[Zawgyi]

၂၀၁၈မွာ ျပသမယ့္ Animated Cartoon Movie မ်ား

Cartoon Movie ေတြဆိုတာဘယ္ေတာ့မွ ၾကည့္လို႔႐ိုးမသြားဘူး။ ၾကည့္ေနတဲ့သူေတြကိုလည္း တစ္ေယာက္တည္းၾကည့္ေနရင္ေတာင္မွ လံုးဝအထီးမက်န္ေစဘူး။ စိတ္ညစ္တဲ့အခါ၊ ေဒါသအရမ္းထြက္ေနတယ္ဆိုရင္ ကာတြန္းကားတစ္ကားေျပးၾကည့္လိုက္ရင္ ခ်က္ခ်င္းကို ေပ်ာက္သြားေရာ။

ငယ္ငယ္က Tom and Jerry ကေနစလိုက္ရကေန Tarzan ၊ Toy Story ၊ Cars နဲ႔ Frozen လုိ ကာတြန္းေတြၾကေတာ့ Character Creation ေတြပိုေကာင္းလာျပီး Story Line ေတြလည္းပိုၿပီးေကာင္းလာတယ္။ ဒီလုိမ်ိဳးေနာက္ပိုင္း ထြက္လာတဲ့ Animated Cartoon Movie ေတြကပိုၾကည့္လို႔ေကာင္းၿပီး ပိုရယ္ရလာေတာ့ အခု ၂၀၁၈မွာလည္း ဘယ္လိုကာတြန္းကားေတြ ဘယ္လိုရယ္စရာကားေလးေတြ ျပသလာဦးမလဲဆိုတာၾကည့္ရေအာင္။

၁။ Hotel Transylvania 3

Hotel-Transylvania-3-Summer-Vacation-Movie

Source : https://teaser-trailer.com

သူကေတာ့ Dracula နဲ႔ Mummy ေတြ စတဲ့ Monster ေတြအားလံုးစုေပါင္းၿပီး တည္းခိုေနလို႔ရတဲ့ Hotel ၊ Hotel Transylvania ဆိုၿပီး Dracula မိသားစုအေၾကာင္းေလးနဲ႔ အဲဒီ Hotel ကို အရွင္လတ္လတ္လူသားတစ္ေယာက္က စူးစူးစမ္းစမ္းနဲ႔ေရာက္လာၾကတဲ့ ဇာတ္လမ္းေလးထြင္ၿပီး႐ိုက္ကူးထားတဲ့ ကာတြန္းကားေလးပဲျဖစ္ပါတယ္။ Hotel Transylvania 1 နဲ႔ 2 ေတာ့ထြက္ၿပီးႏွင့္ပါၿပီ။ ဒီ July မွာ Hotel Transylvania 3 – A Monster Vacation ဆိုၿပီး ထြက္ရွိလာဦးမယ္ဆိုၿပီး သိရပါတယ္။ ဒီတစ္ေခါက္လည္း ဘယ္လိုေတြရယ္ရဦးမလဲဆိုတာ Trailer ကို ၾကည့္လိုက္ရေအာင္။

၂။ The Incredibles 2

Incredibles 2

Source : https://twitter.com

The Incredibles ဆိုတာက လြန္ခဲ့တဲ့ ၁၄ႏွစ္က သားသားမီးမီး ကိုကိုမမေတြအားလံုးႀကိဳက္ႏွစ္သက္တဲ့ Super Family Hero ကားေလးျဖစ္ပါတယ္။ Super Hero စံုတြဲနဲ႔ ေမြးလာတဲ့ ေမာင္ႏွမသံုးေယာက္ အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔တိုက္ရခိုက္ရပံုေတြကို Comedy နဲ႔ Action ေပါင္းစပ္ၿပီး႐ိုက္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ေခါက္မွာေတာ့ The Incredibles Family က ျပန္ေရာက္လို႔လာေလၿပီ။ အငယ္ဆံုးအေထြးဆံုးရဲ႕ Power ေတြကို အသားေပးၿပီး ဇာတ္လမ္းတည္ထားတာကိုေတြ႕ရပါတယ္။ Trailer ေလးကိုၾကည့္လိုက္ရင္ အရင္ The Incredibles ကားအေဟာင္းကိုျပန္ၾကည့္ခ်င္စိတ္ျဖစ္သြားမွာပါ။ June လထဲမွာျပသမယ္လို႔ေတာ့ သိရွိရပါတယ္။

