[ZawGyi]

ငွက္ေပ်ာခြံတစ္ခုလံုး အသံုးခ်နည္းမ်ား

စူပါအသီးအႏွံထဲမွာပါဝင္တဲ႔ငွက္ေပ်ာသီးကိုစားရံုတင္မက ငွက္ေပ်ာခြံကိုပါဘက္စံုေထာင္႔စံု အသံုးခ်လုိ႔ရတယ္ဆုိတာသိျပီးၾကျပီလား။ တကယ္ေတာ႔ ဗီတာမင္ၾကြယ္ဝလြန္းတဲ႔ ငွက္ေပ်ာသီးနဲ႔ ငွက္ေပ်ာခြံဟာ လူေတြၾကံဳရေလ႔ရွိတဲ႔ ျပႆနာေတြအတြက္အမ်ားၾကီးအသံုးဝင္ပါတယ္။ အျမဲတမ္းလုိလို ကိုယ္ေတြလႊင္႔ပစ္လုိက္မိတဲ႔ ငွက္ေပ်ာခြံေတြဟာ ဘယ္လုိအသံုးဝင္လဲဆုိတာ ေလ႔လာၾကည္႔လုိက္ရေအာင္။

ဝက္ျခံေတြကိုေလ်ာ႔ပါးေစတယ္

ငွက္ေပ်ာခြံမွာ ဗီတာမင္ C နဲ႔ ဗီတာမင္ E ၾကြယ္ဝသလုိ Potassium ၊ Zinc ၊ Iron ၊ Manganese တုိ႔လည္းပါဝင္ပါတယ္။ ဒီအာဟာရဓာတ္ေတြက အေရျပားေရာင္ရမ္းနာက်င္မႈေတြကိုသက္သာေစျပီး ဝက္ျခံေတြကိုလည္းသက္သာေစပါတယ္။ ငွက္ေပ်ာခြံမွာ Lutein နဲ႔ Carotenoids လို႔ေခၚတဲ႔ အဆီေပ်ာ္ဝင္ေနတဲ႔Compound ေတြပါဝင္ျပီးေရာင္ရမ္းနာက်င္ျခင္းနဲ႔ ဝက္ျခံျပႆနာေတြကို ကုစားေပးႏိုင္ပါတယ္။

acne

acne

-ဒါေၾကာင္႔ အေရျပားေပၚကို ငွက္ေပ်ာခြံနဲ႔ ၅ မိနစ္မွ ၁၀ မိနစ္ခန္႔ပြတ္တုိက္ပါ။ ျပီးရင္မ်က္ႏွာသစ္ပါ။ တစ္ေန႔ကို ၂ ၾကိမ္ျပဳလုပ္ရင္ ဝက္ျခံေတြေလ်ာ႔ပါးလာတာေတြ႔ရပါလိမ္႔မယ္။

မ်က္လံုးတစ္ဝိုက္က အေရးေၾကာင္းေတြကိုေလ်ာ႔ပါးေစတယ္

အေရျပားရဲ႕က်ဳ႕ံဆန္႔ႏိုင္စြမ္းအားနဲ႔ က်စ္လစ္တင္းရင္းမႈေတြေလ်ာ႔ပါးလာျပီဆုိရင္ မ်က္ဝန္းတစ္ဝိုက္မွာအေရးေၾကာင္းေတြေပၚလာတတ္ပါတယ္။ ငွက္ေပ်ာခြံမွာပါဝင္တဲ႔ ဓာတ္တုိးဆန္႔က်င္ပစၥည္းနဲ႔ ဗီတာမင္ C က အေရးေၾကာင္းေတြကိုေပ်ာက္ကင္းေစႏို္င္ပါတယ္။

reduce-wrinkle

reduce-wrinkle

ဒီ႔အတြက္ ငွက္ေပ်ာခြံကိုဒီလုိ အသံုးခ်ပါ။

-ငွက္ေပ်ာခြံကို မ်က္ဝန္းေဘးတစ္ဝိုက္နဲ႔ မ်က္လံုးေအာက္ကိုသုတ္လိမ္းျပီး နာရီဝက္ ဒါမွမဟုတ္ တစ္ညထားပါ။ ျပီးရင္မ်က္ႏွာသစ္ျပီး မ်က္ႏွာကိုအစိုဓာတ္ျဖည္႔ပါ။ တစ္ပတ္မွာ ၃ ၾကိမ္ျပဳလုပ္ပါ။ အေရးေၾကာင္းေတြေလ်ာ႔ပါးလာတာေတြ႔ရပါလိမ္႔မယ္။

