[Zawgyi]

အဂၤလိပ္ကလပ္ထဲမွာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ ဆုေၾကးခဲြေ၀မႈ အမ်ားဆုံးရရွိခဲ့တဲ့ လီဗာပူးလ္

၂၀၁၇-၁၈ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြအတြက္ ဆုေၾကးေတြကုိ ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္ (UEFA)က ခဲြေ၀ေပးခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ လီဗာပူးလ္အသငး္က ဆုေၾကးရရွိမႈ အမ်ားဆုံးျဖစ္ခဲ့တယ္။ UEFA ဟာ ႐ုပ္သံထုတ္လႊင့္ခ ေပါင္(၅၂၇)ဘီလီယံအပါအ၀င္ ဆုေၾကးေငြ ေပါင္(၁.၂၅)ဘီလီယံကုိ ကလပ္အသင္းေတြ ေရာက္ရွိခဲ့တဲ့အဆင့္အလုိက္ ခဲြေ၀ေပးခဲ့တာျဖစ္ၿပီး လီဗာပူးလ္အသင္းက ေပါင္(၇၁.၈၆)သန္း ရရွိခဲ့တယ္။ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗုိလ္လုပဲြတက္ေရာက္ခဲ့ၿပီး ရီးယဲလ္အသင္းကုိ ႐ႈံးနိမ့္ခဲ့လုိ႔ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတာပါ။

Liverpool

Liverpool

ေမာ္ရင္ဟုိ Mourinho ရဲ႕ မန္ယူအသင္းကေတာ့ လီဗာပူးလ္အသင္းရဲ႕ ဆုေၾကးေငြ ထက္၀က္ေလာက္သာ ရရွိခဲ့ၿပီး ႐ုပ္သံထုတ္လႊင့္ခ၊ ေရာက္ရွိခဲ့တဲ့အဆင့္အလုိက္ ဆုေၾကးအပါအ၀င္ ေပါင္(၃၅.၆၇)သန္းသာ ရရွိခဲ့တယ္။ မန္ယူအသင္း ရရွိခဲ့တဲ့ဆုေၾကးေငြက ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ အနည္းဆုံးျဖစ္ခဲ့ၿပီး ခ်ယ္လ္ဆီးက ေပါင္(၅၇.၆)သန္း၊ မန္စီးတီးက ေပါင္(၅၆.၄)သန္း၊ စပါးအသင္းက ေပါင္(၅၄.၂)သန္းအထိ ရရွိခဲ့တယ္။ ဆုေၾကးေငြအမ်ားဆုံး ရရွိခဲ့တာက (၃)ႏွစ္ဆက္ ခ်န္ပီယံျဖစ္ခဲ့တဲ့ လာလီဂါထိပ္သီး ရီးယဲလ္အသင္းျဖစ္ၿပီး ေပါင္(၇၈.၃၈)သန္းရရွိခဲ့ပါတယ္။

REF:skysports
Photo:standard,Breaking The Lines
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလိပ်ကလပ်ထဲမှာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆုကြေးခွဲဝေမှု အများဆုံးရရှိခဲ့တဲ့ လီဗာပူးလ်

၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဆုကြေးတွေကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ခွဲဝေပေးခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ လီဗာပူးလ်အသင်းက ဆုကြေးရရှိမှု အများဆုံးဖြစ်ခဲ့တယ်။ UEFA ဟာ ရုပ်သံထုတ်လွှင့်ခ ပေါင်(၅၂၇)ဘီလီယံအပါအဝင် ဆုကြေးငွေ ပေါင်(၁.၂၅)ဘီလီယံကို ကလပ်အသင်းတွေ ရောက်ရှိခဲ့တဲ့အဆင့်အလိုက် ခွဲဝေပေးခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းက ပေါင်(၇၁.၈၆)သန်း ရရှိခဲ့တယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။

Liverpool

Liverpool

မော်ရင်ဟို Mourinho ရဲ့ မန်ယူအသင်းကတော့ လီဗာပူးလ်အသင်းရဲ့ ဆုကြေးငွေ ထက်ဝက်လောက်သာ ရရှိခဲ့ပြီး ရုပ်သံထုတ်လွှင့်ခ၊ ရောက်ရှိခဲ့တဲ့အဆင့်အလိုက် ဆုကြေးအပါအဝင် ပေါင်(၃၅.၆၇)သန်းသာ ရရှိခဲ့တယ်။ မန်ယူအသင်း ရရှိခဲ့တဲ့ဆုကြေးငွေက ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အနည်းဆုံးဖြစ်ခဲ့ပြီး ချယ်လ်ဆီးက ပေါင်(၅၇.၆)သန်း၊ မန်စီးတီးက ပေါင်(၅၆.၄)သန်း၊ စပါးအသင်းက ပေါင်(၅၄.၂)သန်းအထိ ရရှိခဲ့တယ်။ ဆုကြေးငွေအများဆုံး ရရှိခဲ့တာက (၃)နှစ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ လာလီဂါထိပ်သီး ရီးယဲလ်အသင်းဖြစ်ပြီး ပေါင်(၇၈.၃၈)သန်းရရှိခဲ့ပါတယ်။

REF:skysports
Photo:standard,Breaking The Lines
Naing Linn(Akhayar)
www.akhayar.com