[Zawgyi]

ရာသီအသစ္၊ လက္နက္အသစ္ နဲ႔ ယာဥ္အသစ္ေတြပါလာမယ့္ PUBG Mobile Update

Tencent Games က PUBG Mobile Player ေတြအတြက္ မိုးေလၾကမ္းၾကမ္းနဲ႔ သဘာဝက်က် တိုက္ပြဲဝင္ရမယ့္အစီအစဥ္တစ္ခုကို စတင္စမ္းသပ္ေနပါၿပိ။ မိုးရာသီ၊ ႏွင္းေတြကိုျမင္ရမယ့္ Snow Area၊ လက္နက္အသစ္ေတြနဲ႔ စက္တပ္ယာဥ္အသစ္ေတြပါဝင္မယ့္ Beta Version ကိုတရုတ္ျပည္တြင္းမွာ စမ္းသပ္ကစားႏိုင္ဖို႔အတြက္ထုတ္ေပးလိုက္ပါၿပီ။ Reddit User ေတြရဲ႕ ျပန္လည္ေျပာဆိုခ်က္အရ အခု Feature အသစ္ေတြဟာ လာမယ့္ PUBG Stable Update Version မွာပါဝင္လာမွာျဖစ္ၿပီး Version Build No ကေတာ့ 0.11.0 ျဖစ္မယ္လို႔ဆိုပါတယ္။

PUBG Mobile ဟာ Timi နဲ႔ Lightspeed ဆိုၿပီး Version ၂မ်ိဳးခြဲထားပါတယ္။ Timi ကေတာ့ တရုတ္ျပည္တြင္း App Market မွာသာရရွိႏိုင္ၿပီး Lightspeed ကေတာ့ Global အတြက္ျဖစ္ပါတယ္။ အထက္မွာေျပာခဲ့တဲ့ Feature အသစ္ေတြဟာ Timi ေရာ Lightspeed Version ၂မ်ိဳးလံုးအတြက္ တရုတ္မွာ စမ္းသပ္ေနၿပီျဖစ္ပါတယ္။

လက္နက္သစ္အေနနဲ႔ PC Version က MK 47 ေသနတ္အသစ္ပါဝင္လာမွာျဖစ္သလို၊ ယာဥ္အသစ္အျဖစ္ Tuski လို႔ေခၚတဲ့ Three Wheeler Rickshaw (သံုးဘီးဆိုင္ကယ္ သို႔ စက္ဘီး) နဲ႔ Snow Area ကိုေတာ့ Sanhok Maps ထဲမွာသာ ေတြ႕ျမင္ရႏိုင္ပါတယ္။

MK 47 ကေတာ့ Erangel ၊ Miramar နဲ႔ Sanhok စတဲ့ ေျမပံု ၃ခုလံုးမွာပါဝင္ပါတယ္။ ( မိုးရာသီနဲ႔ Snow Area လည္းပါဝင္မယ္လို႔ေမွ်ာ္လင့္ရပါတယ္)

Three Wheeler Rickshaw နမူနာ ခန္႔မွန္းပံုစံ ၁

Three Wheeler Rickshaw နမူနာ ခန္႔မွန္းပံုစံ ၂

လက္ရွိေနာက္ဆံုး Stable Update ျဖစ္တဲ့ Version 0.9.0 မွာေတာ့ ညအခ်ိန္ (Night Mode) နဲ႔ အဲ့ဒီ့အခ်ိန္မွာအသံုးျပဳႏိုင္မယ့္ ညၾကည့္မ်က္မွန္ တို႔ကို Erangel Map ထဲမွာေတြ႕ျမင္ႏိုင္ပါတယ္။ ေမာ္ေတာ္ယာဥ္အသစ္ျဖစ္တဲ့ Rony Pickup Truck ကိုလည္းေတြ႕ျမင္ရမွာျဖစ္သလို ကားစီးတဲ့အခ်ိန္မွာလည္း သီခ်င္းေတြကို Random ဖြင့္ေပးထားပါေသးတယ္။ လက္နက္ေတြထဲမွာေတာ့ Sanhok မွာရွိတဲ့ QBU DMR ရိုင္ဖယ္အစား Mini 14 ကိုေျပာင္းေပးထားပါတယ္။

MK 47

ေနာက္လာမယ့္ Update ရာသီအသစ္ေတြကို ဘယ္လိုမ်ိဳးခက္ခက္ခဲခဲ ျဖတ္သန္းရမလဲ၊ လက္နက္အသစ္ကေရာ ဘယ္ေလာက္ထိေရာက္မႈရွိမလဲ၊ ယာဥ္အသစ္ကေရာ ေမာင္းလို႔ေကာင္းပါ့မလား စတဲ့ စိတ္ဝင္စားစရာေတြအျပည့္နဲ႔ ေစာင့္ႀကိဳေနမွာျဖစ္ပါတယ္။  Snow Area ဟာ ခ်စ္သူေကာင္မေလးနဲ႔ ရိုစရာေနရာအသစ္တစ္ခုလည္းျဖစ္လာႏိုင္ပါတယ္။

