[Zawgyi]

ေပၚတူဂီအသင္း အႏိုင္ရ ဗိုလ္စြဲခဲ့တဲ့ ၂၀၁၈ ဥေရာပ ယူ(၁၉)ၿပိဳင္ပြဲ

ႏွစ္စဥ္က်င္းပလ်က္ရွိတဲ့ ဥေရာပ ယူ (၁၉)ၿပိဳင္ပဲြကို အခုႏွစ္မွာလည္း ဆက္လက္က်င္းပခဲ့ၿပီး ေပၚတူဂီအသင္းက အႏိုင္ရဗိုလ္စြဲခဲ့ပါတယ္။ ဥေရာပ ယူ (၁၉)ၿပိဳင္ပြဲကို ဇူလိုင္လ (၁၉)ရက္ေန႔ကေန (၂၉)ရက္ေန႔အထိ က်င္းပခဲ့ၿပီး ဖင္လန္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ပါတယ္။ အိမ္ရွင္ဖင္လန္အသင္းနဲ႔အတူ ေျခစစ္ပြဲေအာင္ အသင္း (၇)သင္း ပါဝင္ခဲ့ၾကၿပီး ၿပိဳင္ပြဲကို အုပ္စု (၂)စုခြဲကာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ အုပ္စု (က)မွာေတာ့ အိမ္ရွင္ ဖင္လန္အသင္းနဲ႔အတူ အီတလီ၊ ေပၚတူဂီနဲ႔ ေနာ္ေဝးအသင္းေတြ ပါဝင္ခဲ့ၿပီး အုပ္စု (ခ)မွာေတာ့ ယူကရိန္း၊ ျပင္သစ္၊ အဂၤလန္နဲ႔ တူရကီအသင္းေတြ ပါဝင္ခဲ့ၾကပါတယ္။ အုပ္စု (က)အသင္းေတြထဲကေန အုပ္စုပထမေနရာရရွိခဲ့တဲ့ အီတလီအသင္းနဲ႔ အုပ္စုဒုတိယေနရာရရွိခဲ့တဲ့ ေပၚတူဂီအသင္းတို႔ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီး အုပ္စု (ခ)အသင္းေတြထဲကေန အုပ္စုပထမေနရာရရွိခဲ့တဲ့ ယူကရိန္းအသင္းနဲ႔ အုပ္စုဒုတိယေနရာရရွိခဲ့တဲ့ ျပင္သစ္အသင္းတို႔ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

uefa-u19-championship-2018-Golden-Shoe-winners

uefa-u19-championship-2018-Golden-Shoe-winners

ဆီမီးဖိုင္နယ္အဆင့္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာေတာ့ ေပၚတူဂီအသင္းက ယူကရိန္းအသင္းကုိ (၅-၀)ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ၿပီး အီတလီအသင္းက ျပင္သစ္အသင္းကို (၂-၀)ဂိုးနဲ႔ အႏိုင္ရကာ ဗိုလ္လုပဲြကုိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဒီၿပိဳင္ပြဲမွာ အဆင့္ (၁)ကေန (၅)ေနရာရရွိခဲ့တဲ့ အသင္းေတြက ၂၀၁၉ ခုႏွစ္မွာ က်င္းပမယ့္ ဖီဖာယူ (၂၀)ကမၻာ႔ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိမွာျဖစ္လို႔ အုပ္စုတြင္းမွာ တတိယေနရာကို ရရွိခဲ့တဲ့ အသင္းေတြက Play-Off ကစားခဲ့ရၿပီး အဂၤလန္အသင္းက ေနာ္ေဝအသင္းကို (၃-၀)ဂိုးနဲ႔ ရံႈးနိမ့္ကာ ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ေနာက္ဆံုးဗိုလ္လုပြဲကို အီတလီအသင္းနဲ႔ ေပၚတူဂီအသင္းတို႔ တက္ေရာက္ႏုိင္ခဲ့ၿပီး အုပ္စုတြင္းေတြ႔ဆံုခဲ့စဥ္က အီတလီအသင္းက (၃-၂)ဂိုးနဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ ဗိုလ္လုပြဲအျဖစ္ ေတြ႔ဆံုခဲ့ရာမွာေတာ့ ေပၚတူဂီအသင္းက အခ်ိန္ပိုသြင္းဂိုးေတြနဲ႔ (၄-၃)ဂိုးနဲ႔ အႏိုင္ရ ဗိုလ္စြဲခဲ့ပါတယ္။ ေပၚတူဂီအသင္းက သမိုင္းတစ္ေလွ်ာက္ (၄)ႀကိမ္ေျမာက္ ဗိုလ္စြဲႏိုင္ခဲ့တာျဖစ္ၿပီး အီတလီအသင္းကေတာ့ ဗိုလ္လုပြဲတက္ေရာက္ခဲ့တဲ့ ေနာက္ဆံုး (၃)ႀကိမ္ဆက္တိုက္ ဒုတိယေနရာနဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

