၂ဝ၁၈ ရုရွားကမၻာ့ဖလားေျခစစ္ပြဲမွာ ဘယ္အသင္းေတြ ေျခစစ္ပြဲေအာင္သြားၿပီလဲ

update-news-about-2018-fifa-world-cup
update-news-about-2018-fifa-world-cup

[Zawgyi]

၂ဝ၁၈ ရုရွားကမၻာ့ဖလားေျခစစ္ပြဲမွာ ဘယ္အသင္းေတြ ေျခစစ္ပြဲေအာင္သြားၿပီလဲ

၂ဝ၁၈ရုရွားကမၻာ့ဖလားေျခစစ္ပြဲေတြကေတာ့ ၿပီးဆုံးေတာ့မွာပါ။ ေျခစစ္ပြဲေအာင္တဲ့အသင္းေတြက ရုရွားႏုိင္ငံကုိ လက္မွတ္ရသြားသလုိ မေအာင္တဲ့အသင္းေတြကလည္း အိမ္ျပန္ရေတာ့မွာပါ။ အုပ္စုပထမေနရာရတဲ့ အသင္းေတြကေတာ့ တုိက္ရုိက္ေျခစစ္ပြဲေအာင္သြားၿပီး ဒုတိယေနရာရတဲ့ အသင္းေတြကေတာ့ Play- Off ကစားၿပီး အႏုိင္ရမွသာ ေျခစစ္ပြဲေအာင္မွာျဖစ္ပါတယ္။ ဂါးရက္ေဘးလ္ (Gareth Bale) ၊ အာဂ်န္ေရာ္ဘင္ (Arjen Robben) ၊ ဆန္းခ်က္ (Sanchez) ၊ ဗလင္စီယာ (Valencia) တုိ႔လုိ နာမည္ေက်ာ္ကစားသမားေတြကေတာ့ မိခင္ႏုိင္ငံအတြက္ ေျခစစ္ပြဲမေအာင္ခဲ့လုိ႔ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။

လက္ေရြးစင္ကစားသမားမွ အနားယူသြားတဲ့ အာဂ်န္ေရာ္ဘင္ (Arjen Robben)
လက္ေရြးစင္ကစားသမားမွ အနားယူသြားတဲ့ အာဂ်န္ေရာ္ဘင္ (Arjen Robben)

၂ဝ၁၈ ရုရွားကမၻာ့ဖလားေဘာလုံးၿပိဳင္ပြဲႀကီးက ၂ဝ၁၈ခုႏွစ္ ဇြန္လ (၁၄) ရက္ေန႔မွာ က်င္းပေတာ့မွာပါ။ (၂၁ဝ) ႏုိင္ငံမွ လက္ေရြးစင္အသင္းေတြဟာ ၂ဝ၁၅ခုႏွစ္ မတ္လ (၁၂) ရက္ေန႔မွာ စတင္ေျခစစ္ပြဲဝင္ခဲ့ၿပီး ၂ဝ၁၇ခုႏွစ္ ႏုိဝင္ဘာလ (၁၄) ရက္ေန႔မွာဆုိ ေျခစစ္ပြဲကာလၿပီးဆုံးေတာ့မွာျဖစ္ပါတယ္။ ကမၻာ့ဖလားအိမ္ရွင္ႏုိင္ငံျဖစ္တဲ့ ရုရွားဟာ ေျခစစ္ပြဲကန္စရာမလုိဘဲ တုိက္ရုိက္ေျခစစ္ပြဲေအာင္ခဲ့ၿပီး တုိက္ႀကီး (၆) တုိက္မွ ႏုိင္ငံေပါင္း (၂၁ဝ) ဟာ ကမၻာ့ဖလားဝင္ခြင့္ (၃၁) ေနရာအတြက္ တုိက္ပြဲဝင္ရတာျဖစ္ပါတယ္။

