[Zawgyi]

မာတာ(Mata)ရဲ႕ စိတ္ၾကည္လင္ေရး အစီအစဥ္

ေမာ္ဒန္ေဘာလံုးရဲ႕ ၿပိဳင္ဆုုိင္မႈေတြၾကားမွာ ေဘာလံုးသမားေတြရဲ႕ ရွင္သန္ခြင့္ဟာ မလြတ္လပ္ဘူး။ ေလွာင္ပိတ္မိေနတယ္။ ကုိယ္ပိုင္အခ်ိန္ေတြ ရွားပါးပါတယ္။ ကုိယ့္စိတ္ကိုယ္ ၾကည္လင္ေအာင္ မေဖ်ာ္ေျဖႏုိင္ဘူး ဆိုရင္ ပြဲကစားတဲ့အခ်ိန္မွာျဖစ္ျဖစ္၊ လူမႈဆက္ဆံေရးမွာျဖစ္ျဖစ္ အဆင္မေျပမႈေတြ ရွိလာႏုိင္တာအမွန္ပဲ။ မန္ခ်က္စတာယူႏုိက္တက္အသင္းကြင္းလယ္လူ မာတာ(Mata)က ဆီဗီလာနဲ႔ ခ်န္ပီယံလိဂ္ပြဲမတုိင္မီ စိတ္လက္ၾကည္လင္ေရးအစီအစဥ္တစ္ခုကို ေဆာင္ရြက္ခဲ့ပါတယ္။ အဂၤလန္ႏုိင္ငံ၊ အိုးလ္းဟမ္းၿမိဳ႕က စာသင္ေက်ာင္းႏွစ္ေက်ာင္းနဲ႔ ေဆး႐ုံတစ္ခုကိုသြားေရာက္ၿပီး ကေလးငယ္ေတြနဲ႔ ေပ်ာ္ရႊင္စြာဆံုေတြ႕ခဲ့တာပါပဲ။ မာတာဟာ မန္ခ်က္စတာယူႏုိက္တက္လူမႈေရးေဖာင္ေဒးရွင္းလုပ္ငန္းေတြမွာ အၿမဲလိုလိုပါ၀င္တတ္သူျဖစ္သလို၊ သူရဲ႕ ကုိယ္ပုိင္ေဖာင္ေဒးရွင္းကေနလည္း လွဴဒါန္းမႈေတြ လုပ္ေနပါတယ္။

ကေလးငယ္မ်ားနဲ႔ ေဘာလံုးကစားခဲ့

ကေလးငယ္မ်ားနဲ႔ ေဘာလံုးကစားခဲ့

စာသင္ေက်ာင္းမွာ ကေလးငယ္ေတြကို ဆံုေတြ႕လက္ေဆာင္ေတြေပးခဲ့ၿပီး သူလက္မွတ္ထိုးထားတဲ့ မန္ခ်က္စတာယူႏုိက္တက္၀တ္စံုလည္း ပါခဲ့တယ္။ ၿပီးေတာ့ ကံထူးသူကေလးငယ္ပရိသတ္ႏွစ္ဦးနဲ႔အတူ ေက်ာင္းအားကစားကြင္းမွာ အေပ်ာ္တမ္းေဘာလံုးကစားခဲ့ပါေသးတယ္။ Royal Oldham ေဆး႐ံုကိုေရာက္ရွိ ခ်ိန္မွာ က်န္းမာေရးမေကာင္းသူပရိသတ္ေတြကို အားေပးစကားေျပာ၊ လက္ေဆာင္ေပးၿပီး အခ်ိန္အတန္ၾကာ အတူေနေပးခဲ့ပါတယ္။

စာသင္ေက်ာင္းနဲ႔ ေဆး႐ုံကကေလးငယ္ေတြနဲ႔ ဆံုေတြ႕ခ်ိန္မွာ မာတာေရာ၊ ကေလးငယ္ေတြပါ ၾကည္ႏူးေပ်ာ္ရႊင္ ေနပံုရပါတယ္။ စိတ္လက္ၾကည္ျမစရာ အခိုက္အတန္႔ေလးေတြပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မာတာ(Mata)ရဲ့ စိတ်ကြည်လင်ရေး အစီအစဉ်

မော်ဒန်ဘောလုံးရဲ့ ပြိုင်ဆိုုင်မှုတွေကြားမှာ ဘောလုံးသမားတွေရဲ့ ရှင်သန်ခွင့်ဟာ မလွတ်လပ်ဘူး။ လှောင်ပိတ်မိနေတယ်။ ကိုယ်ပိုင်အချိန်တွေ ရှားပါးပါတယ်။ ကိုယ့်စိတ်ကိုယ် ကြည်လင်အောင် မဖျော်ဖြေနိုင်ဘူး ဆိုရင် ပွဲကစားတဲ့အချိန်မှာဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာဖြစ်ဖြစ် အဆင်မပြေမှုတွေ ရှိလာနိုင်တာအမှန်ပဲ။ မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူ မာတာ(Mata)က ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်မီ စိတ်လက်ကြည်လင်ရေးအစီအစဉ်တစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ၊ အိုးလ်းဟမ်းမြို့က စာသင်ကျောင်းနှစ်ကျောင်းနဲ့ ဆေးရုံတစ်ခုကိုသွားရောက်ပြီး ကလေးငယ်တွေနဲ့ ပျော်ရွှင်စွာဆုံတွေ့ခဲ့တာပါပဲ။ မာတာဟာ မန်ချက်စတာယူနိုက်တက်လူမှုရေးဖောင်ဒေးရှင်းလုပ်ငန်းတွေမှာ အမြဲလိုလိုပါဝင်တတ်သူဖြစ်သလို၊ သူရဲ့ ကိုယ်ပိုင်ဖောင်ဒေးရှင်းကနေလည်း လှူဒါန်းမှုတွေ လုပ်နေပါတယ်။

ကလေးငယ်များနဲ့ ဘောလုံးကစားခဲ့

ကလေးငယ်များနဲ့ ဘောလုံးကစားခဲ့

စာသင်ကျောင်းမှာ ကလေးငယ်တွေကို ဆုံတွေ့လက်ဆောင်တွေပေးခဲ့ပြီး သူလက်မှတ်ထိုးထားတဲ့ မန်ချက်စတာယူနိုက်တက်ဝတ်စုံလည်း ပါခဲ့တယ်။ ပြီးတော့ ကံထူးသူကလေးငယ်ပရိသတ်နှစ်ဦးနဲ့အတူ ကျောင်းအားကစားကွင်းမှာ အပျော်တမ်းဘောလုံးကစားခဲ့ပါသေးတယ်။ Royal Oldham ဆေးရုံကိုရောက်ရှိ ချိန်မှာ ကျန်းမာရေးမကောင်းသူပရိသတ်တွေကို အားပေးစကားပြော၊ လက်ဆောင်ပေးပြီး အချိန်အတန်ကြာ အတူနေပေးခဲ့ပါတယ်။

စာသင်ကျောင်းနဲ့ ဆေးရုံကကလေးငယ်တွေနဲ့ ဆုံတွေ့ချိန်မှာ မာတာရော၊ ကလေးငယ်တွေပါ ကြည်နူးပျော်ရွှင် နေပုံရပါတယ်။ စိတ်လက်ကြည်မြစရာ အခိုက်အတန့်လေးတွေပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။