ေငြထည္ပစၥည္းေတြကိုလည္း ေျပာင္လက္ေစႏိုင္တယ္

ေငြထည္ပစၥည္းေတြ အေရာင္မွိန္လာခဲ႔ရင္ ငွက္ေပ်ာခြံကိုသံုးႏိုင္ပါတယ္။ ငွက္ေပ်ာခြံမွာ ပိုတက္ဆီယမ္ပါဝင္ေနတာေၾကာင္႔ သတၱဳပစၥည္းေတြကိုေျပာင္လက္ေစတာျဖစ္ပါတယ္။ ေငြထည္ေတြကိုငွက္ေပ်ာခြံနဲ႔အခုလုိတုိက္ခၽြတ္ႏိုင္ပါတယ္။

-ငွက္ေပ်ာခြံကို Blender ထဲထည္႔ပါ။ ေရနည္းနည္းထည္႔ျပီး ၾကိတ္ပါ။ အႏွစ္ရလာပါလိမ္႔မယ္။ ဒီအႏွစ္နဲ႔ ေငြထည္ပစၥည္းေတြကိုမိနစ္အနည္းငယ္ၾကာတိုက္ခၽြတ္လိုက္ရင္ ေတာက္ေျပာင္လာတဲ႔ေငြထည္ေတြကိုျပန္လည္ရရွိမွာျဖစ္ပါတယ္။

silverware

silverware

ဖန္ကြဲစစူးရင္အလြယ္တကူႏုတ္မယ္

ငွက္ေပ်ာခြံဟာ အင္ဇိုင္းၾကြယ္ဝပါတယ္။ ဒီအင္ဇိုင္းေတြဟာ အေရျပားေပၚကတျခားေသာအရာဝတၳဳေတြကို ဆြဲယူႏိုင္စြမ္းရွိပါတယ္။ ဒါေၾကာင္႔အသားမွာစိုက္ေနတဲ႔ ပုလင္းကြဲစ၊ ဖန္ကြဲစေတြကို ဆြဲႏုတ္ႏိုင္ဖို႔ဒီလုိအသံုးခ်ပါ။

-ငွက္ေပ်ာခြံနဲ႔ ျပႆနာျဖစ္ေနတဲ႔ အေရျပားေပၚကိုအုပ္ပါ။
– ၁၅ မိနစ္ခန္႔ထားပါ။
– အေရျပားေပၚပြတ္တုိက္မယူဘဲ ျဖည္းျဖည္းခ်င္းဆြဲယူပါ။ ဒါဆိုရင္ေတာ႔ အသားထဲစိုက္ဝင္ နစ္ဝင္ေနတဲ႔ ဖန္ကြဲစေတြကအလြယ္တကူထြက္လာပါလိမ္႔မယ္။

ေျမၾသဇာျပဳလုပ္မယ္

အပင္စိုက္ပ်ိဳးဖုိ႔ေျမၾသဇာျပဳလုပ္တဲ႔ေနရာမွာ ငွက္ေပ်ာခြံကိုထည္႔ျခင္းအားျဖင္႔ Calcium ၊ Magnesium ၊ Sulfur ၊ Phosphates ၊ Potassium နဲ႔ Sodium စတဲ႔ဗီတာမင္ေတြကို အပင္ေတြကပိုမိုရရွိမွာျဖစ္ပါတယ္။ ဒါေၾကာင္႔ အပင္ေတြဟာလည္း သိသိသာသာရွင္သန္ၾကီးထြားလာႏိုင္ပါတယ္။

-ငွက္ေပ်ာခြံေတြကို အစိတ္စိတ္အျမႊာျမႊာျဖစ္ေအာင္ လွီးျဖတ္ပါ။
– အပင္စိုက္မယ္႔ေျမၾကီးထဲကုိ လွီးျဖတ္ထားတဲ႔ငွက္ေပ်ာခြံေတြထည္႔ျမွဳပ္ပါ။ အထူးသျဖင္႔အျမစ္တစ္ဝိုက္မွာရွိေနရပါမယ္။
– အပင္စိုက္ျပီးရင္ ေရဖ်န္းေပးလိုက္ပါ။