ရုရွားလက္ေရြးစင္အသင္း
ရုရွားလက္ေရြးစင္အသင္း

အခုခ်ိန္ထိ ေျခစစ္ပြဲေအာင္ျမင္ခ့ဲတဲ့ ႏုိင္ငံေပါင္း (၂၃) ႏုိင္ငံထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ ေျခစစ္ပြဲေအာင္ခဲ့တဲ့ လက္ေရြးစင္အသင္းေတြကေတာ့ အိမ္ရွင္ရုရွား၊ ဘရာဇီး၊ အီရန္၊ ဂ်ပန္၊ မကၠဆီကုိ၊ ဘယ္လ္ဂ်ီယံ၊ ေတာင္ကုိရီးယား၊ ေဆာ္ဒီအာေရဗ်၊ ဂ်ာမဏီ၊ အဂၤလန္၊ စပိန္၊ ႏုိက္ဂ်ီးရီးယား၊ ေကာ္စတာရီကာ၊ ပုိလန္၊ အီဂ်စ္၊ အုိက္စလန္၊ ဆားဘီးယား၊ ေပၚတူဂီ၊ ျပင္သစ္၊ ဥရုေဂြး၊ အာဂ်င္တီးနား၊ ကုိလံဘီယာနဲ႔ ပနားမားအသင္းေတြပဲျဖစ္ပါတယ္။ အုိက္စလန္နဲ႔ ပနားမားအသင္းေတြဟာ ပထမဆုံးအႀကိမ္ ေျခစစ္ပြဲေအာင္ျမင္ခဲ့တာပါ။ ၂ဝ၁၈ကမၻာ့ဖလားခ်န္ပီယံအသင္းဟာ ၂ဝ၂၁တုိက္ႀကီးမ်ားဖလား (2021 FIFA Confederations Cup) ကုိ တုိက္ရုိက္ေျခစစ္ပြဲေအာင္မွာျဖစ္ပါတယ္။

ဘရားဇီးလက္ေရြးစင္အသင္း
ဘရားဇီးလက္ေရြးစင္အသင္း

ထူးျခားခ်က္အေနနဲ႔ အေမရိကန္အသင္းဟာ Trinidad & Tobago အသင္းကုိ ၂ဂုိး – ၁ဂုိးနဲ႔ ရႈံးနိမ့္ခဲ့ၿပီး ကမၻာ့ဖလားအိပ္မက္ပ်က္ပ်ယ္ခဲ့ရပါတယ္။ အေမရိကန္အသင္းဟာ ၁၉၈၆ခုႏွစ္ကတည္းက (၃၂) ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ေျခစစ္ပြဲမေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ၂ဝ၁၈ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ အာရွဇုန္မွ ၄ေနရာခြဲ၊ ဥေရာပဇုန္မွ ၁၃ေနရာ၊ ကြန္ကာကတ္ဖ္ဇုန္မွ ၃ေနရာခြဲ၊ အာဖရိကဇုန္မွ ၅ေနရာ၊ ေတာင္အေမရိကဇုန္မွ ၄ေနရာခြဲနဲ႔ သမုဒၵရာပုိင္းဇုန္မွ ေနရာဝက္ဆိုၿပီး ခြဲတမ္းသတ္မွတ္ထားတာျဖစ္ပါတယ္။ ေျခစစ္ပြဲေအာင္ျမင္တဲ့ (၂၃) သင္းထြက္ေပၚလာေပမယ့္ လက္က်န္ (၉) ေနရာအတြက္ တုိက္ပြဲဝင္ေနရဆဲျဖစ္ပါတယ္။ ဘရာဇီး၊ ဂ်ာမဏီနဲ႔ ျပင္သစ္အသင္းေတြက အေကာင္းဆုံးအေနအထားမွာရွိတာမုိ႔ ၂ဝ၁၈ကမၻာ့ဖလားခ်န္ပီယံက ဘယ္သူျဖစ္မယ္ထင္လဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ ရုရှားကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘယ်အသင်းတွေ ခြေစစ်ပွဲအောင်သွားပြီလဲ

၂ဝ၁၈ရုရှားကမ္ဘာ့ဖလားခြေစစ်ပွဲတွေကတော့ ပြီးဆုံးတော့မှာပါ။ ခြေစစ်ပွဲအောင်တဲ့အသင်းတွေက ရုရှားနိုင်ငံကို လက်မှတ်ရသွားသလို မအောင်တဲ့အသင်းတွေကလည်း အိမ်ပြန်ရတော့မှာပါ။ အုပ်စုပထမနေရာရတဲ့ အသင်းတွေကတော့ တိုက်ရိုက်ခြေစစ်ပွဲအောင်သွားပြီး ဒုတိယနေရာရတဲ့ အသင်းတွေကတော့ Play- Off ကစားပြီး အနိုင်ရမှသာ ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။ ဂါးရက်ဘေးလ် (Gareth Bale) ၊ အာဂျန်ရော်ဘင် (Arjen Robben) ၊ ဆန်းချက် (Sanchez) ၊ ဗလင်စီယာ (Valencia) တို့လို နာမည်ကျော်ကစားသမားတွေကတော့ မိခင်နိုင်ငံအတွက် ခြေစစ်ပွဲမအောင်ခဲ့လို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

