[Zawgyi]

မတြဲစဖူးအတြဲထူးတဲ့ ဆယ္လီေတြ ပါ၀င္မယ့္ ကုိရီးယားဇာတ္လမ္းတြဲ အသစ္မ်ား

ကုိရီးယားဇာတ္လမ္းတြဲေတြဟာ တစ္ကားဆုိ တစ္ကားဆုိသေလာက္ ရင္ထဲက်န္ခဲ့တာမုိ႕ သူတုိ႕ရဲ႕ ျပည္တြင္းမွာသာမက အာရွႏုိင္ငံေတြအထိပါ အႏုပညာနဲ႕ ထိုးေဖာက္လႊမ္းမုိးႏုိင္တာျဖစ္ပါတယ္။ လက္တစ္ေလာ ပရိသတ္ေတြသေဘာက်ေနတဲ့ What’s wrong with Scretary Kim ဆုိတ့ဲ့ ဒရာမာကလည္း ဇာတ္သိမ္းပုိင္းထြက္သြားျပီဆုိေတာ့ ၾကည့္စရာဇာတ္ကားမရွိဘူးဆုိျပီး ညစ္ေနတဲ့သူေတြရွိရင္ Akhayar က သတင္းေကာင္းေလးေပးခ်င္ပါတယ္။ ကုိရီးယားခ်စ္သူေတြအေနနဲ႕ လာမယ့္လေတြမွာ မလြတ္တမ္းေစာင့္ၾကည့္ရမယ့္ ဇာတ္ကားေကာင္း(၁၃)ကားရွိပါတယ္။ ဒီဇာတ္လမ္းတြဲေတြမွာ ဘယ္နာမည္ၾကီးကုိရီးယားဆယ္လီေတြပါ၀င္သရုပ္ေဆာင္ထားလဲဆုိတာ ၾကည့္လုိက္ပါဦးေနာ္။

(၁) Asdal Chronicles

Asdal Chronicle

ဒီဇာတ္ကားေလးမွာ ဒါရုိက္တာရင္ ဇာတ္ေကာင္နဲ႕ လူသိမ်ားခဲ့တဲ့ ေတာင္ကုိရီးယားထိပ္တန္းမင္းသား Jang Dong Gun နဲ႕ Song Joong Ki ၊ မင္းသမီး Kim Ji Won တုိ႕ ပါ၀င္သရုပ္ေဆာင္ထားျပီး ဂ်ဳိေဆာင္ေခတ္က သမုိင္းေၾကာင္းကုိ အေျခခံျပီး ရုိက္ကူးထားတဲ့ ရာဇ၀င္ဇာတ္ကားပုံစံျဖစ္္ပါတယ္။

Song Hye Kyo & Park Bo Gum

(၂) Boyfriend
အြန္ေစာလုိ႕ ျမန္မာပရိသတ္ေတြရင္းႏွီးျပီးသားျဖစ္တဲ့ မင္းသမီးSong Hye Kyo နဲ႕ မင္းသား Park Bo Gum တုိ႕ကုိ ဒီ Boyfriend ဇာတ္လမ္းတြဲေလးမွာ ခ်စ္သူရည္းစားေတြအျဖစ္ ေတြ႕ျမင္ရမွာျဖစ္ျပီး လာမယ့္ ႏုိ၀င္ဘာလကစျပီး TvN ရုပ္သံလုိင္းမွာ ျပသမယ္လုိ႕သိရပါတယ္။

Lee Seung Gi & Bae Suzy

(၃) Vagabond
ဒီဇာတ္ကားေလးမွာေတာ့ ေတာင္ကုိရီးယားရဲ႕နာမည္ေက်ာ္ေတြျဖစ္တဲ့ မင္းသား Lee Seung Gi နဲ႕ ေကေပါ့အဆုိေတာ္၊ သရုပ္ေဆာင္ Bae Suzy တုိ႕က ပါ၀င္သရုပ္ေဆာင္ထားတာေတြ႕ရမွာပါ။