Easy composting

Easy composting

သြားျဖဴေဆးအေနနဲ႔သံုးမယ္

ငွက္ေပ်ာခြံမွာပိုတက္ဆီယမ္ၾကြယ္ဝတာေၾကာင္႔ သြားေပၚကအစြန္းအထင္းေတြကိုဖယ္ရွားႏိုင္စြမ္းရွိပါတယ္။ လက္ဖက္ရည္၊ ေကာ္ဖီအစြန္းေတြ၊ အသီးအႏွံအစြန္းေတြကို သန္႔ရွင္းေပးႏိုင္ပါတယ္။ ငွက္ေပ်ာခြံနဲ႔သြားကိုဒီလုိတုိက္ခၽြတ္ပါ။

– ပံုမွန္သြားတိုက္ေနက်အတိုင္းပဲ သြားတိုက္ပါ။ ပလုတ္က်င္းပါ။
– ငွက္ေပ်ာခြံအတြင္းဘက္သားနဲ႔ သြားကို ႏွစ္မိနစ္ခန္႔ပြတ္တိုက္ပါ။
– ျပီးရင္ ေရနဲ႔ျပန္ပလုတ္က်င္းပါ။ ဒါကိုေန႔စဥ္ျပဳလုပ္ႏိုင္ပါတယ္။ သြားေလးျဖဴစင္ဝင္းလက္လာတာေတြ႔ရမွာပါ။

whitening-teeth

whitening-teeth

အမာရြတ္ေတြကို ေပ်ာက္ကင္းေစတယ္

ငွက္ေပ်ာခြံေတြက အေရျပားနီျမန္းနာက်င္ျခင္းနဲ႔အမာရြတ္ေတြကို ေလ်ာ႔ပါးေစႏိုင္စြမ္းရွိပါတယ္။ ငွက္ေပ်ာခြံမွာပါဝင္တဲ႔ Fatty Acids ကအမာရြတ္ေပ်ာက္ေစႏိုင္တဲ႔အစြမ္းရွိပါေသးတယ္။ ဒါေၾကာင္႔ အမာရြတ္တစ္ခုခုျဖစ္လာခဲ႔ရင္ ငွက္ေပ်ာခြံကိုယူျပီးအမာရြတ္ေပၚလိမ္းဖို႔ပါပဲ။

-ငွက္ေပ်ာခြံနဲ႔အမာရြတ္ေပၚပြတ္သုတ္ျပီး တစ္နာရီဒါမွမဟုတ္ တစ္ညလံုးထားပါ။
– ဒီလိုေန႔စဥ္ပြတ္တုိက္ေပးရင္ အမာရြတ္ေတြလည္းေလ်ာ႔ပါးလာပါလိမ္႔မယ္။

ေခါင္းကိုက္ေပ်ာက္ေစတယ္

ေခါင္းကိုက္လြန္းလို႔ သဘာဝေခါင္းကိုက္ေပ်ာက္ေဆးကိုရွာေနရင္တျခားမရွာပါနဲ႔။ ငွက္ေပ်ာခြံကိုသာရွာပါ။ ငွက္ေပ်ာခြံကို နဖူးေပၚ ဒါမွမဟုတ္ လည္ပင္းေနာက္ဖက္ေတြမွာထားေပးႏိုင္ပါတယ္။

-ငွက္ေပ်ာခြံကို ေရခဲေသတၱာထဲမွာ တစ္နာရီခန္႔ထားပါ။
-ငွက္ေပ်ာခြံတစ္ခုကို နဖူးေပၚတင္ျပီး ေနာက္တစ္ခုကို လည္ပင္းေနာက္မွာထားပါ။ ငွက္ေပ်ာခြံပူေႏြးလာတဲ႔အခ်ိန္ထိထားေပးရမွာပါ။ တစ္ၾကိမ္တည္းနဲ႔ေခါင္းကိုက္မေပ်ာက္ေသးဘူးဆိုရင္ ေနာက္တစ္ၾကိမ္ထပ္လုပ္ႏိုင္ပါတယ္။

