This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဥရုေဂြး – ျပင္သစ္တို႔ကစားမယ့္ ကြာတားဖုိင္နယ္ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မွတ္တမ္းမ်ား

ဒဏ္ရာႏွင့္ ပဲြပယ္ျပႆနာ
ဒဏ္ရာျပႆနာ အနည္းငယ္ရွိေနတဲ့ ဥရုေဂြးအသင္းရဲ႕ အဓိကတိုက္စစ္မွဴး ကာဗာနီ Cavani လြဲေခ်ာ္ခဲ့ပါက စတူအာနီ Stuani ကို တိုက္စစ္မွာ အသံုးျပဳသြားဖို႔ရွိေနပါတယ္။ ျပင္သစ္အသင္းမွာေတာ့ ဒဏ္ရာရ ကစားသမား ကင္းစင္လ်က္ရွိေပမယ့္ ကြင္းလယ္လူ မာတြီဒီ Matuidi ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ဒီပြဲကို လြဲေခ်ာ္မွာပါ။ အုပ္စုအဖြင့္ပြဲအျဖစ္ ကစားခဲ့တဲ့ ၾသစေၾတးလ်အသင္းနဲ႔ ပြဲမွာ အသံုးျပဳခဲ့တဲ့ တိုလစ္ဆို Tolisso ကို ကြင္းလယ္မွာ အသံုးျပဳသြားဖို႔ရွိေနပါတယ္။

Uruguay-Vs-France

Uruguay-Vs-France

မွတ္တမ္းမ်ား
– သမိုင္းတစ္ေလွ်ာက္ (၈)ႀကိမ္အထိ ေတြ႔ဆံုခဲ့ဖူးၿပီး ျပင္သစ္အသင္းက (၁)ႀကိမ္သာ အႏိုင္ရရွိခဲ့တယ္။
– ကမၻာ႔ဖလားၿပိဳင္ပြဲမွာ (၃)ႀကိမ္ ထိပ္တိုက္ေတြ႔ဆံုခဲ့ၿပီး ဥရုေဂြးအသင္းက (၁)ပြဲအႏိုင္ရခဲ့ၿပီး က်န္ (၂)ပြဲကေတာ့ သေရရလဒ္နဲ႔ ၿပီးဆံုးခဲ့တယ္။
– ေတာင္အေမရိကအသင္းေတြနဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ (၉)ပြဲမွာ ျပင္သစ္အသင္း ရံႈးပြဲမရွိခဲ့ဘဲ (၅)ပြဲႏိုင္၊ (၄)ပြဲသေရ ရလဒ္ထြက္ေပၚထားခဲ့တယ္။
– ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တဲ့ ေနာက္ဆံုး (၄)ႀကိမ္မွာ ၂၀၁၄ ခုႏွစ္က ဂ်ာမနီအသင္းကို ရံႈးနိမ့္ခဲ့တဲ့ပြဲစဥ္သာ ျပင္သစ္တို႔ ရံႈးပြဲႀကံဳေတြ႔ခဲ့တယ္။

Uruguay-Vs-France-players

Uruguay-Vs-France-players

– ရံႈးထြက္ပြဲစဥ္ေတြ (ရံႈးထြက္အဆင့္မွ ဗိုလ္လုပြဲအထိ)အျဖစ္ ကစားခဲ့တဲ့ ေနာက္ဆံုး (၇)ပြဲမွာ ျပင္သစ္တို႔ (၆)ပြဲအထိ အႏိုင္ရရွိခဲ့ၿပီး (၆)ပြဲစလံုး မိနစ္ (၉၀)အတြင္းအေျဖ ထြက္ေပၚခဲ့တယ္။
– ၁၉၅၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ (၆)ဂိုးသြင္းယူခဲ့တဲ့ ဘရာဇီးလ္ဂႏၳဝင္တိုက္စစ္မွဴး ပီလီ Pele ေနာက္ပိုင္း ဂိုးအမ်ားဆံုး သြင္းယူႏိုင္တဲ့ လူငယ္ကစားသမားအျဖစ္ ဘာေပ Mbappe က မွတ္တမ္းဝင္ထားပါတယ္။
– ဥရုေဂြးအသင္း ေနာက္ဆံုး ရရွိထားတဲ့ သြင္းဂိုး (၃)ဂိုးစလံုးကို တိုက္စစ္မွဴး ကာဗာနီ Cavani တစ္ဦးထဲက သြင္းယူထားခဲ့တယ္။