၃။ Peter Rabbit

Peter-Rabbit

Source : https://regalcrownclub.regmovies.com

ဒီဇာတ္လမ္းေလးေတာ့ လူသားေတြနဲ႔ Animation ဇာတ္ေကာင္ေလးေတြကို ေပါင္းစပ္ၿပီး႐ိုက္ကူးထားတဲ့ဇာတ္ကားေလးပဲျဖစ္ပါတယ္။ တိရစာၦန္ဆို တစ္စက္ကေလးေတာင္ ၾကည့္မရတဲ့ ဥယ်ာဥ္မွဴးနဲ႔ သူ႔ဥယ်ာဥ္ထဲမွာ ေနထိုင္စားေသာက္ေနတဲ့ ယုန္ေလးေတြ အေၾကာင္းကို႐ိုက္ထားတာျဖစ္ပါတယ္။ ၾကားထဲကမွ တိရစာၦန္ဆိုရင္ တုန္ေနေအာင္ကိုခ်စ္တဲ့ ဥယ်ာဥ္မွဴးရဲ႕ ခ်စ္သူေကာင္မေလးေၾကာင့္ ဘယ္လိုမတည့္တည့္ေအာင္ေနရတယ္ဆိုတာကို ေတြ႕ျမင္ရမွာပါ။ ယုန္ေလးကလည္း အေမႊးဖြားဖြားေလးေတြနဲ႔ခ်စ္ဖို႔ေကာင္းၿပီး ဇာတ္အိမ္ကလည္း ရယ္ေနရေတာ့ အားလံုးသေဘာက်ၾကမွာ က်ိန္းေသပါတယ္။

၄။ Sherlock Gnomes

Sherlock-Gnomes-movie

Source : https://regalcrownclub.regmovies.com

Sherlock Gnomes က Gnomeo and Juliet ကာတြန္းကားေလးရဲ႕ ေနာက္ဆက္ဇာတ္ကားေလးျဖစ္ပါတယ္။ ဒီတစ္ေခါက္ေတာ့ စံုေထာက္ဆရာ Sherlock Gnomes ကို ပိုၿပီး အသားေပးၿပီး႐ိုက္ထားပါတယ္။ ဒီတစ္ေခါက္ေရာ ဘယ္လိုစြန္႔စားခန္းေတြကို Gnomeo နဲ႔ Juliet က Sherlock Gnomes နဲ႔ အတူတူေက်ာျ္ဖတ္ဦးမလဲဆိုတာ Full Movie မျပသခင္ Trailer ကို အရင္ၾကည့္လိုက္ၾကရေအာင္ေနာ္။

၅။ The Grinch

dr_seuss_how_the_grinch_stole_christmas

Source : https://www.filmaffinity.com

The Grinch ကေတာ့ လူကားကို 3D Animation ကာတြန္းကားအျဖစ္ျပန္႐ိုက္ကူးထားတာျဖစ္ပါတယ္။ Christmas အခ်ိန္အခါမွာ သူမ်ားေတြခမ္းခမ္းနားနားက်င္းပေနၿပီဆိုရင္ လိုက္ဖ်က္စီးရမွေက်နပ္တဲ့သူျဖစ္တယ္။ သူ႔အတြက္ေပ်ာ္ရႊင္စရာဆိုတာ Christmas မွာလူတိုင္းကို အႏိုင္က်င့္ေနရတာပဲျဖစ္တယ္။ ဒါေပမယ့္ ၁၉၅၇ခုႏွစ္က ႐ိုက္ကူးထားသလိုမ်ိဳး ႐ုပ္ဆိုးဆိုးႀကီးမဟုတ္ေတာ့ပဲ Animation Character ဖန္တီးၿပီး ျပန္လည္႐ိုက္ကူးထားတာျဖစ္တဲ့အတြက္ အက်င့္ယုတ္ေနေပမယ့္လည္း ခ်စ္ဖို႔ေကာင္းေနတုန္းပါပဲ။ မယံုရင္ ဒီ Trailer ကိုၾကည့္ၾကည့္ပါေနာ္။

