iOS အတြက္ App ထုတ္ေပးလုိက္တဲ့ Unsplash

Unsplash ကုိ အင္တာနက္မွာ Desktop Wallpaper အတြက္ ဓါတ္ပံုေကာင္းေကာင္းလုိခ်င္လုိ႔ ရွာေဖြတဲ့သူေတြကေတာ့ ရင္းႏွီးေနမွာပါ။ Unsplash ဆုိတာက Silicon Valley က ကုမၸဏီၾကီးေတြအတြက္ အဓိက Stock Image ေတြရယူေနတဲ့ Website တစ္ခုလည္းျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Unsplash ကေန Apple iOS အသံုးျပဳသူေတြအတြက္ Application သီးသန္႔ထုတ္ေပးလုိက္ျပီျဖစ္ပါတယ္။ အဲ့ဒီအတြက္ iOS Devices အသံုးျပဳသူေတြအေနနဲ႔ Website ကေန Unsplash ကို အသံုးျပဳစရာမလုိပဲ App ကေနပဲ အသံုးျပဳႏုိင္ျပီျဖစ္ပါတယ္။ အခု App ဟာ Unsplash အတြက္ တတိယေျမာက္ Application ျဖစ္လာျပီး မႏွစ္တုန္းက MacOS အတြက္ App တစ္ခုနဲ႔ ျပီးခဲ့တဲ့ ၂၀၁၆ တုန္းကလည္း Apple TV အတြက္ App ထုတ္ေပးခဲ့ဖူးတာျဖစ္ပါတယ္။

အခု Unsplash App က iOS Devices ေတြ အားလံုးအသံုးျပဳႏုိင္တယ္ဆုိေပမယ့္ iPad ေတြအတြက္ ပိုျပီး သင့္ေလ်ာ္မွာျဖစ္ပါတယ္။ အသံုးျပဳသူေတြဟာ ဓါတ္ပံုေတြကို Download ျပဳလုပ္ဖုိ႔အတြက္ ကိုယ္ၾကိဳက္ႏွစ္သက္တဲ့ပံုကို ဘယ္ဘက္ေအာက္မွာရွိတဲ့ Download ျမွားေလးကို ႏွိပ္လုိက္ရင္ရျပီျဖစ္သလုိ Multi-Screen Mode ကိုလည္း Support ျပဳလုပ္တဲ့အတြက္ အျခား Project File တစ္ခုထဲကိုလည္း တစ္ခါတည္းထည့္သြင္းႏုိင္မွာျဖစ္ပါတယ္။

Unsplash က အခုႏွစ္ေနာက္ပိုင္းမွာ Google ရဲ႕ Pixel ဖုန္းေတြအတြက္ Artwork Live Cases ေတြအတြက္ ပူးေပါင္းခဲ့ဖူးသလုိ Apple ရဲ႕ “Shot with iPhone” Campaign ကေနလည္း ပူးေပါင္းေဆာင္ရြက္ခဲ့ေသးတာျဖစ္ပါတယ္။ Unsplash Website က Keyword အေတာ္မ်ားမ်ားကိုလည္း သိရွိႏုိင္ျပီးေတာ့ “iPhone Backgrounds” ဒါမွမဟုတ္ “Desktop Wallpaper” ဆုိျပီး ရွာေဖြႏုိင္မွာပါ။

Unsplash ရဲ႕ သမိုင္းေၾကာင္းအရေတာ့ Apple Devices ေတြအတြက္ပဲ Application ေတြ ထုတ္ေပးခဲ့တဲ့အတြက္ Android Devices ေတြအတြက္ေတာ့ App ရွိလာႏုိင္မလားဆုိတာ မေသခ်ာေသးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Unsplash ကို အင်တာနက်မှာ Desktop Wallpaper အတွက် ဓါတ်ပုံကောင်းကောင်းလိုချင်လို့ ရှာဖွေတဲ့သူတွေကတော့ ရင်းနှီးနေမှာပါ။ Unsplash ဆိုတာက Silicon Valley က ကုမ္ပဏီကြီးတွေအတွက် အဓိက Stock Image တွေရယူနေတဲ့ Website တစ်ခုလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Unsplash ကနေ Apple iOS အသုံးပြုသူတွေအတွက် Application သီးသန့်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် iOS Devices အသုံးပြုသူတွေအနေနဲ့ Website ကနေ Unsplash ကို အသုံးပြုစရာမလိုပဲ App ကနေပဲ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အခု App ဟာ Unsplash အတွက် တတိယမြောက် Application ဖြစ်လာပြီး မနှစ်တုန်းက MacOS အတွက် App တစ်ခုနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ တုန်းကလည်း Apple TV အတွက် App ထုတ်ပေးခဲ့ဖူးတာဖြစ်ပါတယ်။

အခု Unsplash App က iOS Devices တွေ အားလုံးအသုံးပြုနိုင်တယ်ဆိုပေမယ့် iPad တွေအတွက် ပိုပြီး သင့်လျော်မှာဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ ဓါတ်ပုံတွေကို Download ပြုလုပ်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ပုံကို ဘယ်ဘက်အောက်မှာရှိတဲ့ Download မြှားလေးကို နှိပ်လိုက်ရင်ရပြီဖြစ်သလို Multi-Screen Mode ကိုလည်း Support ပြုလုပ်တဲ့အတွက် အခြား Project File တစ်ခုထဲကိုလည်း တစ်ခါတည်းထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

Unsplash က အခုနှစ်နောက်ပိုင်းမှာ Google ရဲ့ Pixel ဖုန်းတွေအတွက် Artwork Live Cases တွေအတွက် ပူးပေါင်းခဲ့ဖူးသလို Apple ရဲ့ “Shot with iPhone” Campaign ကနေလည်း ပူးပေါင်းဆောင်ရွက်ခဲ့သေးတာဖြစ်ပါတယ်။ Unsplash Website က Keyword အတော်များများကိုလည်း သိရှိနိုင်ပြီးတော့ “iPhone Backgrounds” ဒါမှမဟုတ် “Desktop Wallpaper” ဆိုပြီး ရှာဖွေနိုင်မှာပါ။

Unsplash ရဲ့ သမိုင်းကြောင်းအရတော့ Apple Devices တွေအတွက်ပဲ Application တွေ ထုတ်ပေးခဲ့တဲ့အတွက် Android Devices တွေအတွက်တော့ App ရှိလာနိုင်မလားဆိုတာ မသေချာသေးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com