[Zawgyi]

Ozil ဟာ အာဆင္နယ္အသင္းေခါင္းေဆာင္ျဖစ္ဖုိ႔ အသင့္ျဖစ္ေနၿပီလုိ႔ အတည္ျပဳခဲ့တဲ့ Unai Emery

အာဆင္နယ္အသင္းနည္းျပ အူႏုိင္းအမ္မရီ Unai Emery ဟာ ၂၀၁၈ ကမၻာ႔ဖလားမွာ စိတ္ပ်က္စရာေတြ ရင္ဆုိင္ခဲ့ရတဲ့ ကြင္းလယ္လူ အုိေဇးလ္ Ozil ကုိ စိတ္ဓာတ္ျမႇင့္တင္ေပးတဲ့အေနနဲ႔ အာဆင္နယ္အသငး္ေခါင္းေဆာင္အျဖစ္ ခန္႔အပ္သြားဖုိ႔ စီစဥ္ေနၿပီျဖစ္ပါတယ္။ PSG အသင္းကုိ (၅-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ICC ပဲြမွာ အူႏုိင္းအမ္မရီက အုိေဇးလ္ကုိ အသငး္ေခါင္းေဆာင္အျဖစ္ သတ္မွတ္ေပးခဲ့ၿပီး အုိေဇးလ္အေနနဲ႔ အာဆင္နယ္ကစားသမားဘ၀တစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ အသင္းေခါင္းေဆာင္လက္ပတ္ ၀တ္ဆင္ခြင့္ရခဲ့တာပါ။

Ozil-Score-A-Goal-For-Arsenal

Ozil-Score-A-Goal-For-Arsenal

အာဆင္နယ္အသငး္ရဲ႕ အသင္းေခါင္းေဆာင္ ေနာက္ခံလူ ကုိစီယဲလ္နီ Koscielny ဟာ ဒူးဒဏ္ရာျပႆနာကေန ျပန္သက္သာလာၿပီျဖစ္ေပမယ့္ အူႏုိင္းအမ္မရီက အုိေဇးလ္ကုိ အၿမဲတမ္းအသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ဖုိ႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ PSG နဲ႔ပဲြမွာ တစ္ဂုိးသြင္းယူၿပီး ေျခစြမ္းျပကစားခဲ့တဲ့ အုိေဇးလ္က “ဒီေန႔ပဲြမွာ အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ခံခဲ့ရတဲ့အတြက္ ဂုဏ္ယူမိပါတယ္။ ႏုိင္ပဲြရခဲ့သလုိ စင္ကာပူပရိသတ္ေတြရဲ႕ အားေပးမႈကလည္း အံ့အားသင့္စရာပါပဲ”လုိ႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားခဲ့တယ္။

Ozil-Celebrates-With-Team-Mates

Ozil-Celebrates-With-Team-Mates

အဲဒီပဲြအၿပီး အူႏုိင္းအမ္မရီကလည္း “ကစားသမားေတြကုိ တာ၀န္ယူတတ္တဲ့စိတ္ျဖစ္ေအာင္ ကၽြန္ေတာ္တို႔ စီစဥ္ေဆာင္ရြက္ေနၿပီး အုိေဇးလ္ဟာ အသင္းေခါင္းေဆာင္အျဖစ္ ေကာင္းေကာင္း ကစားႏုိင္သူျဖစ္ပါတယ္။ အာဆင္နယ္ အသင္းေခါင္းေဆာင္ေနရာအတြက္ ကစားသမား(၅)ဦးကုိ လ်ာထားၿပီး အဲဒီအထဲမွာ အုိေဇးလ္၊ ရမ္ေဆး Ramsey ၊ ပီတာခ်က္ Petr Cech တို႔လည္း ပါ၀င္ပါတယ္”လုိ႔ ဆုိခဲ့တယ္။ အာဆင္နယ္အသင္းရဲ႕ ဂႏၳ၀င္အသင္းေခါင္းေဆာင္ေတြျဖစ္တဲ့ တိုနီအဒမ္ Tony Adams၊ ဗီယာရာ Vieira တို႔ေနာက္ပုိင္း အသင္းေခါင္းေဆာင္အျဖစ္ ကစားသမားေတာ္ေတာ္မ်ားမ်ား ခန္႔အပ္ခံခ့ဲရေပမယ့္လည္း ထူးထူးျခားျခား ေအာင္ျမင္မႈေတာ့ မရခဲ့ပါဘူး။ တကယ္လုိ႔ အုိေဇးလ္သာ အာဆင္နယ္အသင္းေခါင္းေဆာင္သစ္ျဖစ္လာခဲ့ရင္ တိုနီအဒမ္၊ ဗီယာရာ တို႔ရဲ႕ေျခရာ နင္းႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ . . .

REF:The Sun
Photo:Twitter.Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Ozil ဟာ အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်ဖို့ အသင့်ဖြစ်နေပြီလို့ အတည်ပြုခဲ့တဲ့ Unai Emery

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီ Unai Emery ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ စိတ်ပျက်စရာတွေ ရင်ဆိုင်ခဲ့ရတဲ့ ကွင်းလယ်လူ အိုဇေးလ် Ozil ကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့အနေနဲ့ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ PSG အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ICC ပွဲမှာ အူနိုင်းအမ်မရီက အိုဇေးလ်ကို အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ပေးခဲ့ပြီး အိုဇေးလ်အနေနဲ့ အာဆင်နယ်ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ခွင့်ရခဲ့တာပါ။

Ozil-Score-A-Goal-For-Arsenal

Ozil-Score-A-Goal-For-Arsenal

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ကိုစီယဲလ်နီ Koscielny ဟာ ဒူးဒဏ်ရာပြဿနာကနေ ပြန်သက်သာလာပြီဖြစ်ပေမယ့် အူနိုင်းအမ်မရီက အိုဇေးလ်ကို အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ PSG နဲ့ပွဲမှာ တစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြကစားခဲ့တဲ့ အိုဇေးလ်က “ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ပွဲရခဲ့သလို စင်ကာပူပရိသတ်တွေရဲ့ အားပေးမှုကလည်း အံ့အားသင့်စရာပါပဲ”လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့တယ်။

Ozil-Celebrates-With-Team-Mates

Ozil-Celebrates-With-Team-Mates

အဲဒီပွဲအပြီး အူနိုင်းအမ်မရီကလည်း “ကစားသမားတွေကို တာဝန်ယူတတ်တဲ့စိတ်ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပြီး အိုဇေးလ်ဟာ အသင်းခေါင်းဆောင်အဖြစ် ကောင်းကောင်း ကစားနိုင်သူဖြစ်ပါတယ်။ အာဆင်နယ် အသင်းခေါင်းဆောင်နေရာအတွက် ကစားသမား(၅)ဦးကို လျာထားပြီး အဲဒီအထဲမှာ အိုဇေးလ်၊ ရမ်ဆေး Ramsey ၊ ပီတာချက် Petr Cech တို့လည်း ပါဝင်ပါတယ်”လို့ ဆိုခဲ့တယ်။ အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်အသင်းခေါင်းဆောင်တွေဖြစ်တဲ့ တိုနီအဒမ် Tony Adams၊ ဗီယာရာ Vieira တို့နောက်ပိုင်း အသင်းခေါင်းဆောင်အဖြစ် ကစားသမားတော်တော်များများ ခန့်အပ်ခံခဲ့ရပေမယ့်လည်း ထူးထူးခြားခြား အောင်မြင်မှုတော့ မရခဲ့ပါဘူး။ တကယ်လို့ အိုဇေးလ်သာ အာဆင်နယ်အသင်းခေါင်းဆောင်သစ်ဖြစ်လာခဲ့ရင် တိုနီအဒမ်၊ ဗီယာရာ တို့ရဲ့ခြေရာ နင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

REF:The Sun
Photo:Twitter.Goal.com
Naing Linn(Akhayar)
www.akhayar.com