[Zawgyi]

Channel မိခင္ႀကီး Co Co Chanel အေၾကာင္း လူမသိေသးတဲ့အခ်က္မ်ား

Co Co Chanel ဆိုတာကေတာ့ Fashion ေလာကတစ္ခုလံုးရဲ႕ ဒိတ္ဒိတ္က်ဲ နာမည္ႀကီး Fashion Designer ႀကီးတစ္ေယာက္ပါ။ အခ်ိန္ကာလအကန္႔အသတ္မဲ႔ Design ေတြနဲ႔ Timeless Fashion ေတြကို တီထြင္ဖန္တီးႏိုင္ခဲ့လို႔လည္း နာမည္ႀကီးတာျဖစ္ပါတယ္။ ဒီေလာက္နာမည္ႀကီးတဲ့ Designer ႀကီးမွာလည္း လူမသိေသးတဲ့ အခ်က္ေတြရွိေနပါေသးတယ္။ အဲ့ဒီအခ်က္ေတြကေတာ့-

တစ္ကမာၻလံုးက Coco Chanel လို႔ သိၾကတဲ့သူမရဲ႕ နာမည္အရင္းက Gabrielle Chanel ပါတဲ့။ “Coco” နာမည္ကိုေတာ့ သူမစင္ေပၚမွာ သီခ်င္းဆိုေနတုန္း ေအာက္ကအားေပးတဲ့ စစ္သားေတြက ေပးခဲ့တာပါတဲ့။

Co Co Chanel

Co Co Chanel

သန္းၾကြယ္သူေဌးျဖစ္ခဲ႔ေပမယ္႔ သူမရဲ႕ ငယ္ဘဝကေတာ့ ေတာ္ေတာ္ကို ၾကမ္းတမ္းခဲ့တာပါ။ ေတာင္ယာလယ္သမားနဲ႔ ပ်ံက်ေစ်းသည္တို႔က ေမြးခဲ့တဲ့သူမဟာ ဆင္းဆင္းရဲရဲႀကီးျပင္းခဲ့ရတာပါ။

Co Co Chanel

Co Co Chanel

သူမအေမေသသြားၿပီးေနာက္ မိဘမဲ့သီလရွင္ေက်ာင္းကို ပို႔ခံခဲ့ရတဲ့ Coco ဟာ အသက္ ၁၈ ႏွစ္အရြယ္ထိ အဲ့ဒီေက်ာင္းမွာပဲ အပ္ခ်ဳပ္ပန္းထိုး အတတ္ပညာကို သင္ခဲ့ရတာပါ။

Co Co Chanel

Co Co Chanel

Coco ဟာ သူမရဲ႕ ပထမဆံုး Fashion လက္ရာအျဖစ္ သူမေလးစားအားက်ရတဲ႔သူတစ္ဦးရဲ႕ အကူအညီနဲ႔ ဦးထုပ္ေတြစလုပ္ခဲ့ပါတယ္။ ၁၉၁၃ မွာေတာ့ Paris ၿမိဳ႕မွာ ပထမဆံုး ဆိုင္ဖြင့္ႏိုင္ခဲ့ပါတယ္။ တျဖည္းျဖည္း လူသိမ်ားလာတာနဲ႔အမွ် အဝတ္အစားေတြပါ ေရာင္းခ်ခဲ့ပါတယ္။

Chanel Bag

Chanel Bag

၁၉၂၀ ဝန္းက်င္မွာေတာ့ အနက္ေရာင္ Dress ကို စတင္မိတ္ဆက္ခဲ့ၿပီး အဲ့ဝတ္စံုဟာ လြယ္လြယ္ကူကူဝတ္ဆင္လို႔ရတဲ့အျပင္ လူတိုင္းတတ္ႏိုင္တဲ့ေစ်းနဲ႔ ထုတ္လုပ္ခဲ့တာမို႔ တစ္ကမာၻလံုးအႏွံ႔က Fashion ရပ္ဝန္းမွာ နာမည္ႀကီးခဲ့ပါတယ္။

အဝတ္အစား Fashion Design အသစ္ေတြ မိတ္ဆက္ခဲ့တဲ့အျပင္ Coco ဟာ ညဘက္ေတြမွာလည္း Opera စင္ျမင့္ေတြထက္မွာ “garcon” လို႔ေခၚတဲ့ ေယာက္်ားဆန္ဆန္ Fashion ဝတ္ဆင္ၿပီး အမ်ိဳးသမီးလူထုၾကား ေယာက္်ားဆန္ဆန္ Fashion ေတြ အျမင္ပြင့္ေစခဲ့ပါတယ္။

