This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပထမဆံုး ကမၻာ႔ဖလားခ်န္ပီယံ ဥရုေဂြးအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

ဥရုေဂြးအသင္း
ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ပထမဆံုး အိမ္ရွင္ႏိုင္ငံျဖစ္သလို ပထမဆံုး ကမၻာ႔ဖလားခ်န္ပီယံဆိုတဲ့ ဂုဏ္ပုဒ္က ဥရုေဂြးကို လက္ရွိအခ်ိန္ထိ အသင္းတိုင္းက ထင္မေသးရဲ။ ကမၻာ႔လူဦးေရ အနည္းဆံုးႏိုင္ငံေတြထဲမွာ ကမၻာ႔ဖလားၿပိဳင္ပြဲကို အႀကိမ္အေရအတြက္ အမ်ားဆံုးအျဖစ္ (၁၂)ႀကိမ္အထိ ၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ရထားတယ္။ ၂၀၁၁ ခုႏွစ္မွာ ေကာက္ယူခဲ့တဲ့ စစ္တမ္းေတြအရ ကမၻာ႔ဖလားကို ရယူဖူးတဲ့ လူဦးေရအနည္းဆံုး ႏိုင္ငံအျဖစ္လည္း မွတ္တမ္း၀င္ထားပါတယ္။ အသင္းကို ၂၀၀၆ ခုႏွစ္ကတည္းက (၁၀)စုႏွစ္ တစ္ခုေက်ာ္ၾကာ တာ၀န္ယူခဲ့တဲ့ ၀ါရင့္နည္းျပ တာဘာရက္ဇ္ရဲ႕ လက္ေအာက္မွာ တိုက္စစ္ပိုင္းက ပံုစံေကာင္းျပေနသလို ဥေရာပမွာ က်င္လည္ေနတဲ့ အေကာင္းဆံုး တိုက္စစ္မွဴး စာရင္း၀င္ ကစားသမားေတြကို ပိုင္ဆိုင္ထားလို႔လည္း အသင္းတိုင္းက ေလ်ာ႔မတြက္ရဲတဲ့ အသင္းတစ္သင္းပါ။ တာဘာရက္ဇ္ရဲ႕ လက္ေအာက္မွာ ၂၀၁၁ ခုႏွစ္က ရရွိခဲ့တဲ့ ကိုပါအေမရိကဖလားတစ္ခုသာ ဆုဖလားေအာင္ျမင္မႈအေနနဲ႔ ရရွိခဲ့ေပမယ့္ သူ႔လက္ေအာက္မွာ ကစားခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲတိုင္း အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ေရွးအက်ဆံုး ႏိုင္ငံလက္ေရြးစင္ၿပိဳင္ပြဲလို႔ ေျပာရမယ့္ ကိုပါအေမရိကၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကို (၁၅)ႀကိမ္အထိ ရယူထားၿပီး ေတာင္အေမရိကတိုက္ရဲ႕ အေအာင္ျမင္ဆံုး ႏိုင္ငံလက္ေရြးစင္အသင္း တစ္သင္းျဖစ္ပါတယ္။