Ref; GGS
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

ရာသီအသစ်၊ လက်နက်အသစ် နဲ့ ယာဉ်အသစ်တွေပါလာမယ့် PUBG Mobile Update

Tencent Games က PUBG Mobile Player တွေအတွက် မိုးလေကြမ်းကြမ်းနဲ့ သဘာဝကျကျ တိုက်ပွဲဝင်ရမယ့်အစီအစဉ်တစ်ခုကို စတင်စမ်းသပ်နေပါပြိ။ မိုးရာသီ၊ နှင်းတွေကိုမြင်ရမယ့် Snow Area၊ လက်နက်အသစ်တွေနဲ့ စက်တပ်ယာဉ်အသစ်တွေပါဝင်မယ့် Beta Version ကိုတရုတ်ပြည်တွင်းမှာ စမ်းသပ်ကစားနိုင်ဖို့အတွက်ထုတ်ပေးလိုက်ပါပြီ။ Reddit User တွေရဲ့ ပြန်လည်ပြောဆိုချက်အရ အခု Feature အသစ်တွေဟာ လာမယ့် PUBG Stable Update Version မှာပါဝင်လာမှာဖြစ်ပြီး Version Build No ကတော့ 0.11.0 ဖြစ်မယ်လို့ဆိုပါတယ်။

PUBG Mobile ဟာ Timi နဲ့ Lightspeed ဆိုပြီး Version ၂မျိုးခွဲထားပါတယ်။ Timi ကတော့ တရုတ်ပြည်တွင်း App Market မှာသာရရှိနိုင်ပြီး Lightspeed ကတော့ Global အတွက်ဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ Feature အသစ်တွေဟာ Timi ရော Lightspeed Version ၂မျိုးလုံးအတွက် တရုတ်မှာ စမ်းသပ်နေပြီဖြစ်ပါတယ်။

လက်နက်သစ်အနေနဲ့ PC Version က MK 47 သေနတ်အသစ်ပါဝင်လာမှာဖြစ်သလို၊ ယာဉ်အသစ်အဖြစ် Tuski လို့ခေါ်တဲ့ Three Wheeler Rickshaw (သုံးဘီးဆိုင်ကယ် သို့ စက်ဘီး) နဲ့ Snow Area ကိုတော့ Sanhok Maps ထဲမှာသာ တွေ့မြင်ရနိုင်ပါတယ်။

MK 47 ကတော့ Erangel ၊ Miramar နဲ့ Sanhok စတဲ့ မြေပုံ ၃ခုလုံးမှာပါဝင်ပါတယ်။ ( မိုးရာသီနဲ့ Snow Area လည်းပါဝင်မယ်လို့မျှော်လင့်ရပါတယ်)

Three Wheeler Rickshaw နမူနာ ခန့်မှန်းပုံစံ ၁

Three Wheeler Rickshaw နမူနာ ခန့်မှန်းပုံစံ ၂

လက်ရှိနောက်ဆုံး Stable Update ဖြစ်တဲ့ Version 0.9.0 မှာတော့ ညအချိန် (Night Mode) နဲ့ အဲ့ဒီ့အချိန်မှာအသုံးပြုနိုင်မယ့် ညကြည့်မျက်မှန် တို့ကို Erangel Map ထဲမှာတွေ့မြင်နိုင်ပါတယ်။ မော်တော်ယာဉ်အသစ်ဖြစ်တဲ့ Rony Pickup Truck ကိုလည်းတွေ့မြင်ရမှာဖြစ်သလို ကားစီးတဲ့အချိန်မှာလည်း သီချင်းတွေကို Random ဖွင့်ပေးထားပါသေးတယ်။ လက်နက်တွေထဲမှာတော့ Sanhok မှာရှိတဲ့ QBU DMR ရိုင်ဖယ်အစား Mini 14 ကိုပြောင်းပေးထားပါတယ်။

MK 47

နောက်လာမယ့် Update ရာသီအသစ်တွေကို ဘယ်လိုမျိုးခက်ခက်ခဲခဲ ဖြတ်သန်းရမလဲ၊ လက်နက်အသစ်ကရော ဘယ်လောက်ထိရောက်မှုရှိမလဲ၊ ယာဉ်အသစ်ကရော မောင်းလို့ကောင်းပါ့မလား စတဲ့ စိတ်ဝင်စားစရာတွေအပြည့်နဲ့ စောင့်ကြိုနေမှာဖြစ်ပါတယ်။ Snow Area ဟာ ချစ်သူကောင်မလေးနဲ့ ရိုစရာနေရာအသစ်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

Ref; GGS
Phone Hay Ko (Akhayar)
www.akhayar.com