အဝတ္အစားေတြေပၚမွာသာမက ေရေမႊးထုတ္လုပ္မႈဘက္ပါ စိတ္ဝင္စားခဲ့တဲ့ Coco ဟာ ၁၉၂၁ မွာေတာ့ ပထမဆံုး သူမတီထြင္ဖန္တီးခဲ့တဲ့ Chanel No.5 ကို စတင္ထုတ္လုပ္ခဲ့ပါတယ္။ အဲ့အခ်ိန္ကာလမွာေတာ့ ပထမဆံုး Designer နာမည္နဲ႔ ေရေမႊးျဖစ္ခဲ့ၿပီး No.5 လို႔ ေပးရျခင္းအေၾကာင္းကေတာ့ Coco ဟာ ေဗဒင္ဆရာကို ေမးခဲ့တဲ့အခါ ၅ ဂဏန္းဟာသူမရဲ႕ ကံေကာင္းေစတဲ့ နံပါတ္ျဖစ္လို႔ပါတဲ့။

Chanel No 5 Perfume

Chanel No 5 Perfume

Coco ရဲ႕ Fashion ေတြအားလံုးဟာ ေခတ္ကိုေတာ္လွန္ခဲ့ရံုသာမက အမ်ိဳးသမီးေတြအားလံုး အဲ့ေခတ္အဲ့အခါက Corset ဝတ္ရတဲ့ဘဝမွ လြတ္ေအာင္ သက္ေတာင့္သက္သာရွိရွိ ထုတ္လုပ္ခဲ့တာပါ။ သူမဟာ အဲ့ခ်ိန္ခါက ပထမဆံုး စကတ္တိုေလးေတြဖန္တီးၿပီး အမ်ိဳးသမီးတို႔ရဲ႕ ေျခသလံုးအလွကို လွစ္ဟျပေစခဲ့ပါတယ္။

၁၉၅၄ မွာေတာ့ Coco ဟာ စစ္အတြင္း ၁၅ ႏွစ္ေလာက္ပိတ္ခဲ့တဲ့ သူမရဲ႕ Fashion House ကို ျပန္ဖြင့္ခဲ့ပါတယ္။ အဲ့လိုျပန္ဖြင့္ရတာကလည္း ဘာမွမလုပ္ဘဲ ရွင္သန္ေနရတာ ပ်င္းလြန္းလို႔ပါတဲ့။

၁၉၇၁ ဇန္နဝါရီလမွာေတာ့ Coco ဟာ သူမရဲ႕သူငယ္ခ်င္း Claude Baillen နဲ႔ လမ္းေလွ်ာက္ၿပီးအျပန္မွာ သူမတည္းေနတဲ့ Hotel Ritz ထဲက အိပ္ရာေပၚမွာ ေသဆံုးေနခဲ့ပါတယ္။ သူမရဲ႕ အိမ္ေဖာ္ကိုဆိုခဲ့တဲ့ ေနာက္ဆံုးစကားကေတာ့ ေတြ႕ၿပီလား? ဒါမင္းတို႔ ဘယ္လိုေသဆံုးရလဲဆိုတာပဲ” ဆိုတဲ့ စကားပဲျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Channel မိခင်ကြီး Co Co Chanel အကြောင်း လူမသိသေးတဲ့အချက်များ

Co Co Chanel ဆိုတာကတော့ Fashion လောကတစ်ခုလုံးရဲ့ ဒိတ်ဒိတ်ကျဲ နာမည်ကြီး Fashion Designer ကြီးတစ်ယောက်ပါ။ အချိန်ကာလအကန့်အသတ်မဲ့ Design တွေနဲ့ Timeless Fashion တွေကို တီထွင်ဖန်တီးနိုင်ခဲ့လို့လည်း နာမည်ကြီးတာဖြစ်ပါတယ်။ ဒီလောက်နာမည်ကြီးတဲ့ Designer ကြီးမှာလည်း လူမသိသေးတဲ့ အချက်တွေရှိနေပါသေးတယ်။ အဲ့ဒီအချက်တွေကတော့-

တစ်ကမ္ဘာလုံးက Coco Chanel လို့ သိကြတဲ့သူမရဲ့ နာမည်အရင်းက Gabrielle Chanel ပါတဲ့။ “Coco” နာမည်ကိုတော့ သူမစင်ပေါ်မှာ သီချင်းဆိုနေတုန်း အောက်ကအားပေးတဲ့ စစ်သားတွေက ပေးခဲ့တာပါတဲ့။

Co Co Chanel

Co Co Chanel

သန်းကြွယ်သူဌေးဖြစ်ခဲ့ပေမယ့် သူမရဲ့ ငယ်ဘဝကတော့ တော်တော်ကို ကြမ်းတမ်းခဲ့တာပါ။ တောင်ယာလယ်သမားနဲ့ ပျံကျဈေးသည်တို့က မွေးခဲ့တဲ့သူမဟာ ဆင်းဆင်းရဲရဲကြီးပြင်းခဲ့ရတာပါ။

Co Co Chanel

Co Co Chanel

သူမအမေသေသွားပြီးနောက် မိဘမဲ့သီလရှင်ကျောင်းကို ပို့ခံခဲ့ရတဲ့ Coco ဟာ အသက် ၁၈ နှစ်အရွယ်ထိ အဲ့ဒီကျောင်းမှာပဲ အပ်ချုပ်ပန်းထိုး အတတ်ပညာကို သင်ခဲ့ရတာပါ။