Uruguay-National-Football-Team

Uruguay-National-Football-Team

ကမၻာ႔ဖလားသမိုင္းေၾကာင္း
ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ အေစာပိုင္းကာလေတြက ဥရုေဂြးအတြက္ အေကာင္းဆံုးကာလျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲ (၄)ႀကိမ္မွာ (၂)ႀကိမ္ (၁၉၃၀၊ ၁၉၅၀)အထိ ဗိုလ္စြဲႏိုင္ခဲ့တယ္။ ေနာက္ပိုင္းကာလေတြမွာ (၁၀)ႀကိမ္အထိ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ေပမယ့္ အျမင့္ဆံုး စတုတၳေနရာသာ ရယူႏိုင္ခဲ့တယ္။ ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ (၁၂)ႀကိမ္မွာ (၃)ႀကိမ္ (၁၉၆၂၊ ၁၉၇၄၊ ၂၀၀၂)ၿပိဳင္ပြဲေတြမွာသာ အုပ္စုအဆင့္နဲ႔ ေက်နပ္ခဲ့ရၿပီး က်န္ (၉)ႀကိမ္မွာေတာ့ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။ ခ်န္ပီယံျဖစ္ခဲ့တဲ့ ၁၉၅၀ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ Copa Rio Braco ၿပိဳင္ဘက္အသင္းျဖစ္တဲ့ ဘရာဇီးအသင္းကို သူတို႔အသင္းရဲ႕ အိမ္ကြင္း မာရာကာနာကြင္းႀကီးအတြင္းမွာ အႏိုင္ရ ဗိုလ္စြဲႏိုင္ခဲ့တာက သမိုင္းမွတ္တမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ ေနာက္ပိုင္းကာလေတြမွာ ခ်န္ပီယံဆုနဲ႔ ေ၀းကြာခဲ့ေပမယ့္ ဥရုေဂြးအသင္းရဲ႕ မ်ိဳးဆက္တစ္ခုျဖစ္ေပၚခဲ့တဲ့ ၿပိဳင္ပြဲကေတာ့ ၂၀၁၀ ၿပိဳင္ပြဲ ျဖစ္ပါတယ္။ ေဖာ္လန္၊ ဆြာရက္ဇ္၊ ကာဗာနီတို႔လို႔ တိုက္စစ္မွဴးေကာင္းေတြ ေပၚထြက္ခဲ့မႈနဲ႔အတူ ၁၉၇၀ ၿပိဳင္ပြဲေနာက္ပိုင္း ေ၀းကြာေနတဲ့ ဆီမီးဖိုင္နယ္အဆင့္ကို တစ္ေက်ာ႔ျပန္ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ နယ္သာလန္အသင္းကို ရႈံးနိမ့္ကာ တတိယလုပြဲနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ တတိယေနရာလုပြဲမွာလည္း အိမ္ရွင္ဂ်ာမနီအသင္းကို ရႈံးနိမ့္ခဲ့လို႔ စတုတၳေနရာနဲ႔သာ ေက်နပ္ခဲ့ရၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ ၁၉၅၀ ၿပိဳင္ပြဲေနာက္ပိုင္း အျမင့္ဆံုးေအာင္ျမင္မႈအျဖစ္ မွတ္တမ္းတင္ႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ေျခစစ္ပြဲ တစ္ေလွ်ာက္မွာေတာ့ အေကာင္းဆံုးဆိုတဲ့ စြမ္းေဆာင္ရည္ေတြကို မျပႏိုင္ခဲ့ေပမယ့္ ႏိုင္သင့္ႏိုင္ထက္တဲ့ ပြဲေတြကို ဥရုေဂြးတို႔ အႏိုင္ကစားၿပီး ဘရာဇီးလ္အသင္းရဲ႕ေနာက္ ဒုတိယေနရာက ရမွတ္ (၃၁)မွတ္နဲ႔ တိုက္ရိုက္ေျခစစ္ပဲြ ေအာင္ျမင္ခဲ့တယ္။ အသင္း (၁၀)သင္း အိမ္ကြင္း၊ အေ၀းကြင္းပံုစံနဲ႔ ပတ္လည္ယွဥ္ၿပိဳင္ ကစားခဲ့ရၿပီး ဥရုေဂြးအသင္းဟာ (၉)ပြဲႏိုင္၊ (၄)ပြဲသေရ၊ (၅)ပြဲရံႈးဆိုတဲ့ ရလဒ္ေတြ ရယူႏိုင္ခဲ့တယ္။ PSG တိုက္စစ္မွဴး ကာဗာနီကေတာ့ (၁၀)ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ၿပီး ေတာင္အေမရိကဇုန္ ေျခစစ္ပြဲရဲ႕ ဂိုးသြင္းအမ်ားဆံုး ကစားသမားအျဖစ္ပါ ရပ္တည္ႏိုင္ခဲ့တယ္။