Park Shin Hye , Hyun Bin

(၄) Memories of Alhambra
ဒီဇာတ္လမ္းတြဲေလးက အခ်စ္၊ အက္ရွင္ ရသမ်ိဳးစုံကုိ ထည့္သြင္းထားျပီး ကုိးရီးယားမင္းသမီးေခ်ာ Park Shin Hye နဲ႕ Hyun Bin တုိ႕အဓိကပါ၀င္သရုပ္ေဆာင္ထားတာေတြ႕ရမွာပါ။ ၂၀၁၉ ခုႏွစ္မွာ စတင္ျပသေတာ့မယ္လုိ႕ သိရျပီး ပရိသတ္ေတြအၾကဳိက္ေတြ႕ဦးမယ့္ ဇာတ္ကားျဖစ္မွာပါ။

Ji Sung & Han Ji Min

(၅) Familiar Wife
၂၀၁၈ ခုနွစ္လာမယ့္ ၾသဂုတ္လမွာ ျပသမယ့္အခ်စ္ဇာတ္ျမဴးပုံစံေလးရုိက္ကူးထားတဲ့ Familiar Wife ဇာတ္လမ္းတြဲေလးမွာေတာ့ ပရိသတ္ေတြမ်က္မွန္းတန္းမိျပီးသားမင္းသားတစ္လက္ျဖစ္တဲ့ Han Ji Min နဲ႕ Ji Sung တုိ႕ ကအတြဲညီညီပါ၀င္သရုပ္ေဆာင္ထားတယ္လုိ႕သိရပါတယ္။

Park Shi Hoo & Song Ji Hyo

(၆) Lovely Horribly
Running Man အဖြဲ႕၀င္ေလး ပရိသတ္အခ်စ္ေတာ္ Song Ji Hyo က ဇာတ္ေဆာင္မင္းသမီအေနနဲ႕ ပါ၀င္သရုပ္ေဆာင္ထားတဲ့ Lovely Horribly ကုိလည္း မလြတ္တမ္းေစာင့္ၾကည့္ဖုိ႕လုိပါလိမ့္မယ္ေနာ္။ Song Ji Hyo ဟာ မင္းသားေခ်ာ Park Shi Hoo နဲ႕အတူ ဘယ္လုိမ်ိဳးပါ၀င္သရုပ္ေဆာင္ထားမလဲဆုိတာ စိတ္၀င္စားစရာပါပဲ။

Jung So Min & Seo In Guk

(၇)Hundred Million Stars from the Sky
ဟန္ေဆာင္အနမ္းဇာတ္လမ္းတြဲေလးနဲ႕ ပရိသတ္အားေပးမႈရရွိခဲ့တဲ့ မင္းသမီးေခ်ာေလး Jung So Min ဟာ ဒီဇာတ္လမ္းတြဲေလးမွာ မင္းသား Seo In Guk နဲ႕အတူ ပါ၀င္သရုပ္ေဆာင္ထားတာျဖစ္ျပီး လာမယ့္ စက္တင္ဘာလမွာ ျပသေတာ့မွာျဖစ္တယ္လုိ႕ သိရပါတယ္။

Jung So Min & Seo In Guk

(၈)Fate & Wrath
ဒီဇာတ္လမ္းတြဲေလးမွာေတာ့ အတြဲညီတဲ့ မင္းသားJoo Sang Wook နဲ႕ အသက္(၃၅)ႏွစ္အရြယ္မင္းသမီး Lee Min Jung တုိ႕က ပါ၀င္သရုပ္ေဆာင္ထားျပန္ပါတယ္။ ဇာတ္ကားမထြက္ခင္မွာ ပုိစတာၾကည့္တာနဲ႕တင္ ပရိသတ္တုိင္္းစိတ္၀င္စားေနေလာက္ပါျပီ။

