[Zawgyi]



HP Spectre 13

HP Spectre 13



Acer Nitro 5

Acer Nitro 5


Forever My Girl

Forever My Girl

Forever My Girl


Love, Simon

Love, Simon

Love, Simon


Adrift

Adrift

Adrift


Midnight Sun

Midnight Sun

Midnight Sun


Redrose (Akhayar)

www.akhayar.com


[Unicode]

2018 မှာ ရုံတင်ပြသမည့် Romantic Movie အသစ်များ

Romantic Movie တွေဆိုတာ လူကြီး လူငယ် ကျားမ မရွေး အသည်းကွဲနေသူတွေပါ မချန် အားလုံးရဲ့ အသည်းနှလုံးကို ချုပ်ကိုင်ထားနိုင်တဲ့ ဇာတ်လမ်းကားအမျိုးအစားဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် Notebook ၊ Romeo & Juliet တို့ဆိုရင် ကလေးကစ လူကြီး အဆုံး ကြိုက်နှစ်သက်ကြတဲ့ အချစ်ဇာတ်ကားတွေဖြစ်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ဒီတော့ာ အချစ်ဇာတ်ကားကောင်းကောင်းလေးကိုမှ ကြိုက်နှစ်သက်ကြတဲ့ Akhayar ပရိသတ်ကြီးများအတွက် ၂၀၁၈မှာ ပြသမယ့် Romantic Movie List ထဲမှ အကောင်းဆုံး Romantic ကားတွေဖြစ်မယ့်လို့ယူဆရတဲ့ Movie တွေကို Preview အနေနဲ့ တင်ပေးလိုက်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Forever My Girl

Forever My Girl

Forever My Girl

ဒီဇာတ်ကားလေးကတော့ နာမည်ကြီး Country အဆိုတော် Liam Page အဖြစ် Alex Roe နဲ့ Country Girl လေး Josie အဖြစ် Jessica Rothe တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Country Love Story ဇာတ်အိမ်ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပါတယ်။ မွေးရပ်မြေဖြစ်တဲ့ နေရာလေးကို Liam ပြန်ရောက်ရှိလာတဲ့အချိန်မှာ ၈နှစ်တာ ခွဲခွာခဲ့ရတဲ့ Josie အပြင် သူလုံးဝကို မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် Liam ဘယ်လိုတွေပြန်လည်ကြိုးစားပြီး Josie ကို ပေါင်းထုပ်နိုင်ခဲ့တယ်ဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Love, Simon

Love, Simon

Love, Simon

ဒီဇာတ်ကားကို ကြည့်ဖို့တော့ နည်းနည်းလေး Weird ဖြစ်မယ်ထင်တယ်။ သူ့ရဲ့ ဇာတ်ကြောင်းလေးကတော့ Gay Love Story အကြောင်းလေးကို ရိုက်ထားတာဖြစ်ပါတယ်။ လူအများလက်မခံတဲ့ ယောကျာ်းလေးအချင်းချင်းချစ်ကြိုက်ကြတဲ့အကြောင်းကို ပရိသတ်တွေကြားကို လူငယ်ဆန်ဆန် High School Story ပုံစံမျိုးလေးနဲ့ ချပြထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်လေးအတိုင်းပဲ လူငယ်ချောလေးတစ်ယောက်ဖြစ်တဲ့ Simon က High School တက်နေရင်းအချိန်မှာ သူများတွေနဲ့ တန်းတူချစ်ချင်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်လို့နေတယ်။ ဒါပေမယ့် သူ့ရဲ့ အခက်အခဲက မိန်းကလေးချစ်မရတဲ့ အခက်အခဲဖြစ်တယ်။ ဒီကြားထဲမှာမှ သူ့နည်းတူ ယောကျာ်းလေးတစ်ယောက်ရှိနေတယ်ဆိုတာကို တွေ့ရှိပြီး လိုက်ရှာတဲ့ အဖြစ်အပျက်လေးတွေကို ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။

Adrift

Adrift

Adrift

သူကတော့ Romantic ၊ Adventure ဇာတ်ကားလေးလည်းဖြစ်သလို ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ဝါသနာတူနှစ်ဦးဖြစ်တဲ့ ပင်လယ်ခရီးစွန့်စားရတာ ကြိုက်တဲ့ မိန်းကလေး Tami Oldham အဖြစ် Shailene Woodley နဲ့ သူ့နည်းတူ စွန့်စားရတာကို အရမ်းကို နှစ်သက်တဲ့ ကောင်လေး Richard Sharp အဖြစ် Sam Claflin တို့နှစ်ဦးတွေ့ဆုံမိခန်းကနေ ဇာတ်အိမ်လေးကို အစပျိုးထားပါတယ်။ တွေ့ဆုံရာကနေတစ်ဆင့် ချစ်ကြိုက်မိရင်းက Sailing ထွက်ဖြစ်ခဲ့ကြပါတယ်။ မိုင်ပေါင်းများစွာဝေးကွာလှတဲ့ ပင်လယ်ကြီးထဲမှာ သူတို့နှစ်ဦးတည်းသာရှိတဲ့ရွက်လှေလေးထဲမှာ ဘယ်လိုမျိုး အခက်အခဲတွေရင်ဆိုင်ရတယ်၊ ဘယ်လိုရှင်သန်ခဲ့ရတယ်ဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်အိမ်လေးတွေနဲ့ ပရိသတ်ကို ဖမ်းစားထားပါတယ်။

Midnight Sun

Midnight Sun

Midnight Sun

အချစ်ကားဇာတ်လမ်းစစ်စစ်တွေကိုမှ သဘောကျတဲ့သူဆိုရင်တော့ Midnight Sun က အကြိုက်တွေ့စေမယ့် ဇာတ်ကားလို့ယူဆလို့ရနိုင်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် Katie Price အဖြစ် Bella Throne က နေရောင်ခြည်နဲ့ ထိတွေ့လို့မရတဲ့ ရောဂါမျိုးကို ခံစားနေရတဲ့ ကောင်မလေးဖြစ်ပါတယ်။ သူ့မှာ နှစ်ရှည်လများ ကျိတ်ကြွေနေရတဲ့ အိမ်နီးချင်းကောင်လေး Charlie အဖြစ် Patrick Schwarzenegger နဲ့ မထင်မှတ်ပဲ ချစ်ကြိုက်မိတဲ့ အချစ်ဇာတ်အိမ်လေးအဖြစ် ဇာတ်လမ်းတည်ထားတာဖြစ်ပါတယ်။ ချစ်ကြိုက်မိရင်း Katie ရဲ့ ရောဂါအကြောင်း ရှာတွေ့ခဲ့ပုံနဲ့ သူနဲ့အတူ အခက်အခဲတွေအားလုံးကို အတူတူရင်ဆိုင်ခဲ့ပုံတွေကို ရိုက်ကူးထားပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။