၆။ Small Foot

Small-foot

Source : https://www.showtimes.com

ဒီ Small Foot ဇာတ္ကားကေတာ့ Giant အေကာင္ေတြက လူေတြကို သတၱဝါဆန္းေတြဆိုၿပီး သတ္မွတ္ၾကတဲ့ကားေလးပဲျဖစ္ပါတယ္။ လူေတြရဲ႕ေျခေထာက္ေသးေသးေလးေတြ၊ ဆံပင္ေလးေတြအားလံုး က သူတို႔အတြက္ ထူးဆန္းလြန္းေနတယ္။ သတၱဝါအထူးအဆန္းျဖစ္တယ္ဆိုၿပီး Giant ေပါက္စေလးေတြကို ေၾကာက္ေအာင္ ျပန္ေျခာက္တာကို Trailer မွာၾကည့္ရပါတယ္။ ခန္႔မွန္းရသေလာက္ေတာ့ ေတာ္ေတာ္ေလးရယ္ရမယ့္ ကာတြန္းကားေကာင္းလို႔ပဲ ေတြးမိပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

၂၀၁၈မှာ ပြသမယ့် Animated Cartoon Movie များ

Cartoon Movie တွေဆိုတာဘယ်တော့မှ ကြည့်လို့ရိုးမသွားဘူး။ ကြည့်နေတဲ့သူတွေကိုလည်း တစ်ယောက်တည်းကြည့်နေရင်တောင်မှ လုံးဝအထီးမကျန်စေဘူး။ စိတ်ညစ်တဲ့အခါ၊ ဒေါသအရမ်းထွက်နေတယ်ဆိုရင် ကာတွန်းကားတစ်ကားပြေးကြည့်လိုက်ရင် ချက်ချင်းကို ပျောက်သွားရော။

ငယ်ငယ်က Tom and Jerry ကနေစလိုက်ရကနေ Tarzan ၊ Toy Story ၊ Cars နဲ့ Frozen လို ကာတွန်းတွေကြတော့ Character Creation တွေပိုကောင်းလာပြီး Story Line တွေလည်းပိုပြီးကောင်းလာတယ်။ ဒီလိုမျိုးနောက်ပိုင်း ထွက်လာတဲ့ Animated Cartoon Movie တွေကပိုကြည့်လို့ကောင်းပြီး ပိုရယ်ရလာတော့ အခု ၂၀၁၈မှာလည်း ဘယ်လိုကာတွန်းကားတွေ ဘယ်လိုရယ်စရာကားလေးတွေ ပြသလာဦးမလဲဆိုတာကြည့်ရအောင်။

၁။ Hotel Transylvania 3

Hotel-Transylvania-3-Summer-Vacation-Movie

Source : https://teaser-trailer.com

သူကတော့ Dracula နဲ့ Mummy တွေ စတဲ့ Monster တွေအားလုံးစုပေါင်းပြီး တည်းခိုနေလို့ရတဲ့ Hotel ၊ Hotel Transylvania ဆိုပြီး Dracula မိသားစုအကြောင်းလေးနဲ့ အဲဒီ Hotel ကို အရှင်လတ်လတ်လူသားတစ်ယောက်က စူးစူးစမ်းစမ်းနဲ့ရောက်လာကြတဲ့ ဇာတ်လမ်းလေးထွင်ပြီးရိုက်ကူးထားတဲ့ ကာတွန်းကားလေးပဲဖြစ်ပါတယ်။ Hotel Transylvania 1 နဲ့ 2 တော့ထွက်ပြီးနှင့်ပါပြီ။ ဒီ July မှာ Hotel Transylvania 3 – A Monster Vacation ဆိုပြီး ထွက်ရှိလာဦးမယ်ဆိုပြီး သိရပါတယ်။ ဒီတစ်ခေါက်လည်း ဘယ်လိုတွေရယ်ရဦးမလဲဆိုတာ Trailer ကို ကြည့်လိုက်ရအောင်။

၂။ The Incredibles 2

Incredibles 2

Source : https://twitter.com

The Incredibles ဆိုတာက လွန်ခဲ့တဲ့ ၁၄နှစ်က သားသားမီးမီး ကိုကိုမမတွေအားလုံးကြိုက်နှစ်သက်တဲ့ Super Family Hero ကားလေးဖြစ်ပါတယ်။ Super Hero စုံတွဲနဲ့ မွေးလာတဲ့ မောင်နှမသုံးယောက် အလွဲလွဲအချော်ချော်နဲ့တိုက်ရခိုက်ရပုံတွေကို Comedy နဲ့ Action ပေါင်းစပ်ပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ The Incredibles Family က ပြန်ရောက်လို့လာလေပြီ။ အငယ်ဆုံးအထွေးဆုံးရဲ့ Power တွေကို အသားပေးပြီး ဇာတ်လမ်းတည်ထားတာကိုတွေ့ရပါတယ်။ Trailer လေးကိုကြည့်လိုက်ရင် အရင် The Incredibles ကားအဟောင်းကိုပြန်ကြည့်ချင်စိတ်ဖြစ်သွားမှာပါ။ June လထဲမှာပြသမယ်လို့တော့ သိရှိရပါတယ်။