D.O (Exo) & Nam Ji Hyun

(၉) Hundred Day Husband
Exo ပရိသတ္ေတြကေတာ့ ဒီဇာတ္ကားကုိမျဖစ္မေနေစာင့္ၾကည့္ဖုိ႕လုိမယ္ထင္တယ္ေနာ္္။ ႏႈတ္ခမ္းနီမေလးေတြအသဲေက်ာ္ Exo အဖြဲ႕၀င္ D.O နဲ႕ ခ်စ္စရာေကာင္းတဲ့ မင္းသမီးေခ်ာေလး Nam Ji Hyun တုိ႕ဟာ အသက္ငယ္ရြယ္ေသးတဲ့ အႏုပညာရွင္ေတြျဖစ္တာမုိ႕ ဒီဇာတ္ကားမွာ ႏွစ္ေယာက္စလုံး ခ်စ္စရာေကာင္းေနၾကမွာေသခ်ာပါတယ္။

Krystal & Song Seung Hon

(၁၀)Player
ျမန္မာပရိသတ္ေတြပါးစပ္ဖ်ား ဂၽြန္ေစာလုိ႕ နာမည္တြင္ခဲ့တဲ့ ၀ါရင့္မင္းသားတစ္လက္ျဖစ္သူ Song Seung Hon က အေမရိကန္ႏုိင္ငံဖြား ကုိရီးယားမင္းသမီးေခ်ာေလး Krystal နဲ႕ ပါ၀င္သရုပ္ေဆာင္ထားတယ္လုိ႕သိရပါတယ္။ ညိဳ႕အားျပင္းျပီး ဆြဲေဆာင္မႈကိုယ္စီရွိၾကတဲ့ သူေတြမုိ႕ ဒီဇာတ္ကားက လူၾကဳိက္မ်ားဦးမွာ ေသခ်ာပါတယ္။

Park Hae Jin & Nana

(၁၁)Four Men
နာမည္ေက်ာ္ေတြျဖစ္ၾကတဲ့ Park Hae-jin နဲ႕ Nana တုိ႕က ရူးရူးမူးမူးခ်စ္မိၾကတဲ့ သူေတြအျဖစ္ သရုပ္ေဆာင္ထားတဲ့ အခ်စ္ဒရမ္မာေလးျဖစ္တာမုိ႕ ပရိသတ္ေတြအၾကဳိက္ေတြ႕ဦးမွာပါ။

Ha Ji Won , Jin Goo

(၁၂)Prometheus
မႏွစ္က ေမာင္ျဖစ္သူကြယ္လြန္သြားလုိ႕ စိတ္ထိခုိက္ေနခဲ့တဲ့ Ha Ji Won တစ္ေယာက္ အႏုပညာလႈပ္ရွားမႈေတြျပန္လုပ္ေနျပီလုိ႕ ဆုိႏုိင္ပါတယ္။ ဒီဇာတ္ကားမွာ မင္းသမီး Ha Ji Won က Jin Goo နဲ႕အတူ ပါ၀င္သရုပ္ေဆာင္ထားတယ္လုိ႕သိရပါတယ္။

Jung In Sun & Jung In Sun

(၁၃) Terius Behind Me

ဘတ္ေခ်ာအြန္းလုိ႕ ျမန္မာပရိသတ္ေတြပါးစပ္ဖ်ားေရပန္းစားခဲ့တဲ့ နာမည္ၾကီး မင္းသား So Ji Sub ဟာ ဒီကားမွာ မင္းသမီးေခ်ာ Jung In Sun နဲ႕အတူ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။

Stella (Akhayar)

www.Akhayar.com

[Unicode]