Suarez-and-Cavani

Suarez-and-Cavani

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
တိုက္စစ္မွဴးေကာင္းေတြ ထြက္ေပၚေလ့ရွိတဲ့ အစဥ္အလာအတိုင္း လက္ရွိအခ်ိန္မွာလည္း ကာဗာနီ၊ ဆြာရက္ဇ္တို႔လို တိုက္စစ္မွဴးေကာင္းေတြ ပိုင္ဆိုင္ထားသလို သူတို႔ေနာက္မွာလည္း ဥေရာပအေျခစိုက္ ကစားသမားေတြျဖစ္တဲ့ စတူအာနီ၊ ေအဘယ္လ္ဟာနန္ဒက္ဇ္၊ ရိုလန္နဲ႔ မက္ဆီဂိုမက္ဇ္ တို႔လို ကစားသမားေတြကလည္း အသင့္အစားထိုးႏုိင္လို႔ တိုက္စစ္ပိုင္းကေတာ့ အသင္းတိုင္းကို ယွဥ္ကစားႏိုင္တဲ့ အေနအထားပါပဲ။ ကြင္းလယ္ပိုင္းမွာက စီးရီးေအ အေျခစိုက္ ကစားသမားအမ်ားစုကို ေရြးခ်ယ္ထားေပမယ့္ ပထမတန္းစား ကြင္းလယ္ကစားသမားေတြ ရွားပါးလို႔ တိုက္စစ္ပိုင္း စုဖြဲ႔မႈလို အားရစရာမရွိပါဘူး။ ခံစစ္စုဖြဲ႔မႈမွာေတာ့ ၀ါရင့္ကစားသမားေတြျဖစ္တဲ့ ဂိုဒင္၊ ပယ္ေရရာ၊ ကာဆာရက္စ္တို႔လို ကစားသမားေတြနဲ႔ ဟီမီနက္ဇ္၊ ကိုအာတက္စ္၊ လီမို႔စ္၊ ရီကာတို႔လို ပံုစံေကာင္းရေနတဲ့ လူငယ္ကစားသမားေတြနဲ႔ အခ်ိဳးက်က် ေပါင္းစပ္ထားၿပီး ေတာင့္တင္းတဲ့ ခံစစ္ေၾကာင္းကို ပိုင္ဆိုင္ထားလို႔ ဥရုေဂြးတို႔ ဘယ္အဆင့္အထိ ေရာက္မလဲဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက စပိန္လာလီဂါကလပ္ ဆဲလ္တာဗီဂိုအသင္းမွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္တိုက္စစ္ကစားသမား မက္ဆီဂိုမက္ဇ္ကေတာ့ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနၿပီး အသင္းရဲ႕ နာမည္ေက်ာ္ တိုက္စစ္မွဴးေတြလို အသင္းကို သြင္းဂိုးေတြနဲ႔ ကူညီေပးႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

REF:Wikipedia
Photo:The Edwardsville Intelligencer, europe1.fr, These Football Times
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံ ဥရုဂွေးအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