၃။ Peter Rabbit

Peter-Rabbit

Source : https://regalcrownclub.regmovies.com

ဒီဇာတ်လမ်းလေးတော့ လူသားတွေနဲ့ Animation ဇာတ်ကောင်လေးတွေကို ပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တိရစ္ဆာန်ဆို တစ်စက်ကလေးတောင် ကြည့်မရတဲ့ ဥယျာဉ်မှူးနဲ့ သူ့ဥယျာဉ်ထဲမှာ နေထိုင်စားသောက်နေတဲ့ ယုန်လေးတွေ အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ ကြားထဲကမှ တိရစ္ဆာန်ဆိုရင် တုန်နေအောင်ကိုချစ်တဲ့ ဥယျာဉ်မှူးရဲ့ ချစ်သူကောင်မလေးကြောင့် ဘယ်လိုမတည့်တည့်အောင်နေရတယ်ဆိုတာကို တွေ့မြင်ရမှာပါ။ ယုန်လေးကလည်း အမွှေးဖွားဖွားလေးတွေနဲ့ချစ်ဖို့ကောင်းပြီး ဇာတ်အိမ်ကလည်း ရယ်နေရတော့ အားလုံးသဘောကျကြမှာ ကျိန်းသေပါတယ်။

၄။ Sherlock Gnomes

Sherlock-Gnomes-movie

Source : https://regalcrownclub.regmovies.com

Sherlock Gnomes က Gnomeo and Juliet ကာတွန်းကားလေးရဲ့ နောက်ဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ စုံထောက်ဆရာ Sherlock Gnomes ကို ပိုပြီး အသားပေးပြီးရိုက်ထားပါတယ်။ ဒီတစ်ခေါက်ရော ဘယ်လိုစွန့်စားခန်းတွေကို Gnomeo နဲ့ Juliet က Sherlock Gnomes နဲ့ အတူတူကျောြ်ဖတ်ဦးမလဲဆိုတာ Full Movie မပြသခင် Trailer ကို အရင်ကြည့်လိုက်ကြရအောင်နော်။

၅။ The Grinch

dr_seuss_how_the_grinch_stole_christmas

Source : https://www.filmaffinity.com

The Grinch ကတော့ လူကားကို 3D Animation ကာတွန်းကားအဖြစ်ပြန်ရိုက်ကူးထားတာဖြစ်ပါတယ်။ Christmas အချိန်အခါမှာ သူများတွေခမ်းခမ်းနားနားကျင်းပနေပြီဆိုရင် လိုက်ဖျက်စီးရမှကျေနပ်တဲ့သူဖြစ်တယ်။ သူ့အတွက်ပျော်ရွှင်စရာဆိုတာ Christmas မှာလူတိုင်းကို အနိုင်ကျင့်နေရတာပဲဖြစ်တယ်။ ဒါပေမယ့် ၁၉၅၇ခုနှစ်က ရိုက်ကူးထားသလိုမျိုး ရုပ်ဆိုးဆိုးကြီးမဟုတ်တော့ပဲ Animation Character ဖန်တီးပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်တဲ့အတွက် အကျင့်ယုတ်နေပေမယ့်လည်း ချစ်ဖို့ကောင်းနေတုန်းပါပဲ။ မယုံရင် ဒီ Trailer ကိုကြည့်ကြည့်ပါနော်။

၆။ Small Foot

Small-foot

Source : https://www.showtimes.com

ဒီ Small Foot ဇာတ်ကားကတော့ Giant အကောင်တွေက လူတွေကို သတ္တဝါဆန်းတွေဆိုပြီး သတ်မှတ်ကြတဲ့ကားလေးပဲဖြစ်ပါတယ်။ လူတွေရဲ့ခြေထောက်သေးသေးလေးတွေ၊ ဆံပင်လေးတွေအားလုံး က သူတို့အတွက် ထူးဆန်းလွန်းနေတယ်။ သတ္တဝါအထူးအဆန်းဖြစ်တယ်ဆိုပြီး Giant ပေါက်စလေးတွေကို ကြောက်အောင် ပြန်ခြောက်တာကို Trailer မှာကြည့်ရပါတယ်။ ခန့်မှန်းရသလောက်တော့ တော်တော်လေးရယ်ရမယ့် ကာတွန်းကားကောင်းလို့ပဲ တွေးမိပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။