မတြဲစဖူးအတြဲထူးတဲ့ ဆယ္လီေတြ ပါ၀င္မယ့္ ကုိရီးယားဇာတ္လမ္းတြဲ အသစ္မ်ား

ကိုရီးယားဇာတ်လမ်းတွဲတွေဟာ တစ်ကားဆို တစ်ကားဆိုသလောက် ရင်ထဲကျန်ခဲ့တာမို့ သူတို့ရဲ့ ပြည်တွင်းမှာသာမက အာရှနိုင်ငံတွေအထိပါ အနုပညာနဲ့ ထိုးဖောက်လွှမ်းမိုးနိုင်တာဖြစ်ပါတယ်။ လက်တစ်လော ပရိသတ်တွေသဘောကျနေတဲ့ What’s wrong with Scretary Kim ဆိုတဲ့ ဒရာမာကလည်း ဇာတ်သိမ်းပိုင်းထွက်သွားပြီဆိုတော့ ကြည့်စရာဇာတ်ကားမရှိဘူးဆိုပြီး ညစ်နေတဲ့သူတွေရှိရင် Akhayar က သတင်းကောင်းလေးပေးချင်ပါတယ်။ ကိုရီးယားချစ်သူတွေအနေနဲ့ လာမယ့်လတွေမှာ မလွတ်တမ်းစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်း(၁၃)ကားရှိပါတယ်။ ဒီဇာတ်လမ်းတွဲတွေမှာ ဘယ်နာမည်ကြီးကိုရီးယားဆယ်လီတွေပါဝင်သရုပ်ဆောင်ထားလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

Asdal Chronicle

(၁) Asdal Chronicles
ဒီဇာတ်ကားလေးမှာ ဒါရိုက်တာရင် ဇာတ်ကောင်နဲ့ လူသိများခဲ့တဲ့ တောင်ကိုရီးယားထိပ်တန်းမင်းသား Jang Dong Gun နဲ့ Song Joong Ki ၊ မင်းသမီး Kim Ji Won တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဂျိုဆောင်ခေတ်က သမိုင်းကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရာဇဝင်ဇာတ်ကားပုံစံဖြစ်ပါတယ်။

Song Hye Kyo & Park Bo Gum

(၂) Boyfriend
အွန်စောလို့ မြန်မာပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ မင်းသမီးSong Hye Kyo နဲ့ မင်းသား Park Bo Gum တို့ကို ဒီ Boyfriend ဇာတ်လမ်းတွဲလေးမှာ ချစ်သူရည်းစားတွေအဖြစ် တွေ့မြင်ရမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလကစပြီး TvN ရုပ်သံလိုင်းမှာ ပြသမယ်လို့သိရပါတယ်။

Lee Seung Gi & Bae Suzy

(၃) Vagabond
ဒီဇာတ်ကားလေးမှာတော့ တောင်ကိုရီးယားရဲ့နာမည်ကျော်တွေဖြစ်တဲ့ မင်းသား Lee Seung Gi နဲ့ ကေပေါ့အဆိုတော်၊ သရုပ်ဆောင် Bae Suzy တို့က ပါဝင်သရုပ်ဆောင်ထားတာတွေ့ရမှာပါ။

Park Shin Hye , Hyun Bin

(၄) Memories of Alhambra
ဒီဇာတ်လမ်းတွဲလေးက အချစ်၊ အက်ရှင် ရသမျိုးစုံကို ထည့်သွင်းထားပြီး ကိုးရီးယားမင်းသမီးချော Park Shin Hye နဲ့ Hyun Bin တို့အဓိကပါဝင်သရုပ်ဆောင်ထားတာတွေ့ရမှာပါ။ ၂၀၁၉ ခုနှစ်မှာ စတင်ပြသတော့မယ်လို့ သိရပြီး ပရိသတ်တွေအကြိုက်တွေ့ဦးမယ့် ဇာတ်ကားဖြစ်မှာပါ။

Han Ji Min & Ji Sung

(၅) Familiar Wife
၂၀၁၈ ခုနှစ်လာမယ့် သြဂုတ်လမှာ ပြသမယ့်အချစ်ဇာတ်မြူးပုံစံလေးရိုက်ကူးထားတဲ့ Familiar Wife ဇာတ်လမ်းတွဲလေးမှာတော့ ပရိသတ်တွေမျက်မှန်းတန်းမိပြီးသားမင်းသားတစ်လက်ဖြစ်တဲ့ Han Ji Min နဲ့ Ji Sung တို့ ကအတွဲညီညီပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