ဥရုဂွေးအသင်း
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး အိမ်ရှင်နိုင်ငံဖြစ်သလို ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်က ဥရုဂွေးကို လက်ရှိအချိန်ထိ အသင်းတိုင်းက ထင်မသေးရဲ။ ကမ္ဘာ့လူဦးရေ အနည်းဆုံးနိုင်ငံတွေထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြိမ်အရေအတွက် အများဆုံးအဖြစ် (၁၂)ကြိမ်အထိ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားတယ်။ ၂၀၁၁ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာ့ဖလားကို ရယူဖူးတဲ့ လူဦးရေအနည်းဆုံး နိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ အသင်းကို ၂၀၀၆ ခုနှစ်ကတည်းက (၁၀)စုနှစ် တစ်ခုကျော်ကြာ တာဝန်ယူခဲ့တဲ့ ဝါရင့်နည်းပြ တာဘာရက်ဇ်ရဲ့ လက်အောက်မှာ တိုက်စစ်ပိုင်းက ပုံစံကောင်းပြနေသလို ဥရောပမှာ ကျင်လည်နေတဲ့ အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင် ကစားသမားတွေကို ပိုင်ဆိုင်ထားလို့လည်း အသင်းတိုင်းက လျော့မတွက်ရဲတဲ့ အသင်းတစ်သင်းပါ။ တာဘာရက်ဇ်ရဲ့ လက်အောက်မှာ ၂၀၁၁ ခုနှစ်က ရရှိခဲ့တဲ့ ကိုပါအမေရိကဖလားတစ်ခုသာ ဆုဖလားအောင်မြင်မှုအနေနဲ့ ရရှိခဲ့ပေမယ့် သူ့လက်အောက်မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရှေးအကျဆုံး နိုင်ငံလက်ရွေးစင်ပြိုင်ပွဲလို့ ပြောရမယ့် ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံဆုကို (၁၅)ကြိမ်အထိ ရယူထားပြီး တောင်အမေရိကတိုက်ရဲ့ အအောင်မြင်ဆုံး နိုင်ငံလက်ရွေးစင်အသင်း တစ်သင်းဖြစ်ပါတယ်။

Uruguay-National-Football-Team

Uruguay-National-Football-Team

ကမ္ဘာ့ဖလားသမိုင်းကြောင်း
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အစောပိုင်းကာလတွေက ဥရုဂွေးအတွက် အကောင်းဆုံးကာလဖြစ်ခဲ့ပြီး ပြိုင်ပွဲ (၄)ကြိမ်မှာ (၂)ကြိမ် (၁၉၃၀၊ ၁၉၅၀)အထိ ဗိုလ်စွဲနိုင်ခဲ့တယ်။ နောက်ပိုင်းကာလတွေမှာ (၁၀)ကြိမ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် အမြင့်ဆုံး စတုတ္ထနေရာသာ ရယူနိုင်ခဲ့တယ်။ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ (၁၂)ကြိမ်မှာ (၃)ကြိမ် (၁၉၆၂၊ ၁၉၇၄၊ ၂၀၀၂)ပြိုင်ပွဲတွေမှာသာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရပြီး ကျန် (၉)ကြိမ်မှာတော့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၅၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Copa Rio Braco ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘရာဇီးအသင်းကို သူတို့အသင်းရဲ့ အိမ်ကွင်း မာရာကာနာကွင်းကြီးအတွင်းမှာ အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တာက သမိုင်းမှတ်တမ်းကောင်းတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာ ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ပေမယ့် ဥရုဂွေးအသင်းရဲ့ မျိုးဆက်တစ်ခုဖြစ်ပေါ်ခဲ့တဲ့ ပြိုင်ပွဲကတော့ ၂၀၁၀ ပြိုင်ပွဲ ဖြစ်ပါတယ်။ ဖော်လန်၊ ဆွာရက်ဇ်၊ ကာဗာနီတို့လို့ တိုက်စစ်မှူးကောင်းတွေ ပေါ်ထွက်ခဲ့မှုနဲ့အတူ ၁၉၇၀ ပြိုင်ပွဲနောက်ပိုင်း ဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ပေမယ့် နယ်သာလန်အသင်းကို ရှုံးနိမ့်ကာ တတိယလုပွဲနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ တတိယနေရာလုပွဲမှာလည်း အိမ်ရှင်ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့လို့ စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၅၀ ပြိုင်ပွဲနောက်ပိုင်း အမြင့်ဆုံးအောင်မြင်မှုအဖြစ် မှတ်တမ်းတင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲ တစ်လျှောက်မှာတော့ အကောင်းဆုံးဆိုတဲ့ စွမ်းဆောင်ရည်တွေကို မပြနိုင်ခဲ့ပေမယ့် နိုင်သင့်နိုင်ထက်တဲ့ ပွဲတွေကို ဥရုဂွေးတို့ အနိုင်ကစားပြီး ဘရာဇီးလ်အသင်းရဲ့နောက် ဒုတိယနေရာက ရမှတ် (၃၁)မှတ်နဲ့ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့တယ်။ အသင်း (၁၀)သင်း အိမ်ကွင်း၊ အဝေးကွင်းပုံစံနဲ့ ပတ်လည်ယှဉ်ပြိုင် ကစားခဲ့ရပြီး ဥရုဂွေးအသင်းဟာ (၉)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၅)ပွဲရှုံးဆိုတဲ့ ရလဒ်တွေ ရယူနိုင်ခဲ့တယ်။ PSG တိုက်စစ်မှူး ကာဗာနီကတော့ (၁၀)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး တောင်အမေရိကဇုန် ခြေစစ်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်နိုင်ခဲ့တယ်။

