This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဥရုေဂြးကို အႏိုင္ကစားၿပီး (၆)ႀကိမ္ေျမာက္ ဆီမီးတက္ခဲ့တဲ့ ျပင္သစ္

၁၉၇၈ ေနာက္ပိုင္း ေတာင္အေမရိကအသင္းေတြနဲ႔ ရင္ဆိုင္ေတြ႔တိုင္း ရလဒ္ေကာင္းတဲ့ အစဥ္အလာကို ဒီပြဲမွာလည္း ျပင္သစ္တို႔ ဆက္ထိန္းႏိုင္ခဲ့တယ္။ ျပင္သစ္အသင္းဟာ သူတို႔ရဲ႕ မွတ္တမ္းေကာင္းကို ဆက္ထိန္းႏိုင္ခဲ့တာျဖစ္သလို ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဥရုေဂြးနဲ႔ ထိပ္တိုက္ေတြ႔တိုင္းအႏိုင္မရခဲ့တဲ ့မွတ္တမ္းဆိုးကို ေခ်ဖ်က္ျပႏိုင္ခဲ့တယ္။ ဒဏ္ရာျပႆနာေၾကာင့္ အဓိကတိုက္စစ္မွဴး ကာဗာနီ မပါဝင္ႏိုင္ခဲ့တာက ဥရုေဂြးအတြက္ ကံဆိုးဖို႔ျဖစ္ခဲ့တယ္။ က်န္ကစားသမား အစံုအလင္ပါဝင္ႏိုင္ခဲ့ေပမယ့္ တိုက္စစ္မွာ ဆြာရက္ဇ္ တစ္ေယာက္တည္း ရုန္းကန္ခဲ့ရတယ္။ ျပင္သစ္အသင္းကေတာ့ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ မာတြီဒီ မပါဝင္ႏိုင္ခဲ့တာကလြဲလို႔ က်န္ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့တယ္။

France-goalkeeper-Loris-save

France-goalkeeper-Loris-save

ပြဲအစပိုင္းမွာ ဥရုေဂြးအသင္း ေဘာလံုးကိုင္ကစားႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် ျပင္သစ္ခံစစ္ေၾကာင္းကို ထိုးေဖာက္ဖို႔ ခက္ခဲခဲ့တယ္။ ပြဲကစားခ်ိန္ မိနစ္ (၄၀)အေရာက္မွာေတာ့ ျပင္သစ္တို႔ ဦးေဆာင္ဂိုးကို ေနာက္ခံလူ ဗာရန္းရဲ႕ ေခါင္းတိုက္ခ်က္ကေန ရယူႏိုင္ခဲ့တယ္။ ျပစ္ဒဏ္ေဘာကေန ဂရစ္ဇ္မန္းရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဗာရန္းက ေျပးဝင္အဆံုးသတ္ခဲ့တာပါ။ ပထမပိုင္းၿပီးဆံုးခ်ိန္မွာေတာ့ ျပင္သစ္အသင္းက (၁-၀)ဂိုးနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တယ္။

Muslera-error-save

Muslera-error-save

ဒုတိယပိုင္းမွာေတာ့ ေခ်ပဂိုးျပန္လည္ရရွိဖို႔ ဥရုေဂြးအသင္း လူစားလဲမႈေတြျပဳလုပ္ၿပီး တိုက္စစ္ျမွင့္တင္လာခဲ့ေပမယ့္ ျပင္သစ္ခံစစ္ေၾကာင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။ ပြဲကစားခ်ိန္ (၆၁)မိနစ္အေရာက္မွာေတာ့ ျပင္သစ္တို႔ အႏုိင္ေသခ်ာေစမယ့္ သြင္းဂိုးကို ထပ္မံရရွိခဲ့တယ္။ ဂရစ္ဇ္မန္းရဲ႕ ကန္ခ်က္ကို ဥရုေဂြးဂိုးသမား မူဆလီယာ ကာကြယ္ခဲ့ရာမွာ လမ္းေၾကာင္းတြက္ဆပံု မွားယြင္းခဲ့လို႔ ျပင္သစ္အသင္း ဂိုးရရွိခဲ့တာျဖစ္ပါတယ္။ ပြဲကစားခ်ိန္ (၆၉)မိနစ္မွာ ႏွစ္ဖက္ကစားသမားေတြ အခ်င္းမ်ားခဲ့လို႔ ပြဲကို ေခတၱရပ္နားခဲ့ရၿပီး ဒီျဖစ္ရပ္မွာပါဝင္ခဲ့တဲ့ ဥရုေဂြးကြင္းလယ္လူ ခရစၥတီယန္ရိုဒရီဂြက္ဇ္နဲ႔ ဘာေပတို႔ အဝါကတ္ျပသခံခဲ့ရတယ္။ လက္က်န္မိနစ္ေတြမွာ ျပင္သစ္အသင္းက အႏိုင္ရလဒ္အတြက္ ပြဲကိုထိန္းကစားခဲ့လို႔ (၂-၀)ဂိုးနဲ႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့တယ္။