Meat tenderizer

Meat tenderizer

အသားႏူးေစတယ္

အသားကင္တဲ႔အခါ ႏူးဖုိ႔ခက္တဲ႔အသားေတြအတြက္ ငွက္ေပ်ာခြံကိုအသံုးခ်ႏိုင္ပါတယ္။ အသားကို Roast လုပ္မယ္ဆုိရင္ Roasting Pan ထဲကို ငွက္ေပ်ာခြံေလးထည္႔ေပးလုိက္ပါ။ ဒါဆုိရင္ အသားလည္းႏူးအိလြယ္ျပီး အန႔ံ အရသာလည္းေကာင္းတာေတြ႔ရပါလိမ္႔မယ္။ ငွက္ေပ်ာခြံက အေငြ႔ပ်ံျခင္းမရွိေစဘဲ အသားကိုအစိုဓာတ္ထိန္းေပးေနတာမုိ႔ျဖစ္ပါတယ္။

အေရျပားယားယံခ်ိန္မွာ သံုးႏိုင္တယ္

ငွက္ေပ်ာခြံဟာ အေရျပားယားယံျခင္းအတြက္ေတာ႔ အေကာင္းဆံုးအေဖာ္မြန္ပါ။ ငွက္ေပ်ာခြံမွာ Magnesium ၊ Vitamin C ၊ Vitamin E တုိ႔ပါဝင္သလုိယားယံျခင္းကို သက္သာေစႏိုင္တဲ႔ ျဒပ္ေပါင္းေတြလည္းပါဝင္ပါတယ္။ ဒါေၾကာင္႔ အင္းဆက္ကိုက္ခံရလုိ႔ အေရျပားေတြနီရဲယားယံလာတဲ႔အခါ၊ ယားယံေစတဲ႔အပင္တစ္မ်ိဳးမ်ိဳးနဲ႔ထိေတြ႔မိလို႔ အေရျပားေတြယားယံလာတဲ႔အခါ မ်ိဳးမွာငွက္ေပ်ာခြံကသက္သာေစႏိုင္ပါတယ္။

-ငွက္ေပ်ာခြံကို ယားယံတဲ႔ေနရာေပၚ တင္ပါ။
– ၁၀ မိနစ္မွ ၁၅ မိနစ္ခန္႔ ကပ္ထားပါ။
– ပိုျပီးထိေရာက္ေစဖို႔ တစ္ခုကပ္ျပီးသြားတာနဲ႔ ေနာက္အသစ္တစ္ခုေျပာင္းကပ္ေပးပါ။

ဒါေတြကေတာ႔ ငွက္ေပ်ာခြံတစ္ခုလံုး အသံုးခ်နည္းပါပဲ။ ဒါေၾကာင္႔ အိမ္မွာငွက္ေပ်ာသီးစားသူမ်ားတယ္ဆုိရင္ ရလာတဲ႔ငွက္ေပ်ာခြံေတြကိုအမႈိက္ထဲတန္းမလႊင္႔ပစ္ဘဲ ခုလိုနည္းလမ္းေတြနဲ႔ အသံုးခ်ၾကည္႔ပါလုိ႔။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ငှက်ပျောခွံတစ်ခုလုံး အသုံးချနည်းများ

စူပါအသီးအနှံထဲမှာပါဝင်တဲ့ငှက်ပျောသီးကိုစားရုံတင်မက ငှက်ပျောခွံကိုပါဘက်စုံထောင့်စုံ အသုံးချလို့ရတယ်ဆိုတာသိပြီးကြပြီလား။ တကယ်တော့ ဗီတာမင်ကြွယ်ဝလွန်းတဲ့ ငှက်ပျောသီးနဲ့ ငှက်ပျောခွံဟာ လူတွေကြုံရလေ့ရှိတဲ့ ပြဿနာတွေအတွက်အများကြီးအသုံးဝင်ပါတယ်။ အမြဲတမ်းလိုလို ကိုယ်တွေလွှင့်ပစ်လိုက်မိတဲ့ ငှက်ပျောခွံတွေဟာ ဘယ်လိုအသုံးဝင်လဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

