နှစ်သစ်တစ်နှစ်တော့ ကူးခဲ့ပြန်ပါပြီ။ မနှစ်က ထွက်ပေါ်ထားတဲ့ ဖုန်းအသစ်တွေက လာမယ့် ၂၀၁၇ခုနှစ်မှာ ဟောင်းသွားတာမဟုတ်ပေမယ့် သူ့ထက်ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ စမတ်ဖုန်းတွေ ထွက်ပေါ်လာဦးမှာပါ။ ဒါကြောင့် ဒီနှစ်အတွင်း ထွက်လာနိုင်တဲ့ စမတ်ဖုန်းအသစ်တွေအကြောင်းကို Akhayar.com က တင်ဆက်ပေးလိုက်ပါတယ်။

• Samsung Galaxy S8 – March/April 2017
• HTC 11 – March/April 2017
• LG G6 – April 2017
• One Plus 4 – June 2017
• iPhone 7s – September 2017

Samsung Galaxy S8

Samsung Galaxy S8 ကို မတ်လ ဒါမှမဟုတ် ဧပရယ် မှာ စတင်မိတ်ဆက်ပေးမှာ ဖြစ်ပြီး သမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင်တော့ Samsung ဟာသူတို့ရဲ့ ထုတ်ကုန် အသစ်ကို နှစ်တိုင်း ထုတ်လုပ်တာတွေ့ရပါတယ်။ အခု အသစ်ထပ်မံ ထွက်ရှိမယ့် Samsung Galaxy S8 ကတော့ အရင်ကထွက်ခဲ့တဲ့ Note 7 လို ထပ်မဖြစ်လာဖို့တော့မျှော်လင့်ရပါတယ်။

ဒီတော့ S8 ကနေ ဘယ်လို Feature တွေ မျှော်လင့်လို့ရမလဲ ။ ကောလဟာလတွေကတော့ Home Button ကို iPhone Style လုပ်ထားပြီး နောက်ဘက်မှာလက်ဗွေအာရုံခံကိရိယာပါ တဲ့အပြင် Screen Resolution ကိုလည်း Boost လုပ်လို့ရပါတယ်။ Samsung Galaxy S8 မှာ Gear VR Pass ရရှိထားတာကြောင့် ပုံထွက်ကောင်းမွန်တဲ့ Resolution ကို ရစေမှာပါ။

 

HTC 11

htc11-1

ထိုင်ဝမ် ကုမ္ပဏီ တခု ဖြစ်တဲ့ HTC ကတော့ သူတို့ရဲ့ ထုတ်ကုန်အသစ် HTC 11 ကို မတ်လ ဒါမှမဟုတ် ဧပရယ်မှာ Launch လုပ်မှဖြစ်ပါတယ်။ ဒီ အသစ်ထွက်မယ့် HTC 11 ကို သိတဲ့သူနည်းပါးပြီး ကုမ္ပဏီ ဘက်မှ လည်း HTC 11 အမြန်ဆုံးထွက်လာအောင် ပြီးခဲ့တဲ့နှစ် ၁၂ လလုံးလုံး ဆောင်ရွက်နေပြီး ထုတ်ကုန်အသစ်မိတ်ဆက်ပွဲလုပ်တော့မှ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်မှာဖြစ်ပါတယ်။

 

LG G6

lg-g6-2

LG ဟာ ၂၀၁၆ ခုနှစ် အတွင်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံး စမတ်ဖုန်းထဲမှာ ပါဝင်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ Modular Smartphone တခုလည်း ဖြစ်ပါတယ်။ ပြိုင်ဘက်ကုမ္ပဏီ တခုဖြစ်တဲ့ Lenovo မှ LG 6 မထွက်ခင်မှာ ဆင်တူပုံစံ စမတ်ဖုန်း အသစ် ထုတ်လုပ်ခဲ့သော်လည်း စွမ်းဆောင်ရည်ပိုင်းမှာ LG နဲ့မယှဉ်နိုင်တာကို သတင်းများအရ သိရပါတယ်။

 

OnePlus 4

oneplus-4

အရင်က ထွက်ခဲ့တဲ့ OnePlus 3 ဟာ ပုံစံလှပပြီး ဈေးနှုန်းလည်း ချိုသာပါတယ်။ OnePlus Series ဖုန်းတွေက ဈေးနှုန်းသက်သာပြီး အသုံးပြုရတာလည်း အဆင်ပြေတာကြောင့် စမတ်ဖုန်း လောကမှာ သိသူများပါတယ်။

ဒီတော့ တရုတ် ကုမ္ပဏီ ရဲ့ဇွန်လမှာ အသစ်ထွက်မယ့် စွမ်းဆောင်ရည်မြင့်တဲ့ OnePlus 4 စမတ်ဖုန်း မှာ ဘယ်လို Feature တွေ ပါဝင်မလည်းဆိုတာ စောင့်ကြည့်လိုက်ရအောင်။

 

iPhone 7s

iphone-7s

Apple အနေနဲ့ နှစ်တိုင်း ထုတ်ကုန် အသစ်ထုပ်လုပ်လျက်ရှိပြီး 2017 အတွက် အသစ်ထွက်ရှိမယ့် iPhone 7s ဟာ လာမယ့် စက်တင်ဘာ အစောပိုင်းမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ 7s ကိုမှာယူချင်တယ်ဆိုရင်တော့ စက်တင်ဘာ လလယ်ဒါမှမဟုတ် နောက်ဆုံးပတ်မှသာ မှာယူနိုင်မှာ ဖြစ်ပြီး ဖုန်းအရွယ်အစားကတော့ အရင်ထွက်ရှိတဲ့ ဖုန်းများရဲ့ အရွယ်အစားနဲ့ မတူပဲ ကွဲပြားကြောင်းသိရပါတယ်။

 

Jam (အခရာ)

Ref: Android Authority