၂၀၁၇ အတွင်း ထွက်ရှိလာမယ့် နာမည်ကြီး ဒိတ်ဒိတ်ကြဲ သရဲကားများ

 

၂၀၁၇ မှာ ကြည့်စရာ ဇာတ်ကားကောင်းကောင်းမရှိဘူး ထင်ပြီး ပျင်းနေကြပြီလား။ တခြားရုပ်ရှင်အမျိုးအစားတွေတော့ မသိပေမယ့် သရဲကား ချစ်သူတွေအတွက်တော့ ဟိုးအရင်တည်းက နာမည်ကြီးခဲ့တဲ့ သရဲကားကောင်းကောင်းတွေရဲ့ အဆက် ဇာတ်လမ်းတွေဟာ ၂၀၁၇မှာ ခုလို တန်းစီ ထွက်ရှိလာပါတော့မယ်။

 

  • Resident Evil : The Final Chapter (Jan 27th 2017)

Resident Evil ရဲ့ The Final Chapter မှာ မင်းသမီး Mila Jovovich ပြန်လည်ပါဝင်ထားပြီး သူနဲ့ Umbrella Corporation ရဲ့ အားပြိုင်မှုတွေကို အရင်အတိုင်း စိတ်လှုပ်ရှားဖွယ်၊ ကြောက်မက်ဖွယ် ဇာတ်ဝင်ခန်းတွေနဲ့ အတူ ကြည့်ရှုရမှာပါ။

 

  • Rings (Feb 3rd 2017)

Trailer အရတော့ Rings ဇာတ်ကားတွေထဲမှာ ဒီကားက အကြမ်းဆုံးဖြစ်မှာပါ။ ဇာတ်လမ်းက အရင်အတိုင်း အခွေကြည့်ပြီး ၇ရက်အကြာမှာ တစ်ခုခုဖြစ်လာတယ်ဆိုပေမယ့် ဒီဇာတ်ကားမှာတော့ ဘယ်လိုတွေ ပိုကြမ်းမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။

 

  • Underworld : Blood Wars (June 30th 2017)

တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား အပြတ်ရှင်းဖို့ ကတိပြုထားကြတဲ့ Lycan werewolf တွေနဲ့ Vampire တွေရဲ့ အံ့မခန်း အားပြိုင်မှုတွေကို ဆက်လက်ကြည့်ရှုရမှာပါ။

 

  • World War Z 2

အရင် World War Z ရဲ့ အဆက်ဖြစ်ပြီး Brad Pitt ပြန်လည် ပါဝင်လာမယ်လို့ သိရပါတယ်။ Released Date ကိုတော့ မကြေငြာသေးပါဘူး။

 

  • Annabelle 2 (August 11 2017)

Annabelle ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်ပြီး ဇာတ်လမ်း အသေးစိတ်တော့ မထွက်သေးပါဘူးခင်ဗျာ။

 

You May Also Like : “ရိုးရိုးလေးနဲ့ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားများ

 

  • Amityville: Awakening (January 6, 2017)

အိမ်တစ်လုံးရဲ့ ခြောက်လှန့်မှုက ဘယ်လိုမျိုးလဲ၊ အရင် Amityville မှာ ရခဲ့တဲ့ ခြောက်ခြားမှုတွေကရော ဒီကားမှာ ဆက်ရှိနေပါဦးမလား ကြည့်ရမှာပါ။

 

  • Insidious 4 (Oct 20, 2017)

Insidious 1,2 လောက်မှာ ကောင်းပေမယ့် 3 လောက်မှာ နည်းနည်းရိုးအီသွားခဲ့တဲ့ အတွက် အခု Insidious 4 မှာတော့ ဘယ်လို ကျွန်တော်တို့ကို ဘယ်လို ပြန်ပြီး ဆွဲဆောင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

 

  • Cult of Chucky

ကျွန်တော်တို့ ငယ်ငယ်က အသည်းစွဲ Chucky တစ်ကောင်ကတော့ ၂၀၁၇ မှာ ပြန်လာပါပြီ ခင်ဗျာ။ Released Date မသိရသေးပေမယ့် ဇာတ်ကားကောင်းတစ်ကောင်းတော့ ဖြစ်မှာ အသေအချာပါပဲဗျာ။

 

  • The Mummy (June 9 2017)

မင်းသား Tom Cruise နဲ့ မင်းသမီး Sofia Boutella ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၇ အတွက် ဒီ အသစ်စက်စက် Mummy ကားကတော့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက  သချိင်္ုင်းဂူထဲမှာ ပိတ်မိနေရာက ခေတ်သစ်ကမ္ဘာမှာ ပြန်လည် နိုးထလာတဲ့ အခါ ဘာတွေ ကြုံရမယ်ဆိုတာ စောင့်မျှော်ကြည့်ရှုရဦးမှာပါ။

 

  • Friday the 13th

ဂန္တဝင် လူသတ်သမားကြီး Jason Voorhees ဟာ ဒီ ဇာတ်ကားသစ်မှာ ဘယ်လို ဇာတ်လမ်းမျိုးနဲ့ ပါဝင်လာမလဲဆိုတာ ရင်ခုန်စွာ ကြည့်ရှုရမှာပါ။

 

ရိုးလူ (အခရာ)

www.akhayar.com