ဝက်ခြံတွေကိုလျော့ပါးစေတယ်

ငှက်ပျောခွံမှာ ဗီတာမင် C နဲ့ ဗီတာမင် E ကြွယ်ဝသလို Potassium ၊ Zinc ၊ Iron ၊ Manganese တို့လည်းပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက အရေပြားရောင်ရမ်းနာကျင်မှုတွေကိုသက်သာစေပြီး ဝက်ခြံတွေကိုလည်းသက်သာစေပါတယ်။ ငှက်ပျောခွံမှာ Lutein နဲ့ Carotenoids လို့ခေါ်တဲ့ အဆီပျော်ဝင်နေတဲ့Compound တွေပါဝင်ပြီးရောင်ရမ်းနာကျင်ခြင်းနဲ့ ဝက်ခြံပြဿနာတွေကို ကုစားပေးနိုင်ပါတယ်။

acne

acne

-ဒါကြောင့် အရေပြားပေါ်ကို ငှက်ပျောခွံနဲ့ ၅ မိနစ်မှ ၁၀ မိနစ်ခန့်ပွတ်တိုက်ပါ။ ပြီးရင်မျက်နှာသစ်ပါ။ တစ်နေ့ကို ၂ ကြိမ်ပြုလုပ်ရင် ဝက်ခြံတွေလျော့ပါးလာတာတွေ့ရပါလိမ့်မယ်။

မျက်လုံးတစ်ဝိုက်က အရေးကြောင်းတွေကိုလျော့ပါးစေတယ်

အရေပြားရဲ့ကျုံ့ဆန့်နိုင်စွမ်းအားနဲ့ ကျစ်လစ်တင်းရင်းမှုတွေလျော့ပါးလာပြီဆိုရင် မျက်ဝန်းတစ်ဝိုက်မှာအရေးကြောင်းတွေပေါ်လာတတ်ပါတယ်။ ငှက်ပျောခွံမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် C က အရေးကြောင်းတွေကိုပျောက်ကင်းစေနိုင်ပါတယ်။

reduce-wrinkle

reduce-wrinkle

ဒီ့အတွက် ငှက်ပျောခွံကိုဒီလို အသုံးချပါ။

-ငှက်ပျောခွံကို မျက်ဝန်းဘေးတစ်ဝိုက်နဲ့ မျက်လုံးအောက်ကိုသုတ်လိမ်းပြီး နာရီဝက် ဒါမှမဟုတ် တစ်ညထားပါ။ ပြီးရင်မျက်နှာသစ်ပြီး မျက်နှာကိုအစိုဓာတ်ဖြည့်ပါ။ တစ်ပတ်မှာ ၃ ကြိမ်ပြုလုပ်ပါ။ အရေးကြောင်းတွေလျော့ပါးလာတာတွေ့ရပါလိမ့်မယ်။

ငွေထည်ပစ္စည်းတွေကိုလည်း ပြောင်လက်စေနိုင်တယ်

ငွေထည်ပစ္စည်းတွေ အရောင်မှိန်လာခဲ့ရင် ငှက်ပျောခွံကိုသုံးနိုင်ပါတယ်။ ငှက်ပျောခွံမှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သတ္တုပစ္စည်းတွေကိုပြောင်လက်စေတာဖြစ်ပါတယ်။ ငွေထည်တွေကိုငှက်ပျောခွံနဲ့အခုလိုတိုက်ချွတ်နိုင်ပါတယ်။

-ငှက်ပျောခွံကို Blender ထဲထည့်ပါ။ ရေနည်းနည်းထည့်ပြီး ကြိတ်ပါ။ အနှစ်ရလာပါလိမ့်မယ်။ ဒီအနှစ်နဲ့ ငွေထည်ပစ္စည်းတွေကိုမိနစ်အနည်းငယ်ကြာတိုက်ချွတ်လိုက်ရင် တောက်ပြောင်လာတဲ့ငွေထည်တွေကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။

silverware

silverware

ဖန်ကွဲစစူးရင်အလွယ်တကူနုတ်မယ်

ငှက်ပျောခွံဟာ အင်ဇိုင်းကြွယ်ဝပါတယ်။ ဒီအင်ဇိုင်းတွေဟာ အရေပြားပေါ်ကတခြားသောအရာဝတ္ထုတွေကို ဆွဲယူနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်အသားမှာစိုက်နေတဲ့ ပုလင်းကွဲစ၊ ဖန်ကွဲစတွေကို ဆွဲနုတ်နိုင်ဖို့ဒီလိုအသုံးချပါ။

