[Zawgyi]






REF:The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်အပြင် တတိယမြောက် ဥရောပပြိုင်ပွဲ ကျင်းပဖို့ UEFA စီစဉ်နေပြီ

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲအပြင် အခု တတိယမြောက် ဥရောပပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ UEFA အကြီးအကဲတွေက နိုင်ငံငယ်လေးတွေက အသင်းတွေ ဥရောပအဆင့်မှာ ယှဉ်ပြိုင်ခွင့်ရဖို့ ရည်ရွယ်ပြီး အခုလို ကျင်းပဖို့ ဆန္ဒရှိနေတာပါ။ ဂျာမန်နာမည်ကျော် သတင်းစာ Bild က UEFA ဟာ တတိယမြောက် ဥရောပပြိုင်ပွဲကို အသင်း(၃၂)သင်းနဲ့ ကျင်းသွားမှာဖြစ်ပြီး ယူရိုပါလိဂ်အုပ်စုအဆင့်မှာ အသင်းအရေအတွက်ကို လက်ရှိ (၄၈)သင်းကနေ (၃၂)အသင်းအထိ လျှော့ချသွားမယ်လို့ ဖော်ပြခဲ့တယ်။

UEFA-Champions-League-Trophy

UEFA-Champions-League-Trophy

တကယ်လို့ ဒီအစဉ်အသာ အကောင်အထည်ဖော်ဖြစ်မယ်ဆိုရင် ဥရောပဘောလုံးလောကမှာ ကလပ်အသင်းပေါင်း (၉၆)သင်းအထိ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် UEFA အနေနဲ့ ဒီအစဉ်အစဉ်ကို လာမယ့်(၃)နှစ်အတွင်း အကောင်အထည်ဖော်သွားဖို့လည်း ရှိနေပါပြီ။ အခုလောလောဆယ်တော့ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မညှိနှိုင်းရသေးဘဲ လာမယ့်နှစ်တွေကျမှ ဆွေးနွေးသွားဖို့ ရှိပါတယ်။

REF:The Sun
Photo:Reuters,Getty Images,AS
Naing Linn(Akhayar)
www.akhayar.com