This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကာဗာနီရဲ႕ သြင္းဂိုးေတြနဲ႔ ဥေရာပခ်န္ပီယံအသင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ဥရုေဂြး

ဥရုေဂြးတိုက္စစ္မွဴး ကာဗာနီရဲ႕ သြင္းဂိုးေတြေၾကာင့္ ဥေရာပခ်န္ပီယံ ေပၚတူဂီအသင္းရဲ႕ ကမၻာ႔ဖလားအိပ္မက္ေတြ (၁၆)သင္း ရံႈးထြက္အဆင့္နဲ႔တင္ ရပ္တန္႔သြားခဲ့တယ္။ ပံုစံေကာင္းေတြ ျပေနေသးေပမယ့္ အသက္အရြယ္အရ ေနာက္ဆံုးကမၻာ႔ဖလား ျဖစ္လာဖို႔ ရွိေနတဲ့ စီေရာ္နယ္လ္ဒိုရဲ႕ ေမွ်ာ္လင့္ခ်က္ေတြလည္း ေပ်ာက္ဆံုးသြားခဲ့တယ္။ ေရွ႕၊ လယ္၊ ေနာက္ ပံုစံေကာင္းေတြကို ျပသေနၿပီး ေပးဂိုးမဲ့ ရာႏႈန္းျပည့္ႏိုင္ပြဲ မွတ္တမ္းေကာင္းေတြနဲ႔ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္လာတဲ့ ဥရုေဂြးအသင္းရဲ႕ လက္ရွိေျခစြမ္းပိုင္းက အျမင့္ဆံုးအေနအထားကို ေရာက္ေနတယ္။ သူတို႔ရဲ႕ ပံုစံေကာင္းေတြကို ေပၚတူဂီနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ရံႈးထြက္ပြဲစဥ္မွာလည္း ဆက္ထိန္းထားႏိုင္ခဲ့ၿပီး (၂-၁)ဂိုးဆိုတဲ့ ရလဒ္နဲ႔ ဥေရာပခ်န္ပီယံေတြကို ေက်ာ္ျဖတ္ခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္အျဖစ္ စတင္က်င္းပခဲ့တဲ့ ၁၉၃၀ ၿပိဳင္ပြဲေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ (၄)ပြဲဆက္ႏိုင္ပြဲကို ဥရုေဂြးအသင္း ရယူႏိုင္ခဲ့တယ္။

Cavani-is-perfectly-placed-to-bullet-home-an-unstoppable-header

Cavani-is-perfectly-placed-to-bullet-home-an-unstoppable-header

(၂)သင္းစလံုး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔ အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး မာေက်ာတဲ့ ကစားဟန္ျခင္း ဆင္တူတဲ့ အသင္းေတြျဖစ္လို႔ ပြဲကၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့တယ္။ ပံုစံေကာင္းျပေနတဲ့ ဥရုေဂြးခံစစ္ေၾကာင္းက စီေရာ္နယ္လ္ဒိုကို အေကာင္းဆံုးထိန္းခ်ဳပ္ႏိုင္ခဲ့လို႔ ေပၚတူဂီတိုက္စစ္က ပြဲကစားခ်ိန္ေတာ္ေတာ္မ်ားမ်ား အသက္မဲ့ေနခဲ့တယ္။ ဆြာရက္ဇ္နဲ႔ ကာဗာနီတို႔ ဦးေဆာင္လာတဲ့ ဥရုေဂြးတိုက္စစ္ပိုင္းက ေပၚတူဂီခံစစ္ေၾကာင္းကို ပြဲအစကတည္းက ဖိအားေပးဖို႔ ႀကိဳးပမ္းလာခဲ့တယ္။ အရြယ္လြန္ ကစားသမားေတြ မ်ားေနတဲ့ ေပၚတူဂီခံစစ္ေၾကာင္းက ဆြာရက္ဇ္နဲ႔ ကာဗာနီတို႔ကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲခဲ့ၿပီး ပြဲအစ (၇)မိနစ္မွာတင္ ကာဗာနီရဲ႕ ဦးေဆာင္ဂိုးကို ခြင့္ျပဳေပးလုိက္ရတယ္။ ဘယ္ေတာင္ပံကေန ဆြာရက္ဇ္ရဲ႕ တိက်တဲ့ ဖန္တီးေပးပို႔မႈကို လူကပ္မခံထားရတဲ့ ကာဗာနီက ေခါင္းတိုက္သြင္းယူေပးခဲ့တာျဖစ္တယ္။ ဦးေဆာင္ဂိုး ရရွိၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ ဥရုေဂြးအသင္း ေခ်ပဂိုးျပန္မေပးရဖို႔အတြက္ တိုက္စစ္အားကို ေလ်ာ႔ခ်ခဲ့ၿပီး ခံစစ္ကို အနည္းငယ္ အသားေပးကစားခဲ့တယ္။ ပထမပိုင္းၿပီးဆံုးခ်ိန္မွာ ေပၚတူဂီအသင္းရဲ႕ ေဘာလံုးပိုင္ဆိုင္မႈက (၆၀) ရာခိုင္ႏႈန္းအထိ ရွိခဲ့ေပမယ့္ ၿပိဳင္ဘက္အသင္း ခံစစ္ေၾကာင္းကို ထိုးေဖာက္ဖို႔ထက္ ကြင္းလယ္မွာသာ အိုင္ေနခဲ့တယ္။