-ငှက်ပျောခွံနဲ့ ပြဿနာဖြစ်နေတဲ့ အရေပြားပေါ်ကိုအုပ်ပါ။
– ၁၅ မိနစ်ခန့်ထားပါ။
– အရေပြားပေါ်ပွတ်တိုက်မယူဘဲ ဖြည်းဖြည်းချင်းဆွဲယူပါ။ ဒါဆိုရင်တော့ အသားထဲစိုက်ဝင် နစ်ဝင်နေတဲ့ ဖန်ကွဲစတွေကအလွယ်တကူထွက်လာပါလိမ့်မယ်။

မြေသြဇာပြုလုပ်မယ်

အပင်စိုက်ပျိုးဖို့မြေသြဇာပြုလုပ်တဲ့နေရာမှာ ငှက်ပျောခွံကိုထည့်ခြင်းအားဖြင့် Calcium ၊ Magnesium ၊ Sulfur ၊ Phosphates ၊ Potassium နဲ့ Sodium စတဲ့ဗီတာမင်တွေကို အပင်တွေကပိုမိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အပင်တွေဟာလည်း သိသိသာသာရှင်သန်ကြီးထွားလာနိုင်ပါတယ်။

-ငှက်ပျောခွံတွေကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လှီးဖြတ်ပါ။
– အပင်စိုက်မယ့်မြေကြီးထဲကို လှီးဖြတ်ထားတဲ့ငှက်ပျောခွံတွေထည့်မြှုပ်ပါ။ အထူးသဖြင့်အမြစ်တစ်ဝိုက်မှာရှိနေရပါမယ်။
– အပင်စိုက်ပြီးရင် ရေဖျန်းပေးလိုက်ပါ။

Easy composting

Easy composting

သွားဖြူဆေးအနေနဲ့သုံးမယ်

ငှက်ပျောခွံမှာပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် သွားပေါ်ကအစွန်းအထင်းတွေကိုဖယ်ရှားနိုင်စွမ်းရှိပါတယ်။ လက်ဖက်ရည်၊ ကော်ဖီအစွန်းတွေ၊ အသီးအနှံအစွန်းတွေကို သန့်ရှင်းပေးနိုင်ပါတယ်။ ငှက်ပျောခွံနဲ့သွားကိုဒီလိုတိုက်ချွတ်ပါ။

– ပုံမှန်သွားတိုက်နေကျအတိုင်းပဲ သွားတိုက်ပါ။ ပလုတ်ကျင်းပါ။
– ငှက်ပျောခွံအတွင်းဘက်သားနဲ့ သွားကို နှစ်မိနစ်ခန့်ပွတ်တိုက်ပါ။
– ပြီးရင် ရေနဲ့ပြန်ပလုတ်ကျင်းပါ။ ဒါကိုနေ့စဉ်ပြုလုပ်နိုင်ပါတယ်။ သွားလေးဖြူစင်ဝင်းလက်လာတာတွေ့ရမှာပါ။

whitening-teeth

whitening-teeth

အမာရွတ်တွေကို ပျောက်ကင်းစေတယ်

ငှက်ပျောခွံတွေက အရေပြားနီမြန်းနာကျင်ခြင်းနဲ့အမာရွတ်တွေကို လျော့ပါးစေနိုင်စွမ်းရှိပါတယ်။ ငှက်ပျောခွံမှာပါဝင်တဲ့ Fatty Acids ကအမာရွတ်ပျောက်စေနိုင်တဲ့အစွမ်းရှိပါသေးတယ်။ ဒါကြောင့် အမာရွတ်တစ်ခုခုဖြစ်လာခဲ့ရင် ငှက်ပျောခွံကိုယူပြီးအမာရွတ်ပေါ်လိမ်းဖို့ပါပဲ။

