ယမန္ေန႔တုန္းက United Kingdom မွာရွိတဲ့ Information Commissioner’s Office ကေန ဒီႏွစ္အေစာပိုင္းမွာ နာမည္ၾကီးခဲ့တဲ့ Facebook ရဲ႕ Cambridge Analytica ကေန အသံုးျပဳသူေတြရဲ႕ Data ေပါက္ၾကားေစခဲ့တဲ့ ကိစၥအေပၚကို ဆံုးျဖတ္ခ်က္တစ္ခုထုတ္ျပန္လုိက္ပါတယ္။ အဆိုပါ ဆံုးျဖတ္ခ်က္အရ Facebook ဟာ UK ကို ဒါဏ္ေၾကးေငြေပးေဆာင္ရေတာ့မွာပဲျဖစ္ပါတယ္။

Facebook Cambridge Analytica

UK ရဲ႕ ဆံုးျဖတ္ခ်က္အရေတာ့ Facebook ဟာ UK Information Commissioner’s Office ကို ျဗိတိန္ေပါင္ ၅ သိန္း ဒါမွမဟုတ္ ေဒၚလာ ၆ သိန္း ၆ ေသာင္းေက်ာ္ေလာက္ ေပးေဆာင္ရေတာ့မွာပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး ဒါဏ္ေငြရုိက္လိုက္တာကလည္း Facebook ဟာ ယခု Cambridge Analytica ကိစၥနဲ႔ ပတ္သတ္ျပီးေတာ့ အခ်ိန္မီ အေရးယူျခင္းမရွိဘဲ သံုးစြဲသူေတြရဲ ႔ Data ေတြကို ေပါက္ၾကားေစျပီး အခ်ိန္ေနာက္က်မွ ေဆာင္ရြက္တာေၾကာင့္ျဖစ္တယ္လုိ႔ သိရပါတယ္။

Facebook ရဲ႕ Chief Privacy Officer ကိုယ္တုိင္ကလည္း Facebook ဟာ အခု Cambridge Analytica ကိစၥနဲ႔ပတ္သတ္ျပီးေတာ့ စစ္ေဆးမႈေတြနဲ႔ အေရးယူမႈေတြကို လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ထဲက ေဆာင္ရြက္ဖုိ႔ စီစဥ္ခဲ့သင့္တယ္လုိ႔ ဝန္ခံခဲ့တာလည္း ျဖစ္ပါတယ္။ UK ရဲ႕ စီစစ္သူေတြဟာ အခု Facebook ရဲ႕ Cambridge Analytica ကိစၥအေပၚကို စာမ်က္ႏွာ ၄၀ ခန္႔ရွိတဲ့ Report တစ္ခုနဲ႔ ေဖာ္ျပခဲ့တာျဖစ္ျပီး Facebook ရဲ႕ အခုလုိမ်ိဳး အသံုးျပဳသူေတြအေပၚက Data ေတြ ေကာက္ယူေနမႈကို တာဝန္မဲ့စြာေဆာင္ရြက္ခဲ့တာေတြကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Facebook CEO Mark Zuckerberg

The Washington Post ရဲ႕ ေျပာၾကားခ်က္အရလည္း အခုထုတ္ျပန္လုိက္တဲ့ ဒါဏ္ေငြက အေစာပိုင္းအတြက္ပဲျဖစ္ျပီးေတာ့ ေနာက္ဆံုး ပမာဏကို UK ဘက္က စစ္ေဆးသူေတြနဲ႔ Facebook က တာဝန္ရွိသူေတြနဲ႔ ညွိႏႈိင္းျပီး ထုတ္ျပန္ေၾကညာသြားမယ္လုိ႔ သိရပါတယ္။ အဆိုပါ Follow-up Report ကိုေတာ့ လာမယ့္ ေအာက္တိုဘာလဝန္းက်င္မွာ ထုတ္ျပန္သြားဖုိ႔ ရွိေနပါတယ္။

