[Zawgyi]

၂၀၀၃-၀၄ ရာသီကလုိ ဒီရာသီပရီးမီးယားလိဂ္မွာ Invincible အသင္း ေပၚထြက္လာမလား

၂၀၀၃-၀၄ ရာသီတုန္းက အာဆင္နယ္အသင္း တစ္ရာသီလုံး ႐ႈံးပဲြမရွိဘဲ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္ခ့ဲတာကုိ ပရိသတ္ေတြ ေမ့ေလာက္မွာ မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ အာဆင္နယ္အသင္းက ႐ႈံးပဲြမရွိ ဗုိလ္စဲြခဲ့ၿပီး အဲဒီအတြက္ Invincible Team ဆုိၿပီး အားလုံးက သတ္မွတ္ခဲ့ၾကတယ္။

arsenal-invincibles

arsenal-invincibles

၂၀၀၃-၀၄ ရာသီက အာဆင္နယ္လုိပဲ ဒီရာသီမွာ ေနာက္ထပ္ Invincible Team ထပ္ ေပၚထြက္လာဦးမလားဆုိတာ စိတ္၀င္စားစရာေကာင္းလာပါၿပီ။ ၿပီးခဲ့တဲ့ရာသီက စံခ်ိန္မွတ္တမ္းသစ္ေတြနဲ႔ ဗုိလ္စဲြခဲ့တဲ့ မန္စီးတီးအသင္းဟာ အာဆင္နယ္ရဲ႕ မွတ္တမ္းကုိ အမီလုိက္ႏုိင္ဖုိ႔ အေျခအေနေကာင္းခဲ့ေပမယ့္ (၂၂)ပဲြေျမာက္၊ လီဗာပူးလ္နဲ႔ပဲြမွာ ရႈံးပဲြေတြ႕ခဲ့လုိ႔ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္က အေရာင္ျပယ္လြင့္ခဲ့ရတယ္။

Manchester-City

Manchester-City

အခုေလာေလာဆယ္ ပရီးမီးယားလိဂ္က ပဲြစဥ္(၁၀)ပဲရွိေသးလုိ႔ Invincible Team ဘယ္သူလဲဆုိတာ ေျပာဖုိ႔ ေစာေနေသးတယ္။ ဒါေပမဲ့ လီဗာပူးလ္၊ မန္စီးတီး၊ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ႐ႈံးပဲြမရွိေသးဘဲ ရလဒ္ေကာင္းေတြ ရယူေနတာေၾကာင့္ ဒီ(၃)သင္းထဲက တစ္သင္းသင္းမ်ား ႐ႈံးပဲြမရွိ ဗုိလ္စဲြမလားဆုိတာ ေစာင့္ၾကည့္ခ်င္စရာပါပဲ။

liverpool

liverpool

ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ (၃)သင္း ႐ႈံးပဲြမရွိေသးတာက ဒါ ပထမဆုံးအႀကိမ္ပါ။ အရင္ အဂၤလန္အမွတ္ေပးၿပိဳင္ပဲြတုန္းက ၁၉၇၈-၇၉ ရာသီမွာ ပဲြစဥ္(၉)အၿပီး လီဗာပူးလ္၊ အဲဗာတန္၊ ေနာ္တင္ဟမ္ေဖာ္ရက္စ္တို႔ ႐ႈံးပဲြမရွိခဲ့ဘဲ လီဗာပူးလ္အသင္း ဗုိလ္စဲြခဲ့တယ္။ (၁၂)ႏွစ္အၾကာ ၁၉၉၀-၉၁ ရာသီမွာ လီဗာပူးလ္၊ အာဆင္နယ္၊ စပါး၊ ပဲေလ့စ္ (၄)သင္းအထိ ပဲြစဥ္(၉)အၿပီး ႐ႈံးပဲြမရွိခဲ့ဘဲ အာဆင္နယ္အသင္းက အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့တယ္။

Chelsea

Chelsea

အစဥ္အလာေတြအရဆုိရင္ေတာ့ ပဲြစဥ္(၉)အၿပီး ႐ႈံးပဲြမရွိတဲ့ (၃)သင္းထဲက တစ္သင္းသင္း ခ်န္ပီယံျဖစ္ေလ့ရွိလုိ႔ ဒီႏွစ္မွာလည္း လီဗာပူးလ္၊ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔ထဲက တစ္သင္း ဗုိလ္စဲြႏုိင္ေျခမ်ားေနတယ္။ လက္ရွိေျခစြမ္းနဲ႔ ရလဒ္ေတြအရလည္း ခ်န္ပီယံဆုကုိ မန္စီးတီး ဆက္ထိန္းႏုိင္မယ့္အေျခအေနပါပဲ။ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြကာလက (၃)ပုံ (၁)ပုံ နီးပါးေရာက္လာပါၿပီ။ ဒီ(၃)သင္းထဲက ဘယ္သူ ဗုိလ္စဲြမလဲ၊ အာဆင္နယ္လုိ Invincible Team ထပ္ေပၚလာဦးမလားဆုိတာ စိတ္၀င္တစား ေစာင့္ၾကည့္လုိက္ရေအာင္လား . .