Portugal-captain-Ronaldo

Portugal-captain-Ronaldo

ဒုတိယပိုင္းကေတာ့ ပထမပိုင္းထက္ ပိုမိုအႀကိတ္အနယ္ရွိလာခဲ့ၿပီး ကစားသမားေတြရဲ႕ ၿပိဳင္ဆိုင္မႈက ျပင္းထန္လာခဲ့တယ္။ ေပၚတူဂီအသင္း ေခ်ပဂိုးရရွိဖို႔ တိုက္စစ္ဖြင့္ကစားလာခဲ့ၿပီး ပြဲကစားခ်ိန္ (၅၅)မိနစ္မွာ ေနာက္ခံလူ ပီပီရဲ႕ ေခါင္းတိုက္ဂိုးေၾကာင့္ ေခ်ပဂိုးျပန္လည္ရရွိခဲ့တယ္။ ေပၚတူဂီအသင္းရဲ႕ ေခ်ပဂိုးက ၾကာၾကာမခံလိုက္ဘဲ ပြဲကစားခ်ိန္ (၆၂)မိနစ္အေရာက္မွာပဲ ကာဗာနီက ဥရုေဂြးအတြက္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူေပးခဲ့တယ္။ ပယ္နယ္တီဧရိယာ ထိပ္နားကေန ေပၚတူဂီဂိုးသမား ပတ္ထရီစီယိုရဲ႕ ဘယ္ဘက္ေထာင့္ကို လွလွပပ ေဝ့ဝိုက္ၿပီး ကန္သြင္းယူခဲ့တာျဖစ္တယ္။ ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ ဥရုေဂြးအသင္းက ဂိုးမေပးရဖို႔အတြက္ ခံစစ္ကို အားျပဳကစားခဲ့လို႔ ေပၚတူဂီအသင္း ဖိအားေပး တိုက္စစ္ဆင္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ပံုစံေကာင္းျပေနတဲ့ ဂိုဒင္နဲ႔ ဟီမီနက္ဇ္တို႔ရဲ႕ ခံစစ္ေၾကာင္းနဲ႔ ဂိုးသမား မူဆလီယာတို႔ကို ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိလို႔ ရံႈးပြဲႀကံဳေတြ႔ခဲ့ရၿပီး (၁၆)သင္း ရံႈးထြက္အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတယ္။ ဥရုေဂြးအသင္းကေတာ့ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ အာဂ်င္တီးနားအသင္းကို ေက်ာ္ျဖတ္လာတဲ့ ျပင္သစ္အသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကာဗာနီရဲ့ သွင်းဂိုးတွေနဲ့ ဥရောပချန်ပီယံအသင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဥရုဂွေး

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီရဲ့ သွင်းဂိုးတွေကြောင့် ဥရောပချန်ပီယံ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလားအိပ်မက်တွေ (၁၆)သင်း ရှုံးထွက်အဆင့်နဲ့တင် ရပ်တန့်သွားခဲ့တယ်။ ပုံစံကောင်းတွေ ပြနေသေးပေမယ့် အသက်အရွယ်အရ နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်လာဖို့ ရှိနေတဲ့ စီရော်နယ်လ်ဒိုရဲ့ မျှော်လင့်ချက်တွေလည်း ပျောက်ဆုံးသွားခဲ့တယ်။ ရှေ့၊ လယ်၊ နောက် ပုံစံကောင်းတွေကို ပြသနေပြီး ပေးဂိုးမဲ့ ရာနှုန်းပြည့်နိုင်ပွဲ မှတ်တမ်းကောင်းတွေနဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်လာတဲ့ ဥရုဂွေးအသင်းရဲ့ လက်ရှိခြေစွမ်းပိုင်းက အမြင့်ဆုံးအနေအထားကို ရောက်နေတယ်။ သူတို့ရဲ့ ပုံစံကောင်းတွေကို ပေါ်တူဂီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရှုံးထွက်ပွဲစဉ်မှာလည်း ဆက်ထိန်းထားနိုင်ခဲ့ပြီး (၂-၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ ဥရောပချန်ပီယံတွေကို ကျော်ဖြတ်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့တဲ့ ၁၉၃၀ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် (၄)ပွဲဆက်နိုင်ပွဲကို ဥရုဂွေးအသင်း ရယူနိုင်ခဲ့တယ်။

