[Zawgyi]
Special 9
Stella(Akhayar)
www.Akhayar.com 
[Unicode]
မြင့်မြတ်နဲ့အဆိုတော်တွေအပြိုင်ကြဲထားတဲ့  Special 9 ရုပ်ရှင်ဇာတ်ကားကြီး
ရုပ်ရှင်ချစ်သူပရိသတ်တွေအတွက် လာမယ့် စက်တင်ဘာလမှာပြသမယ့် မြန်မာဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ တချို့ကတော့ နာမည်ကြားဖူးနေတာလည်း ရှိနိုင်ပေမယ့် ဒီဇာတ်ကားမှာ ပရိသတ်အချစ်တေ်ာ အကယ်ဒမီမြင့်မြတ်နဲ့ နာမည်ကြီးအဆိုတော်တွေအတူတူပါဝင်ထားကြတယ်ဆိုတေ့ာ စိတ်ဝင်စားစရာပါပဲ။
Special 9
သရုပ်ဆောင်မြင့်မြတ်၊ ယုန်လေး၊ ထူးအယ်လင်း၊ သားသား၊ ဆန်းတိုးနိုင်၊ နိုင်းဝမ်း၊ Ice Cold စတဲ့ နာမည်ကျော်အနုပညာရှင်တွေတက်ညီလက်ညီ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကားပုံစံဖြစ်ပါတယ်။ အဆိုတော်သရုပ်ဆောင် ယုန်လေးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ မင်းသားမင်းသမီးတွေချည်းမဟုတ်ဘဲ ဟစ်ဟော့အဆိုတော်တွေနဲ့ပါ တွဲဖက်ရိုက်ကူးထားတာမို့ အမြင်သစ်တစ်မျိုးနဲ့ ပရိသတ်ကိုဖမ်းစားနိုင်ဦးမှာသေချာပါတယ်။
ပိုစတာကလည်း အမိုက်စားဖြစ်တာမို့ ရုံမတင်ခင်မှာကထဲက ပွဲဆူနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဘဝသရုပ်ဖော်ဇာတ်ကားတွေရိုက်ကူးလေ့ရှိတဲ့ သဘာ၀ မင်းသား မြင့်မြတ်ကိုတော့ ဒီဇာတ်ကားမှာ မမြင်ဖူးတဲ့ ဇာတ်ရုပ်တစ်မျိုးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ ပရိသတ်တွေလည်း “Special 9″ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ရင် အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။
Photos Credit –  Kyaw Zin Latt facebook
Stella(Akhayar)
www.Akhayar.com