႔ သြင္းယူေပးခဲ့တာျဖစ္တယ္။ ပြဲကစားခ်ိန္ (၂၃)မိနစ္အေရာက္မွာေတာ့ ဥရုေဂြးအသင္း ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့တယ္။ ေနာက္ခံလူ လာေဆာ့တ္ရဲ႕ ကန္ခ်က္က ရုရွားကြင္းလယ္လူ ရွရီရွက္ဗ္နဲ႔ ထိကာ လမ္းေၾကာင္းေျပာင္းၿပီး ဂိုးဝင္သြားခဲ့လို႔ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ရရွိခဲ့တယ္။ ဦးေဆာင္ဂိုး (၂)ဂိုး ခြင့္ျပဳလုိက္ရတဲ့ ေနာက္ပိုင္းမွာေတာ့ ရုရွားအသင္း တိုက္စစ္ ျပန္လည္စတင္ဖို႔ ႀကိဳးပမ္းမႈေတြ ရွိခဲ့ေပမယ့္ ေျခစြမ္းပိုင္း ကြာဟမႈေတြရွိေနလို႔ ႀကိဳးစားသမွ်ကေတာ့ အရာမထင္ခဲ့ပါဘူး။ ပြဲကစားခ်ိန္ (၃၆)မိနစ္အေရာက္မွာ ကစားပံုၾကမ္းတမ္းခဲ့တဲ့ ရုရွားညာေနာက္ခံလူ စေမာလ္နီေကာ့ဗ္ (၂)ဝါ၊ (၁)နီနဲ႔ ထုတ္ပယ္ခံခဲ့ရလို႔ ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ ကစားသမား တစ္ေယာက္ေလ်ာ႔နဲ႔ ကစားခဲ့ရတယ္။ စေမာလ္နီေကာ့္ဗ္ဟာ (၈)မိနစ္အတြင္းမွာပဲ အဝါကတ္ (၂)ႀကိမ္ ျပသခံခဲ့ရၿပီး ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

Smolnikov-is-booked-for-the-second-time-and-recieve-a-red-card

Smolnikov-is-booked-for-the-second-time-and-recieve-a-red-card

ဒုတိယပိုင္းမွာေတာ့ (၂)ဂိုးျပတ္ဦးေဆာင္ထားႏိုင္တဲ့အျပင္ ကစားသမား တစ္ေယာက္အသာရေနတဲ့ ဥရုေဂြးအသင္းက ကစားအားေလ်ာ႔ခ်ခဲ့လို႔ ရုရွားအသင္း တစ္ေက်ာ႔ျပန္ ဖိအားေပးမႈေတြ ျပဳလုပ္လာႏိုင္ခဲ့တယ္။ ရုရွားအသင္းရဲ႕ ထိုးေဖာက္မႈေတြက အသင္းေခါင္းေဆာင္ ဂိုဒင္ ဦးေဆာင္တဲ့ ဥရုေဂြးခံစစ္ေၾကာင္းကို ေက်ာ္ျဖတ္ႏုိင္ျခင္းမရွိလို႔ ေခ်ပဂိုး ျပန္လည္ရယူဖို႔ ခက္ခဲခဲ့တယ္။ ပဲြကစားခ်ိန္ မိနစ္ (၉၀)မွာေတာ့ ဥရုေဂြးအသင္းအတြက္ ပြဲသိမ္း အႏိုင္ဂိုးကို တိုက္စစ္မွဴး ကာဗာနီက ရရွိလာတဲ့ အခြင့္အေရးကေန အမွားအယြင္းမရွိ ပိတ္သြင္းၿပီး ဂိုးျပတ္အႏိုင္ရလဒ္ကို ရယူေပးခဲ့တယ္။ ေနာက္ဆံုးမိနစ္မွာ ရရွိတဲ့ ေထာင့္ကန္ေဘာကေန အသင္းေခါင္းေဆာင္ ဂိုဒင္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမား အကင္ဖိဗ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္လွ်ံထြက္လာတဲ့ ေဘာလံုးကို ကာဗာနီက အပိုင္ပိတ္သြင္းခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကိုေတာ့ ဥရုေဂြးအသင္းအတြက္ အဖြင့္ဂိုးကို ဖရီးကစ္ကန္ခ်က္ကေန သြင္းယူေပးခဲ့တဲ့ တိုက္စစ္မွဴး ဆြာရက္ဇ္က ရရွိခဲ့ပါတယ္။ အုပ္စု (က)ပြဲစဥ္ေတြ ၿပီးဆံုးခ်ိန္မွာ ဥရုေဂြးအသင္းက ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ အုပ္စုပထမေနရာကို ႏုိင္ခဲ့ၿပီး အုပ္စု (ခ)က အုပ္စုဒုတိယေနရာရရွိတဲ့ အသင္းနဲ႔ ရံႈးထြက္ (၁၆)သင္းအဆင့္မွာ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