Park Shi Hoo & Song Ji Hyo

(၆) Lovely Horribly
Running Man အဖွဲ့ဝင်လေး ပရိသတ်အချစ်တော် Song Ji Hyo က ဇာတ်ဆောင်မင်းသမီအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ Lovely Horribly ကိုလည်း မလွတ်တမ်းစောင့်ကြည့်ဖို့လိုပါလိမ့်မယ်နော်။ Song Ji Hyo ဟာ မင်းသားချော Park Shi Hoo နဲ့အတူ ဘယ်လိုမျိုးပါဝင်သရုပ်ဆောင်ထားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Jung So Min & Seo In Guk

(၇)Hundred Million Stars from the Sky
ဟန်ဆောင်အနမ်းဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ မင်းသမီးချောလေး Jung So Min ဟာ ဒီဇာတ်လမ်းတွဲလေးမှာ မင်းသား Seo In Guk နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး လာမယ့် စက်တင်ဘာလမှာ ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Jung So Min & Seo In Guk

(၈)Fate & Wrath
ဒီဇာတ်လမ်းတွဲလေးမှာတော့ အတွဲညီတဲ့ မင်းသားJoo Sang Wook နဲ့ အသက်(၃၅)နှစ်အရွယ်မင်းသမီး Lee Min Jung တို့က ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်။ ဇာတ်ကားမထွက်ခင်မှာ ပိုစတာကြည့်တာနဲ့တင် ပရိသတ်တိုင်းစိတ်ဝင်စားနေလောက်ပါပြီ။

D.O (Exo) & Nam Ji Hyun

(၉) Hundred Day Husband
Exo ပရိသတ်တွေကတော့ ဒီဇာတ်ကားကိုမဖြစ်မနေစောင့်ကြည့်ဖို့လိုမယ်ထင်တယ်နော်။ နှုတ်ခမ်းနီမလေးတွေအသဲကျော် Exo အဖွဲ့ဝင် D.O နဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး Nam Ji Hyun တို့ဟာ အသက်ငယ်ရွယ်သေးတဲ့ အနုပညာရှင်တွေဖြစ်တာမို့ ဒီဇာတ်ကားမှာ နှစ်ယောက်စလုံး ချစ်စရာကောင်းနေကြမှာသေချာပါတယ်။

Krystal & Song Seung Hon

(၁၀)Player
မြန်မာပရိသတ်တွေပါးစပ်ဖျား ဂျွန်စောလို့ နာမည်တွင်ခဲ့တဲ့ ဝါရင့်မင်းသားတစ်လက်ဖြစ်သူ Song Seung Hon က အမေရိကန်နိုင်ငံဖွား ကိုရီးယားမင်းသမီးချောလေး Krystal နဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ညို့အားပြင်းပြီး ဆွဲဆောင်မှုကိုယ်စီရှိကြတဲ့ သူတွေမို့ ဒီဇာတ်ကားက လူကြိုက်များဦးမှာ သေချာပါတယ်။

Park Hae Jin & Nana

(၁၁)Four Men
နာမည်ကျော်တွေဖြစ်ကြတဲ့ Park Hae-jin နဲ့ Nana တို့က ရူးရူးမူးမူးချစ်မိကြတဲ့ သူတွေအဖြစ် သရုပ်ဆောင်ထားတဲ့ အချစ်ဒရမ်မာလေးဖြစ်တာမို့ ပရိသတ်တွေအကြိုက်တွေ့ဦးမှာပါ။


(၁၂)Prometheus
မနှစ်က မောင်ဖြစ်သူကွယ်လွန်သွားလို့ စိတ်ထိခိုက်နေခဲ့တဲ့ Ha Ji Won တစ်ယောက် အနုပညာလှုပ်ရှားမှုတွေပြန်လုပ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသမီး Ha Ji Won က Jin Goo နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်

Jung In Sun & Jung In Sun

(၁၃) Terius Behind Me
ဘတ်ချောအွန်းလို့ မြန်မာပရိသတ်တွေပါးစပ်ဖျားရေပန်းစားခဲ့တဲ့ နာမည်ကြီး မင်းသား So Ji Sub ဟာ ဒီကားမှာ မင်းသမီးချော Jung In Sun နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Stella(Akhayar)

www.Akhyar.com