Suarez-and-Cavani

Suarez-and-Cavani

စောင့်ကြည့်ရမယ့် ကစားသမားများ
တိုက်စစ်မှူးကောင်းတွေ ထွက်ပေါ်လေ့ရှိတဲ့ အစဉ်အလာအတိုင်း လက်ရှိအချိန်မှာလည်း ကာဗာနီ၊ ဆွာရက်ဇ်တို့လို တိုက်စစ်မှူးကောင်းတွေ ပိုင်ဆိုင်ထားသလို သူတို့နောက်မှာလည်း ဥရောပအခြေစိုက် ကစားသမားတွေဖြစ်တဲ့ စတူအာနီ၊ အေဘယ်လ်ဟာနန်ဒက်ဇ်၊ ရိုလန်နဲ့ မက်ဆီဂိုမက်ဇ် တို့လို ကစားသမားတွေကလည်း အသင့်အစားထိုးနိုင်လို့ တိုက်စစ်ပိုင်းကတော့ အသင်းတိုင်းကို ယှဉ်ကစားနိုင်တဲ့ အနေအထားပါပဲ။ ကွင်းလယ်ပိုင်းမှာက စီးရီးအေ အခြေစိုက် ကစားသမားအများစုကို ရွေးချယ်ထားပေမယ့် ပထမတန်းစား ကွင်းလယ်ကစားသမားတွေ ရှားပါးလို့ တိုက်စစ်ပိုင်း စုဖွဲ့မှုလို အားရစရာမရှိပါဘူး။ ခံစစ်စုဖွဲ့မှုမှာတော့ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဂိုဒင်၊ ပယ်ရေရာ၊ ကာဆာရက်စ်တို့လို ကစားသမားတွေနဲ့ ဟီမီနက်ဇ်၊ ကိုအာတက်စ်၊ လီမို့စ်၊ ရီကာတို့လို ပုံစံကောင်းရနေတဲ့ လူငယ်ကစားသမားတွေနဲ့ အချိုးကျကျ ပေါင်းစပ်ထားပြီး တောင့်တင်းတဲ့ ခံစစ်ကြောင်းကို ပိုင်ဆိုင်ထားလို့ ဥရုဂွေးတို့ ဘယ်အဆင့်အထိ ရောက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက စပိန်လာလီဂါကလပ် ဆဲလ်တာဗီဂိုအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမား မက်ဆီဂိုမက်ဇ်ကတော့ စောင့်ကြည့်ချင်စရာ ကောင်းနေပြီး အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူးတွေလို အသင်းကို သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

REF:Wikipedia
Photo:The Edwardsville Intelligencer, europe1.fr, These Football Times
Aung Kyaw Wai (Akhayar)
www.akhayar.com