-ငှက်ပျောခွံနဲ့အမာရွတ်ပေါ်ပွတ်သုတ်ပြီး တစ်နာရီဒါမှမဟုတ် တစ်ညလုံးထားပါ။
– ဒီလိုနေ့စဉ်ပွတ်တိုက်ပေးရင် အမာရွတ်တွေလည်းလျော့ပါးလာပါလိမ့်မယ်။

ခေါင်းကိုက်ပျောက်စေတယ်

ခေါင်းကိုက်လွန်းလို့ သဘာဝခေါင်းကိုက်ပျောက်ဆေးကိုရှာနေရင်တခြားမရှာပါနဲ့။ ငှက်ပျောခွံကိုသာရှာပါ။ ငှက်ပျောခွံကို နဖူးပေါ် ဒါမှမဟုတ် လည်ပင်းနောက်ဖက်တွေမှာထားပေးနိုင်ပါတယ်။

-ငှက်ပျောခွံကို ရေခဲသေတ္တာထဲမှာ တစ်နာရီခန့်ထားပါ။
-ငှက်ပျောခွံတစ်ခုကို နဖူးပေါ်တင်ပြီး နောက်တစ်ခုကို လည်ပင်းနောက်မှာထားပါ။ ငှက်ပျောခွံပူနွေးလာတဲ့အချိန်ထိထားပေးရမှာပါ။ တစ်ကြိမ်တည်းနဲ့ခေါင်းကိုက်မပျောက်သေးဘူးဆိုရင် နောက်တစ်ကြိမ်ထပ်လုပ်နိုင်ပါတယ်။

Meat tenderizer

Meat tenderizer

အသားနူးစေတယ်

အသားကင်တဲ့အခါ နူးဖို့ခက်တဲ့အသားတွေအတွက် ငှက်ပျောခွံကိုအသုံးချနိုင်ပါတယ်။ အသားကို Roast လုပ်မယ်ဆိုရင် Roasting Pan ထဲကို ငှက်ပျောခွံလေးထည့်ပေးလိုက်ပါ။ ဒါဆိုရင် အသားလည်းနူးအိလွယ်ပြီး အနံ့ အရသာလည်းကောင်းတာတွေ့ရပါလိမ့်မယ်။ ငှက်ပျောခွံက အငွေ့ပျံခြင်းမရှိစေဘဲ အသားကိုအစိုဓာတ်ထိန်းပေးနေတာမို့ဖြစ်ပါတယ်။

အရေပြားယားယံချိန်မှာ သုံးနိုင်တယ်

ငှက်ပျောခွံဟာ အရေပြားယားယံခြင်းအတွက်တော့ အကောင်းဆုံးအဖော်မွန်ပါ။ ငှက်ပျောခွံမှာ Magnesium ၊ Vitamin C ၊ Vitamin E တို့ပါဝင်သလိုယားယံခြင်းကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်းပါဝင်ပါတယ်။ ဒါကြောင့် အင်းဆက်ကိုက်ခံရလို့ အရေပြားတွေနီရဲယားယံလာတဲ့အခါ၊ ယားယံစေတဲ့အပင်တစ်မျိုးမျိုးနဲ့ထိတွေ့မိလို့ အရေပြားတွေယားယံလာတဲ့အခါ မျိုးမှာငှက်ပျောခွံကသက်သာစေနိုင်ပါတယ်။

-ငှက်ပျောခွံကို ယားယံတဲ့နေရာပေါ် တင်ပါ။
– ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ကပ်ထားပါ။
– ပိုပြီးထိရောက်စေဖို့ တစ်ခုကပ်ပြီးသွားတာနဲ့ နောက်အသစ်တစ်ခုပြောင်းကပ်ပေးပါ။

ဒါတွေကတော့ ငှက်ပျောခွံတစ်ခုလုံး အသုံးချနည်းပါပဲ။ ဒါကြောင့် အိမ်မှာငှက်ပျောသီးစားသူများတယ်ဆိုရင် ရလာတဲ့ငှက်ပျောခွံတွေကိုအမှိုက်ထဲတန်းမလွှင့်ပစ်ဘဲ ခုလိုနည်းလမ်းတွေနဲ့ အသုံးချကြည့်ပါလို့။

ဂျူဂျူး(Akhayar)

www.akhayar.com