UEFA_European_Under-19_Championship

UEFA_European_Under-19_Championship

REF:Wikipedia
Photo:Imgur.com, Wikipedia, UEFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ပေါ်တူဂီအသင်း အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ၂၀၁၈ ဥရောပ ယူ(၁၉)ပြိုင်ပွဲ

နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ဥရောပ ယူ (၁၉)ပြိုင်ပွဲကို အခုနှစ်မှာလည်း ဆက်လက်ကျင်းပခဲ့ပြီး ပေါ်တူဂီအသင်းက အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဥရောပ ယူ (၁၉)ပြိုင်ပွဲကို ဇူလိုင်လ (၁၉)ရက်နေ့ကနေ (၂၉)ရက်နေ့အထိ ကျင်းပခဲ့ပြီး ဖင်လန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ အိမ်ရှင်ဖင်လန်အသင်းနဲ့အတူ ခြေစစ်ပွဲအောင် အသင်း (၇)သင်း ပါဝင်ခဲ့ကြပြီး ပြိုင်ပွဲကို အုပ်စု (၂)စုခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အုပ်စု (က)မှာတော့ အိမ်ရှင် ဖင်လန်အသင်းနဲ့အတူ အီတလီ၊ ပေါ်တူဂီနဲ့ နော်ဝေးအသင်းတွေ ပါဝင်ခဲ့ပြီး အုပ်စု (ခ)မှာတော့ ယူကရိန်း၊ ပြင်သစ်၊ အင်္ဂလန်နဲ့ တူရကီအသင်းတွေ ပါဝင်ခဲ့ကြပါတယ်။ အုပ်စု (က)အသင်းတွေထဲကနေ အုပ်စုပထမနေရာရရှိခဲ့တဲ့ အီတလီအသင်းနဲ့ အုပ်စုဒုတိယနေရာရရှိခဲ့တဲ့ ပေါ်တူဂီအသင်းတို့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး အုပ်စု (ခ)အသင်းတွေထဲကနေ အုပ်စုပထမနေရာရရှိခဲ့တဲ့ ယူကရိန်းအသင်းနဲ့ အုပ်စုဒုတိယနေရာရရှိခဲ့တဲ့ ပြင်သစ်အသင်းတို့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

uefa-u19-championship-2018-Golden-Shoe-winners

uefa-u19-championship-2018-Golden-Shoe-winners

ဆီမီးဖိုင်နယ်အဆင့်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ပေါ်တူဂီအသင်းက ယူကရိန်းအသင်းကို (၅-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး အီတလီအသင်းက ပြင်သစ်အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အဆင့် (၁)ကနေ (၅)နေရာရရှိခဲ့တဲ့ အသင်းတွေက ၂၀၁၉ ခုနှစ်မှာ ကျင်းပမယ့် ဖီဖာယူ (၂၀)ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်လို့ အုပ်စုတွင်းမှာ တတိယနေရာကို ရရှိခဲ့တဲ့ အသင်းတွေက Play-Off ကစားခဲ့ရပြီး အင်္ဂလန်အသင်းက နော်ဝေအသင်းကို (၃-ဝ)ဂိုးနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကို အီတလီအသင်းနဲ့ ပေါ်တူဂီအသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး အုပ်စုတွင်းတွေ့ဆုံခဲ့စဉ်က အီတလီအသင်းက (၃-၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဗိုလ်လုပွဲအဖြစ် တွေ့ဆုံခဲ့ရာမှာတော့ ပေါ်တူဂီအသင်းက အချိန်ပိုသွင်းဂိုးတွေနဲ့ (၄-၃)ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ပေါ်တူဂီအသင်းက သမိုင်းတစ်လျှောက် (၄)ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပြီး အီတလီအသင်းကတော့ ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ နောက်ဆုံး (၃)ကြိမ်ဆက်တိုက် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

UEFA_European_Under-19_Championship

UEFA_European_Under-19_Championship

REF:Wikipedia
Photo:Imgur.com, Wikipedia, UEFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com