Photo:Evening Standard, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အိမ်ရှင် ရုရှားကို ဂိုးပြတ်အနိုင်ကစားပြီး အုပ်စုပထမနေရာကို အရယူခဲ့တဲ့ ဥရုဂွေး

(၂)သင်းစလုံး (၂)ပွဲစီ အနိုင်ကစားပြီး အုပ်စုနောက်တစ်ဆင့်ကို တက်ရောက်ပြီးဖြစ်ပေမယ့် အုပ်စုပထမနေရာအတွက် အရေးပါနေတဲ့ ပွဲစဉ်ဖြစ်လို့ အဓိက ကစားသမား အစုံအလင်နဲ့ အကြိတ်အနယ်ရှိခဲ့တယ်။ ပြီးခဲ့တဲ့ အုပ်စုပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့တဲ့ ရုရှားတိုက်စစ်ပိုင်းက ဒီနေ့ပွဲမှာတော့ ပေးဂိုးမရှိသေးတဲ့ ဥရုဂွေးခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့လို့ (၃-ဝ)ဂိုးဆိုတဲ့ရလဒ်နဲ့ အိမ်ကွင်း ပရိသတ်တွေရှေ့မှောက်မှာ ဂိုးပြတ် အရှုံးပေးခဲ့ရတယ်။ ရုရှားအသင်း ခြေစွမ်းကို စမ်းသပ်ခဲ့တဲ့ ပွဲဖြစ်ပြီး သူတို့ရဲ့ အစစ်အမှန် ခြေစွမ်ဘာလဲဆိုတာ မြင်တွေ့ခဲ့ရတယ်။ အုပ်စုတွင်းမှာ ပါဝင်တဲ့ အသင်းတွေထဲမှာ တစ်သင်းထဲသော အင်အားကြီးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲမှာတော့ ဘာတစ်ခုမှ လောက်လောက်လားလား မလုပ်ပြနိုင်ခဲ့ဘူး။ ဥရုဂွေးအသင်းကတော့ အုပ်စု (၃)ပွဲကစားရာမှာ (၃)ပွဲစလုံး အနိုင်ကစားပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုပထမနေရာကို အရယူခဲ့သလို ခံစစ်ပိုင်းကလည်း တစ်ပွဲမှ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ (၂)ပွဲမှာ တစ်ပွဲ တစ်ဂိုးနှုန်းပဲ သွင်းယူထားနိုင်တဲ့ တိုက်စစ်ပိုင်းက အိမ်ရှင်အသင်းနဲ့ ရင်ဆိုင်ရာမှာတော့ သူတို့ရဲ့ အစွမ်းတွေကို ထုတ်ပြနိုင်ခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ ဆော်ဒီနဲ့ ပွဲက ကစားကွက်ကို လူစာရင်း (၄)နေရာအထိ အပြောင်းအလဲလုပ်ပြီး (၃-၅-၂)ပုံစံနဲ့ ပွဲထွက်လာခဲ့တယ်။ ဒီကစားပုံကြောင့် ဆွာရက်ဇ်၊ ကာဗာနီ ဦးဆောင်တဲ့ တိုက်စစ်ပိုင်းက တိုက်စစ်လမ်းကြောင်းတွေ ပိုမိုရှာဖွေနိုင်ခဲ့တယ်။

