[Zawgyi]

ပိုလန္ကို အႏိုင္ယူျပီး ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ႏိုင္ခဲ႔တဲ႔ အီတလီ

အခုေနာက္ပိုင္းမွာ ေျခစြမ္းပိုင္းက်ဆင္းေနျပီး ႏိုင္ပြဲတစ္ပြဲရဖို႔ ခက္ခဲေနတဲ႔ အီတလီအသင္းဟာ Nations League ျပိဳင္ပြဲမွာ ပိုလန္အသင္းကို ( ၀ – ၁ )နဲ႔ အႏိုင္ယူျပီး ႏိုင္ပြဲတစ္ပြဲျပန္လည္ရွာေဖြႏိုင္ခဲ႔ပါတယ္။ ဒီႏိုင္ပြဲေၾကာင္႔ အီတလီအသင္းဟာ ေနာက္ဆံုး(၅)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးေနမႈကို ရပ္တန္႔ႏိုင္ခဲ႔ပါတယ္။

ပိုလန္ ( ၀ – ၁ ) အီတလီ

ႏွစ္သင္းလံုးဟာ လူစံုပြဲထြက္လာၾကျပီး ပိုလန္အသင္းကို လီ၀န္ေဒါစကီး Lewandowski ၊ မီလစ္ Milik ၊ ဇီလင္စကီး Zieliński တို႔ကဦးေဆာင္လာခဲ႔ၾကသလို အီတလီအသင္းကိုေတာ႔ ဗာရက္တီ Verratti ၊ ေယာ္ဂ်င္ဟို Jorginho နဲ႔ အင္ဆစ္ဂ္နီ Insigne တို႔ကဦးေဆာင္လာခဲ႔ၾကပါတယ္။ ပြဲအစမွာပဲ ေယာ္ဂ်င္ဟိုရဲ႕ ေကာင္းမြန္တဲ႔ အေ၀းကန္ခ်က္ ဘားတန္းထိထြက္ခဲ႔တာေၾကာင္႔ အီတလီအသင္းအတြက္ နစ္နာခဲ႔တယ္ လို႔ေျပာရမွာပါ။ နိုင္ပြဲရဖို႔ လိုအပ္ေနတဲ႔ အီတလီအသင္းဟာ ပြဲအစထဲက ပိုလန္အသင္းဘက္ကို တရစပ္တိုက္စစ္ဆင္ ဖိအားေပးကစားခဲ႔ပါတယ္။ အီတလီအသင္း တိုက္စစ္မႈး အင္ဆစ္ဂနီရဲ႕ ပိတ္သြင္းခ်က္ ဘားတန္းထိထြက္ခဲ႔သလို အီတလီအသင္းရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကိုလည္း ပိုလန္ဂိုးသမား ဆက္ဇနီ Szczęsny လက္စြမ္းျပကာကြယ္ေနတာေၾကာင္႔ သြင္းဂိုးေတြနဲ႔ ေ၀းကြာေနခဲ႔ရပါတယ္။

Jorginho

Jorginho

ဒုတိယပိုင္းမွာေတာ႔ ပိုလန္အသင္းက အီတလီဘက္ကို ထိုးေဖာက္မႈေတြျပဳလုပ္လာႏိုင္ခဲ႔ပါတယ္။ အီတလီ ေတာင္ပံကစားသမား ဘာနာဒက္ခ်ီ Bernardeschi အပိုင္ေခါင္းတိုက္ခြင္႔ကို လြဲေခ်ာ္ခဲ႔သလို ဂိုးသမား ဒြန္နာရမ္မာ Donnarumma ဟာလည္း ပိုလန္အသင္းရဲ႕ ထိုးေဖာက္တိုက္စစ္ဆင္ ကန္သြင္းမႈေတြကို လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္ (၉၂)မိနစ္မွာေတာ႔ အီတလီအသင္းဟာ အဖိုးတန္အႏိုင္ဂိုးရရိွခဲ႔ျပီး ဒီဂိုးကိုေတာ႔ ေထာင္႔ကန္ေဘာကေန တစ္ဆင္႔ရရိွခဲ႔တဲ႔ အခြင္႔အေရးကို ေနာက္ခံလူ ဘီရာဂီ Biraghi ကပိတ္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ တစ္ပြဲလံုးကို ျခံဳၾကည္႔ရင္ေတာ႔ နည္းျပမန္စီနီ Mancini ရဲ႕ အီတလီအသင္းဟာ ပိုလန္အသင္းကို အသာစီးကစားႏိုင္ခဲ႔ျပီး ထိုက္တန္တဲ႔ႏိုင္ပြဲတစ္ပြဲကို ရရိွခဲ႔တာျဖစ္ပါတယ္။