လက်ရွေးစင်ကစားသမားမှ အနားယူသွားတဲ့ အာဂျန်ရော်ဘင် (Arjen Robben)
လက်ရွေးစင်ကစားသမားမှ အနားယူသွားတဲ့ အာဂျန်ရော်ဘင် (Arjen Robben)

၂ဝ၁၈ ရုရှားကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးက ၂ဝ၁၈ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှာ ကျင်းပတော့မှာပါ။ (၂၁ဝ) နိုင်ငံမှ လက်ရွေးစင်အသင်းတွေဟာ ၂ဝ၁၅ခုနှစ် မတ်လ (၁၂) ရက်နေ့မှာ စတင်ခြေစစ်ပွဲဝင်ခဲ့ပြီး ၂ဝ၁၇ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှာဆို ခြေစစ်ပွဲကာလပြီးဆုံးတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံဖြစ်တဲ့ ရုရှားဟာ ခြေစစ်ပွဲကန်စရာမလိုဘဲ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး တိုက်ကြီး (၆) တိုက်မှ နိုင်ငံပေါင်း (၂၁ဝ) ဟာ ကမ္ဘာ့ဖလားဝင်ခွင့် (၃၁) နေရာအတွက် တိုက်ပွဲဝင်ရတာဖြစ်ပါတယ်။

ရုရှားလက်ရွေးစင်အသင်း
ရုရှားလက်ရွေးစင်အသင်း

အခုချိန်ထိ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ နိုင်ငံပေါင်း (၂၃) နိုင်ငံထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်ခဲ့တဲ့ လက်ရွေးစင်အသင်းတွေကတော့ အိမ်ရှင်ရုရှား၊ ဘရာဇီး၊ အီရန်၊ ဂျပန်၊ မက္ကဆီကို၊ ဘယ်လ်ဂျီယံ၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ ဂျာမဏီ၊ အင်္ဂလန်၊ စပိန်၊ နိုက်ဂျီးရီးယား၊ ကော်စတာရီကာ၊ ပိုလန်၊ အီဂျစ်၊ အိုက်စလန်၊ ဆားဘီးယား၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဥရုဂွေး၊ အာဂျင်တီးနား၊ ကိုလံဘီယာနဲ့ ပနားမားအသင်းတွေပဲဖြစ်ပါတယ်။ အိုက်စလန်နဲ့ ပနားမားအသင်းတွေဟာ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။ ၂ဝ၁၈ကမ္ဘာ့ဖလားချန်ပီယံအသင်းဟာ ၂ဝ၂၁တိုက်ကြီးများဖလား (2021 FIFA Confederations Cup) ကို တိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။

ဘရားဇီးလက်ရွေးစင်အသင်း
ဘရားဇီးလက်ရွေးစင်အသင်း

ထူးခြားချက်အနေနဲ့ အမေရိကန်အသင်းဟာ Trinidad & Tobago အသင်းကို ၂ဂိုး – ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားအိပ်မက်ပျက်ပျယ်ခဲ့ရပါတယ်။ အမေရိကန်အသင်းဟာ ၁၉၈၆ခုနှစ်ကတည်းက (၃၂) နှစ်အတွင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲမအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၈ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန်မှ ၄နေရာခွဲ၊ ဥရောပဇုန်မှ ၁၃နေရာ၊ ကွန်ကာကတ်ဖ်ဇုန်မှ ၃နေရာခွဲ၊ အာဖရိကဇုန်မှ ၅နေရာ၊ တောင်အမေရိကဇုန်မှ ၄နေရာခွဲနဲ့ သမုဒ္ဒရာပိုင်းဇုန်မှ နေရာဝက်ဆိုပြီး ခွဲတမ်းသတ်မှတ်ထားတာဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်မြင်တဲ့ (၂၃) သင်းထွက်ပေါ်လာပေမယ့် လက်ကျန် (၉) နေရာအတွက် တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။ ဘရာဇီး၊ ဂျာမဏီနဲ့ ပြင်သစ်အသင်းတွေက အကောင်းဆုံးအနေအထားမှာရှိတာမို့ ၂ဝ၁၈ကမ္ဘာ့ဖလားချန်ပီယံက ဘယ်သူဖြစ်မယ်ထင်လဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com