Suarez-Free-kick-goal

Suarez-Free-kick-goal

ပွဲအစကတည်းက အုပ်စုပထမနေရာကို အရယူနိုင်ဖို့ အိမ်ရှင်အသင်းဘက်ကို ဥရုဂွေးအသင်း ဖိအားပေးကစားခဲ့ပြီး ပွဲအစ (၁၀)မိနစ်မှာပဲ ဦးဆောင်ဂိုးကို ရရှိခဲ့တယ်။ ကွင်းလယ်လူ ဘန်တန်ကွာကြောင့် ပယ်နယ်တီဧရိယာထိပ်မှာရရှိတဲ့ ဖရီးကစ်ကို ဆွာရက်ဇ်က လူတံတိုင်းဘေးကနေ သေသပ်လှပတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်တယ်။ ပွဲကစားချိန် (၂၃)မိနစ်အရောက်မှာတော့ ဥရုဂွေးအသင်း ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့တယ်။ နောက်ခံလူ လာဆော့တ်ရဲ့ ကန်ချက်က ရုရှားကွင်းလယ်လူ ရှရီရှက်ဗ်နဲ့ ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့လို့ ဒုတိယမြောက် ဦးဆောင်ဂိုးကို ရရှိခဲ့တယ်။ ဦးဆောင်ဂိုး (၂)ဂိုး ခွင့်ပြုလိုက်ရတဲ့ နောက်ပိုင်းမှာတော့ ရုရှားအသင်း တိုက်စစ် ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် ခြေစွမ်းပိုင်း ကွာဟမှုတွေရှိနေလို့ ကြိုးစားသမျှကတော့ အရာမထင်ခဲ့ပါဘူး။ ပွဲကစားချိန် (၃၆)မိနစ်အရောက်မှာ ကစားပုံကြမ်းတမ်းခဲ့တဲ့ ရုရှားညာနောက်ခံလူ စမောလ်နီကော့ဗ် (၂)ဝါ၊ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ နောက်ပိုင်းပွဲချိန်တွေမှာ ကစားသမား တစ်ယောက်လျော့နဲ့ ကစားခဲ့ရတယ်။ စမောလ်နီကော့်ဗ်ဟာ (၈)မိနစ်အတွင်းမှာပဲ အဝါကတ် (၂)ကြိမ် ပြသခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

Smolnikov-is-booked-for-the-second-time-and-recieve-a-red-card

Smolnikov-is-booked-for-the-second-time-and-recieve-a-red-card

ဒုတိယပိုင်းမှာတော့ (၂)ဂိုးပြတ်ဦးဆောင်ထားနိုင်တဲ့အပြင် ကစားသမား တစ်ယောက်အသာရနေတဲ့ ဥရုဂွေးအသင်းက ကစားအားလျော့ချခဲ့လို့ ရုရှားအသင်း တစ်ကျော့ပြန် ဖိအားပေးမှုတွေ ပြုလုပ်လာနိုင်ခဲ့တယ်။ ရုရှားအသင်းရဲ့ ထိုးဖောက်မှုတွေက အသင်းခေါင်းဆောင် ဂိုဒင် ဦးဆောင်တဲ့ ဥရုဂွေးခံစစ်ကြောင်းကို ကျော်ဖြတ်နိုင်ခြင်းမရှိလို့ ချေပဂိုး ပြန်လည်ရယူဖို့ ခက်ခဲခဲ့တယ်။ ပွဲကစားချိန် မိနစ် (၉၀)မှာတော့ ဥရုဂွေးအသင်းအတွက် ပွဲသိမ်း အနိုင်ဂိုးကို တိုက်စစ်မှူး ကာဗာနီက ရရှိလာတဲ့ အခွင့်အရေးကနေ အမှားအယွင်းမရှိ ပိတ်သွင်းပြီး ဂိုးပြတ်အနိုင်ရလဒ်ကို ရယူပေးခဲ့တယ်။ နောက်ဆုံးမိနစ်မှာ ရရှိတဲ့ ထောင့်ကန်ဘောကနေ အသင်းခေါင်းဆောင် ဂိုဒင်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား အကင်ဖိဗ် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ကာဗာနီက အပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ဥရုဂွေးအသင်းအတွက် အဖွင့်ဂိုးကို ဖရီးကစ်ကန်ချက်ကနေ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်က ရရှိခဲ့ပါတယ်။ အုပ်စု (က)ပွဲစဉ်တွေ ပြီးဆုံးချိန်မှာ ဥရုဂွေးအသင်းက ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုပထမနေရာကို နိုင်ခဲ့ပြီး အုပ်စု (ခ)က အုပ်စုဒုတိယနေရာရရှိတဲ့ အသင်းနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Photo:Evening Standard, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com