Cavani-is-perfectly-placed-to-bullet-home-an-unstoppable-header

Cavani-is-perfectly-placed-to-bullet-home-an-unstoppable-header

(၂)သင်းစလုံး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး မာကျောတဲ့ ကစားဟန်ခြင်း ဆင်တူတဲ့ အသင်းတွေဖြစ်လို့ ပွဲကပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ်။ ပုံစံကောင်းပြနေတဲ့ ဥရုဂွေးခံစစ်ကြောင်းက စီရော်နယ်လ်ဒိုကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့လို့ ပေါ်တူဂီတိုက်စစ်က ပွဲကစားချိန်တော်တော်များများ အသက်မဲ့နေခဲ့တယ်။ ဆွာရက်ဇ်နဲ့ ကာဗာနီတို့ ဦးဆောင်လာတဲ့ ဥရုဂွေးတိုက်စစ်ပိုင်းက ပေါ်တူဂီခံစစ်ကြောင်းကို ပွဲအစကတည်းက ဖိအားပေးဖို့ ကြိုးပမ်းလာခဲ့တယ်။ အရွယ်လွန် ကစားသမားတွေ များနေတဲ့ ပေါ်တူဂီခံစစ်ကြောင်းက ဆွာရက်ဇ်နဲ့ ကာဗာနီတို့ကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပြီး ပွဲအစ (၇)မိနစ်မှာတင် ကာဗာနီရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးလိုက်ရတယ်။ ဘယ်တောင်ပံကနေ ဆွာရက်ဇ်ရဲ့ တိကျတဲ့ ဖန်တီးပေးပို့မှုကို လူကပ်မခံထားရတဲ့ ကာဗာနီက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်တယ်။ ဦးဆောင်ဂိုး ရရှိပြီးတဲ့နောက်ပိုင်းမှာတော့ ဥရုဂွေးအသင်း ချေပဂိုးပြန်မပေးရဖို့အတွက် တိုက်စစ်အားကို လျော့ချခဲ့ပြီး ခံစစ်ကို အနည်းငယ် အသားပေးကစားခဲ့တယ်။ ပထမပိုင်းပြီးဆုံးချိန်မှာ ပေါ်တူဂီအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက (၆၀) ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ပြိုင်ဘက်အသင်း ခံစစ်ကြောင်းကို ထိုးဖောက်ဖို့ထက် ကွင်းလယ်မှာသာ အိုင်နေခဲ့တယ်။

Portugal-captain-Ronaldo

Portugal-captain-Ronaldo

ဒုတိယပိုင်းကတော့ ပထမပိုင်းထက် ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး ကစားသမားတွေရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်လာခဲ့တယ်။ ပေါ်တူဂီအသင်း ချေပဂိုးရရှိဖို့ တိုက်စစ်ဖွင့်ကစားလာခဲ့ပြီး ပွဲကစားချိန် (၅၅)မိနစ်မှာ နောက်ခံလူ ပီပီရဲ့ ခေါင်းတိုက်ဂိုးကြောင့် ချေပဂိုးပြန်လည်ရရှိခဲ့တယ်။ ပေါ်တူဂီအသင်းရဲ့ ချေပဂိုးက ကြာကြာမခံလိုက်ဘဲ ပွဲကစားချိန် (၆၂)မိနစ်အရောက်မှာပဲ ကာဗာနီက ဥရုဂွေးအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တယ်။ ပယ်နယ်တီဧရိယာ ထိပ်နားကနေ ပေါ်တူဂီဂိုးသမား ပတ်ထရီစီယိုရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ဝေ့ဝိုက်ပြီး ကန်သွင်းယူခဲ့တာဖြစ်တယ်။ နောက်ပိုင်းပွဲချိန်တွေမှာ ဥရုဂွေးအသင်းက ဂိုးမပေးရဖို့အတွက် ခံစစ်ကို အားပြုကစားခဲ့လို့ ပေါ်တူဂီအသင်း ဖိအားပေး တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ပုံစံကောင်းပြနေတဲ့ ဂိုဒင်နဲ့ ဟီမီနက်ဇ်တို့ရဲ့ ခံစစ်ကြောင်းနဲ့ ဂိုးသမား မူဆလီယာတို့ကို ကျော်ဖြတ်နိုင်ခြင်းမရှိလို့ ရှုံးပွဲကြုံတွေ့ခဲ့ရပြီး (၁၆)သင်း ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဥရုဂွေးအသင်းကတော့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းကို ကျော်ဖြတ်လာတဲ့ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com