REF:premierleague
Photo:deportes.televisa,FOX Sports Asia,
Naing Linn(Akhayar)
www.akhayar.com

Unicode]

၂၀၀၃-၀၄ ရာသီကလို ဒီရာသီပရီးမီးယားလိဂ်မှာ Invincible အသင်း ပေါ်ထွက်လာမလား

၂၀၀၃-၀၄ ရာသီတုန်းက အာဆင်နယ်အသင်း တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တာကို ပရိသတ်တွေ မေ့လောက်မှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်အသင်းက ရှုံးပွဲမရှိ ဗိုလ်စွဲခဲ့ပြီး အဲဒီအတွက် Invincible Team ဆိုပြီး အားလုံးက သတ်မှတ်ခဲ့ကြတယ်။

arsenal-invincibles

arsenal-invincibles

၂၀၀၃-၀၄ ရာသီက အာဆင်နယ်လိုပဲ ဒီရာသီမှာ နောက်ထပ် Invincible Team ထပ် ပေါ်ထွက်လာဦးမလားဆိုတာ စိတ်ဝင်စားစရာကောင်းလာပါပြီ။ ပြီးခဲ့တဲ့ရာသီက စံချိန်မှတ်တမ်းသစ်တွေနဲ့ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီးအသင်းဟာ အာဆင်နယ်ရဲ့ မှတ်တမ်းကို အမီလိုက်နိုင်ဖို့ အခြေအနေကောင်းခဲ့ပေမယ့် (၂၂)ပွဲမြောက်၊ လီဗာပူးလ်နဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့လို့ သူတို့ရဲ့ မျှော်လင့်ချက်က အရောင်ပြယ်လွင့်ခဲ့ရတယ်။

Manchester-City

Manchester-City

အခုလောလောဆယ် ပရီးမီးယားလိဂ်က ပွဲစဉ်(၁၀)ပဲရှိသေးလို့ Invincible Team ဘယ်သူလဲဆိုတာ ပြောဖို့ စောနေသေးတယ်။ ဒါပေမဲ့ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့ဟာ ရှုံးပွဲမရှိသေးဘဲ ရလဒ်ကောင်းတွေ ရယူနေတာကြောင့် ဒီ(၃)သင်းထဲက တစ်သင်းသင်းများ ရှုံးပွဲမရှိ ဗိုလ်စွဲမလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။

liverpool

liverpool

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၃)သင်း ရှုံးပွဲမရှိသေးတာက ဒါ ပထမဆုံးအကြိမ်ပါ။ အရင် အင်္ဂလန်အမှတ်ပေးပြိုင်ပွဲတုန်းက ၁၉၇၈-၇၉ ရာသီမှာ ပွဲစဉ်(၉)အပြီး လီဗာပူးလ်၊ အဲဗာတန်၊ နော်တင်ဟမ်ဖော်ရက်စ်တို့ ရှုံးပွဲမရှိခဲ့ဘဲ လီဗာပူးလ်အသင်း ဗိုလ်စွဲခဲ့တယ်။ (၁၂)နှစ်အကြာ ၁၉၉၀-၉၁ ရာသီမှာ လီဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ ပဲလေ့စ် (၄)သင်းအထိ ပွဲစဉ်(၉)အပြီး ရှုံးပွဲမရှိခဲ့ဘဲ အာဆင်နယ်အသင်းက အမှတ်ပေးချန်ပီယံဖြစ်ခဲ့တယ်။

Chelsea

Chelsea

အစဉ်အလာတွေအရဆိုရင်တော့ ပွဲစဉ်(၉)အပြီး ရှုံးပွဲမရှိတဲ့ (၃)သင်းထဲက တစ်သင်းသင်း ချန်ပီယံဖြစ်လေ့ရှိလို့ ဒီနှစ်မှာလည်း လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့ထဲက တစ်သင်း ဗိုလ်စွဲနိုင်ခြေများနေတယ်။ လက်ရှိခြေစွမ်းနဲ့ ရလဒ်တွေအရလည်း ချန်ပီယံဆုကို မန်စီးတီး ဆက်ထိန်းနိုင်မယ့်အခြေအနေပါပဲ။ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကာလက (၃)ပုံ (၁)ပုံ နီးပါးရောက်လာပါပြီ။ ဒီ(၃)သင်းထဲက ဘယ်သူ ဗိုလ်စွဲမလဲ၊ အာဆင်နယ်လို Invincible Team ထပ်ပေါ်လာဦးမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်လိုက်ရအောင်လား . .

REF:premierleague
Photo:deportes.televisa,FOX Sports Asia,
Naing Linn(Akhayar)
www.akhayar.com