Man of The Match – Griezmann

Photo:FIFA.com, SI.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဥရုဂွေးကို အနိုင်ကစားပြီး (၆)ကြိမ်မြောက် ဆီမီးတက်ခဲ့တဲ့ ပြင်သစ်

၁၉၇၈ နောက်ပိုင်း တောင်အမေရိကအသင်းတွေနဲ့ ရင်ဆိုင်တွေ့တိုင်း ရလဒ်ကောင်းတဲ့ အစဉ်အလာကို ဒီပွဲမှာလည်း ပြင်သစ်တို့ ဆက်ထိန်းနိုင်ခဲ့တယ်။ ပြင်သစ်အသင်းဟာ သူတို့ရဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့တာဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးနဲ့ ထိပ်တိုက်တွေ့တိုင်းအနိုင်မရခဲ့တဲ့မှတ်တမ်းဆိုးကို ချေဖျက်ပြနိုင်ခဲ့တယ်။ ဒဏ်ရာပြဿနာကြောင့် အဓိကတိုက်စစ်မှူး ကာဗာနီ မပါဝင်နိုင်ခဲ့တာက ဥရုဂွေးအတွက် ကံဆိုးဖို့ဖြစ်ခဲ့တယ်။ ကျန်ကစားသမား အစုံအလင်ပါဝင်နိုင်ခဲ့ပေမယ့် တိုက်စစ်မှာ ဆွာရက်ဇ် တစ်ယောက်တည်း ရုန်းကန်ခဲ့ရတယ်။ ပြင်သစ်အသင်းကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မာတွီဒီ မပါဝင်နိုင်ခဲ့တာကလွဲလို့ ကျန်ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တယ်။

France-goalkeeper-Loris-save

France-goalkeeper-Loris-save

ပွဲအစပိုင်းမှာ ဥရုဂွေးအသင်း ဘောလုံးကိုင်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ပြင်သစ်ခံစစ်ကြောင်းကို ထိုးဖောက်ဖို့ ခက်ခဲခဲ့တယ်။ ပွဲကစားချိန် မိနစ် (၄၀)အရောက်မှာတော့ ပြင်သစ်တို့ ဦးဆောင်ဂိုးကို နောက်ခံလူ ဗာရန်းရဲ့ ခေါင်းတိုက်ချက်ကနေ ရယူနိုင်ခဲ့တယ်။ ပြစ်ဒဏ်ဘောကနေ ဂရစ်ဇ်မန်းရဲ့ ဖြတ်တင်ပေးပို့မှုကို ဗာရန်းက ပြေးဝင်အဆုံးသတ်ခဲ့တာပါ။ ပထမပိုင်းပြီးဆုံးချိန်မှာတော့ ပြင်သစ်အသင်းက (၁-ဝ)ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့တယ်။

Muslera-error-save

Muslera-error-save

ဒုတိယပိုင်းမှာတော့ ချေပဂိုးပြန်လည်ရရှိဖို့ ဥရုဂွေးအသင်း လူစားလဲမှုတွေပြုလုပ်ပြီး တိုက်စစ်မြှင့်တင်လာခဲ့ပေမယ့် ပြင်သစ်ခံစစ်ကြောင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲကစားချိန် (၆၁)မိနစ်အရောက်မှာတော့ ပြင်သစ်တို့ အနိုင်သေချာစေမယ့် သွင်းဂိုးကို ထပ်မံရရှိခဲ့တယ်။ ဂရစ်ဇ်မန်းရဲ့ ကန်ချက်ကို ဥရုဂွေးဂိုးသမား မူဆလီယာ ကာကွယ်ခဲ့ရာမှာ လမ်းကြောင်းတွက်ဆပုံ မှားယွင်းခဲ့လို့ ပြင်သစ်အသင်း ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၆၉)မိနစ်မှာ နှစ်ဖက်ကစားသမားတွေ အချင်းများခဲ့လို့ ပွဲကို ခေတ္တရပ်နားခဲ့ရပြီး ဒီဖြစ်ရပ်မှာပါဝင်ခဲ့တဲ့ ဥရုဂွေးကွင်းလယ်လူ ခရစ္စတီယန်ရိုဒရီဂွက်ဇ်နဲ့ ဘာပေတို့ အဝါကတ်ပြသခံခဲ့ရတယ်။ လက်ကျန်မိနစ်တွေမှာ ပြင်သစ်အသင်းက အနိုင်ရလဒ်အတွက် ပွဲကိုထိန်းကစားခဲ့လို့ (၂-ဝ)ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တယ်။

Man of The Match – Griezmann

Photo:FIFA.com, SI.com
Aung Kyaw Wai (Akhayar)
www.akhayar.com