REF:Sky Sports
Photo:Fc Naija, Sport Empire, Ijube
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဥရုဂွေး – ပြင်သစ်တို့ကစားမယ့် ကွာတားဖိုင်နယ်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်မှတ်တမ်းများ

ဒဏ်ရာနှင့် ပွဲပယ်ပြဿနာ
ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေတဲ့ ဥရုဂွေးအသင်းရဲ့ အဓိကတိုက်စစ်မှူး ကာဗာနီ Cavani လွဲချော်ခဲ့ပါက စတူအာနီ Stuani ကို တိုက်စစ်မှာ အသုံးပြုသွားဖို့ရှိနေပါတယ်။ ပြင်သစ်အသင်းမှာတော့ ဒဏ်ရာရ ကစားသမား ကင်းစင်လျက်ရှိပေမယ့် ကွင်းလယ်လူ မာတွီဒီ Matuidi ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို လွဲချော်မှာပါ။ အုပ်စုအဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ သြစတြေးလျအသင်းနဲ့ ပွဲမှာ အသုံးပြုခဲ့တဲ့ တိုလစ်ဆို Tolisso ကို ကွင်းလယ်မှာ အသုံးပြုသွားဖို့ရှိနေပါတယ်။

Uruguay-Vs-France

Uruguay-Vs-France

မှတ်တမ်းများ
– သမိုင်းတစ်လျှောက် (၈)ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး ပြင်သစ်အသင်းက (၁)ကြိမ်သာ အနိုင်ရရှိခဲ့တယ်။
– ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃)ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဥရုဂွေးအသင်းက (၁)ပွဲအနိုင်ရခဲ့ပြီး ကျန် (၂)ပွဲကတော့ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တယ်။
– တောင်အမေရိကအသင်းတွေနဲ့ နောက်ဆုံးကစားခဲ့တဲ့ (၉)ပွဲမှာ ပြင်သစ်အသင်း ရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲနိုင်၊ (၄)ပွဲသရေ ရလဒ်ထွက်ပေါ်ထားခဲ့တယ်။
– ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ နောက်ဆုံး (၄)ကြိမ်မှာ ၂၀၁၄ ခုနှစ်က ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်သာ ပြင်သစ်တို့ ရှုံးပွဲကြုံတွေ့ခဲ့တယ်။

Uruguay-Vs-France-players

Uruguay-Vs-France-players

– ရှုံးထွက်ပွဲစဉ်တွေ (ရှုံးထွက်အဆင့်မှ ဗိုလ်လုပွဲအထိ)အဖြစ် ကစားခဲ့တဲ့ နောက်ဆုံး (၇)ပွဲမှာ ပြင်သစ်တို့ (၆)ပွဲအထိ အနိုင်ရရှိခဲ့ပြီး (၆)ပွဲစလုံး မိနစ် (၉၀)အတွင်းအဖြေ ထွက်ပေါ်ခဲ့တယ်။
– ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၆)ဂိုးသွင်းယူခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ပီလီ Pele နောက်ပိုင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ လူငယ်ကစားသမားအဖြစ် ဘာပေ Mbappe က မှတ်တမ်းဝင်ထားပါတယ်။
– ဥရုဂွေးအသင်း နောက်ဆုံး ရရှိထားတဲ့ သွင်းဂိုး (၃)ဂိုးစလုံးကို တိုက်စစ်မှူး ကာဗာနီ Cavani တစ်ဦးထဲက သွင်းယူထားခဲ့တယ်။

REF:Sky Sports
Photo:Fc Naija, Sport Empire, Ijube
Aung Kyaw Wai (Akhayar)
www.akhayar.com