Co Co Chanel

Co Co Chanel

Coco ဟာ သူမရဲ့ ပထမဆုံး Fashion လက်ရာအဖြစ် သူမလေးစားအားကျရတဲ့သူတစ်ဦးရဲ့ အကူအညီနဲ့ ဦးထုပ်တွေစလုပ်ခဲ့ပါတယ်။ ၁၉၁၃ မှာတော့ Paris မြို့မှာ ပထမဆုံး ဆိုင်ဖွင့်နိုင်ခဲ့ပါတယ်။ တဖြည်းဖြည်း လူသိများလာတာနဲ့အမျှ အဝတ်အစားတွေပါ ရောင်းချခဲ့ပါတယ်။

Chanel Bag

Chanel Bag

၁၉၂၀ ဝန်းကျင်မှာတော့ အနက်ရောင် Dress ကို စတင်မိတ်ဆက်ခဲ့ပြီး အဲ့ဝတ်စုံဟာ လွယ်လွယ်ကူကူဝတ်ဆင်လို့ရတဲ့အပြင် လူတိုင်းတတ်နိုင်တဲ့ဈေးနဲ့ ထုတ်လုပ်ခဲ့တာမို့ တစ်ကမ္ဘာလုံးအနှံ့က Fashion ရပ်ဝန်းမှာ နာမည်ကြီးခဲ့ပါတယ်။

အဝတ်အစား Fashion Design အသစ်တွေ မိတ်ဆက်ခဲ့တဲ့အပြင် Coco ဟာ ညဘက်တွေမှာလည်း Opera စင်မြင့်တွေထက်မှာ “garcon” လို့ခေါ်တဲ့ ယောက်ျားဆန်ဆန် Fashion ဝတ်ဆင်ပြီး အမျိုးသမီးလူထုကြား ယောက်ျားဆန်ဆန် Fashion တွေ အမြင်ပွင့်စေခဲ့ပါတယ်။

အဝတ်အစားတွေပေါ်မှာသာမက ရေမွှေးထုတ်လုပ်မှုဘက်ပါ စိတ်ဝင်စားခဲ့တဲ့ Coco ဟာ ၁၉၂၁ မှာတော့ ပထမဆုံး သူမတီထွင်ဖန်တီးခဲ့တဲ့ Chanel No.5 ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲ့အချိန်ကာလမှာတော့ ပထမဆုံး Designer နာမည်နဲ့ ရေမွှေးဖြစ်ခဲ့ပြီး No.5 လို့ ပေးရခြင်းအကြောင်းကတော့ Coco ဟာ ဗေဒင်ဆရာကို မေးခဲ့တဲ့အခါ ၅ ဂဏန်းဟာသူမရဲ့ ကံကောင်းစေတဲ့ နံပါတ်ဖြစ်လို့ပါတဲ့။

Chanel No 5 Perfume

Chanel No 5 Perfume

Coco ရဲ့ Fashion တွေအားလုံးဟာ ခေတ်ကိုတော်လှန်ခဲ့ရုံသာမက အမျိုးသမီးတွေအားလုံး အဲ့ခေတ်အဲ့အခါက Corset ဝတ်ရတဲ့ဘဝမှ လွတ်အောင် သက်တောင့်သက်သာရှိရှိ ထုတ်လုပ်ခဲ့တာပါ။ သူမဟာ အဲ့ချိန်ခါက ပထမဆုံး စကတ်တိုလေးတွေဖန်တီးပြီး အမျိုးသမီးတို့ရဲ့ ခြေသလုံးအလှကို လှစ်ဟပြစေခဲ့ပါတယ်။

၁၉၅၄ မှာတော့ Coco ဟာ စစ်အတွင်း ၁၅ နှစ်လောက်ပိတ်ခဲ့တဲ့ သူမရဲ့ Fashion House ကို ပြန်ဖွင့်ခဲ့ပါတယ်။ အဲ့လိုပြန်ဖွင့်ရတာကလည်း ဘာမှမလုပ်ဘဲ ရှင်သန်နေရတာ ပျင်းလွန်းလို့ပါတဲ့။

၁၉၇၁ ဇန်နဝါရီလမှာတော့ Coco ဟာ သူမရဲ့သူငယ်ချင်း Claude Baillen နဲ့ လမ်းလျှောက်ပြီးအပြန်မှာ သူမတည်းနေတဲ့ Hotel Ritz ထဲက အိပ်ရာပေါ်မှာ သေဆုံးနေခဲ့ပါတယ်။ သူမရဲ့ အိမ်ဖော်ကိုဆိုခဲ့တဲ့ နောက်ဆုံးစကားကတော့ တွေ့ပြီလား? ဒါမင်းတို့ ဘယ်လိုသေဆုံးရလဲဆိုတာပဲ” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။