Facebook New Privacy Rules

EU ဟာ ယခု Facebook ရဲ႕ Cambridge Analytica ကိစၥျဖစ္ပြားျပီးတဲ့အခ်ိန္က စတင္ျပီးေတာ့ Tech ကုမၸဏီေတြအေပၚကို ပိုျပီး တင္းက်ပ္လာခဲ့ျပီး ဒါဏ္ရုိက္မႈေတြကိုလည္း အေျမာက္အမ်ားျပဳလုပ္လာခဲ့တာျဖစ္ပါတယ္။ Facebook လုိမ်ိဳးပဲ Google ကလည္း အခု Android Devices ေတြရဲ႕ Default Browser နဲ႔ Search Engine ေတြကို Google Services App ေတြအျဖစ္ ထားရွိတဲ့အေပၚကိုလည္း EU ကေန ဒါဏ္ရုိက္ႏုိင္ဖြယ္ရွိေနပါေသးတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ယမန်နေ့တုန်းက United Kingdom မှာရှိတဲ့ Information Commissioner’s Office ကနေ ဒီနှစ်အစောပိုင်းမှာ နာမည်ကြီးခဲ့တဲ့ Facebook ရဲ့ Cambridge Analytica ကနေ အသုံးပြုသူတွေရဲ့ Data ပေါက်ကြားစေခဲ့တဲ့ ကိစ္စအပေါ်ကို ဆုံးဖြတ်ချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်အရ Facebook ဟာ UK ကို ဒါဏ်ကြေးငွေပေးဆောင်ရတော့မှာပဲဖြစ်ပါတယ်။

Facebook Cambridge Analytica

UK ရဲ့ ဆုံးဖြတ်ချက်အရတော့ Facebook ဟာ UK Information Commissioner’s Office ကို ဗြိတိန်ပေါင် ၅ သိန်း ဒါမှမဟုတ် ဒေါ်လာ ၆ သိန်း ၆ သောင်းကျော်လောက် ပေးဆောင်ရတော့မှာပဲဖြစ်ပါတယ်။ အခုလိုမျိုး ဒါဏ်ငွေရိုက်လိုက်တာကလည်း Facebook ဟာ ယခု Cambridge Analytica ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အချိန်မှီ အရေးယူခြင်းမရှိပဲ သုံးစွဲသူတွေရဲ့ Data တွေကို ပေါက်ကြားစေပြီး အချိန်နောက်ကျမှ ဆောင်ရွက်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Facebook ရဲ့ Chief Privacy Officer ကိုယ်တိုင်ကလည်း Facebook ဟာ အခု Cambridge Analytica ကိစ္စနဲ့ပတ်သတ်ပြီးတော့ စစ်ဆေးမှုတွေနဲ့ အရေးယူမှုတွေကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲက ဆောင်ရွက်ဖို့ စီစဉ်ခဲ့သင့်တယ်လို့ ဝန်ခံခဲ့တာလည်း ဖြစ်ပါတယ်။ UK ရဲ့ စီစစ်သူတွေဟာ အခု Facebook ရဲ့ Cambridge Analytica ကိစ္စအပေါ်ကို စာမျက်နှာ ၄၀ ခန့်ရှိတဲ့ Report တစ်ခုနဲ့ ဖော်ပြခဲ့တာဖြစ်ပြီး Facebook ရဲ့ အခုလိုမျိုး အသုံးပြုသူတွေအပေါ်က Data တွေ ကောက်ယူနေမှုကို တာဝန်မဲ့စွာဆောင်ရွက်ခဲ့တာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

Facebook CEO Mark Zuckerberg

The Washington Post ရဲ့ ပြောကြားချက်အရလည်း အခုထုတ်ပြန်လိုက်တဲ့ ဒါဏ်ငွေက အစောပိုင်းအတွက်ပဲဖြစ်ပြီးတော့ နောက်ဆုံး ပမာဏကို UK ဘက်က စစ်ဆေးသူတွေနဲ့ Facebook က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။ အဆိုပါ Follow-up Report ကိုတော့ လာမယ့် အောက်တိုဘာလဝန်းကျင်မှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

Facebook New Privacy Rules

EU ဟာ ယခု Facebook ရဲ့ Cambridge Analytica ကိစ္စဖြစ်ပွားပြီးတဲ့အချိန်က စတင်ပြီးတော့ Tech ကုမ္ပဏီတွေအပေါ်ကို ပိုပြီး တင်းကျပ်လာခဲ့ပြီး ဒါဏ်ရိုက်မှုတွေကိုလည်း အမြောက်အများပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ Facebook လိုမျိုးပဲ Google ကလည်း အခု Android Devices တွေရဲ့ Default Browser နဲ့ Search Engine တွေကို Google Services App တွေအဖြစ် ထားရှိတဲ့အပေါ်ကိုလည်း EU ကနေ ဒါဏ်ရိုက်နိုင်ဖွယ်ရှိနေပါသေးတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com