Biraghi-Celebrate

Biraghi-Celebrate

Nations League ျပိဳင္ပြဲ ရလဒ္မ်ား

Russia 2 – 0 Turkey
Israel 2 – 0 Albania
Romania 0 – 0 Serbia
Lithuania 1 – 4 Montenegro
Azerbaijan 1 – 1 Malta
Faroe Islands 1 – 1 Kosovo

Photo: Bleacher Report , Flipboard , Houston Chronicle
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပိုလန်ကို အနိုင်ယူပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့တဲ့ အီတလီ

အခုနောက်ပိုင်းမှာ ခြေစွမ်းပိုင်းကျဆင်းနေပြီး နိုင်ပွဲတစ်ပွဲရဖို့ ခက်ခဲနေတဲ့ အီတလီအသင်းဟာ Nations League ပြိုင်ပွဲမှာ ပိုလန်အသင်းကို ( ၀ – ၁ )နဲ့ အနိုင်ယူပြီး နိုင်ပွဲတစ်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အီတလီအသင်းဟာ နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။

ပိုလန် ( ၀ – ၁ ) အီတလီ

နှစ်သင်းလုံးဟာ လူစုံပွဲထွက်လာကြပြီး ပိုလန်အသင်းကို လီဝန်ဒေါစကီး Lewandowski ၊ မီလစ် Milik ၊ ဇီလင်စကီး Zieliński တို့ကဦးဆောင်လာခဲ့ကြသလို အီတလီအသင်းကိုတော့ ဗာရက်တီ Verratti ၊ ယော်ဂျင်ဟို Jorginho နဲ့ အင်ဆစ်ဂ္နီ Insigne တို့ကဦးဆောင်လာခဲ့ကြပါတယ်။ ပွဲအစမှာပဲ ယော်ဂျင်ဟိုရဲ့ ကောင်းမွန်တဲ့ အဝေးကန်ချက် ဘားတန်းထိထွက်ခဲ့တာကြောင့် အီတလီအသင်းအတွက် နစ်နာခဲ့တယ် လို့ပြောရမှာပါ။ နိုင်ပွဲရဖို့ လိုအပ်နေတဲ့ အီတလီအသင်းဟာ ပွဲအစထဲက ပိုလန်အသင်းဘက်ကို တရစပ်တိုက်စစ်ဆင် ဖိအားပေးကစားခဲ့ပါတယ်။ အီတလီအသင်း တိုက်စစ်မှုး အင်ဆစ်ဂနီရဲ့ ပိတ်သွင်းချက် ဘားတန်းထိထွက်ခဲ့သလို အီတလီအသင်းရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကိုလည်း ပိုလန်ဂိုးသမား ဆက်ဇနီ Szczęsny လက်စွမ်းပြကာကွယ်နေတာကြောင့် သွင်းဂိုးတွေနဲ့ ဝေးကွာနေခဲ့ရပါတယ်။

Jorginho

Jorginho

ဒုတိယပိုင်းမှာတော့ ပိုလန်အသင်းက အီတလီဘက်ကို ထိုးဖောက်မှုတွေပြုလုပ်လာနိုင်ခဲ့ပါတယ်။ အီတလီ တောင်ပံကစားသမား ဘာနာဒက်ချီ Bernardeschi အပိုင်ခေါင်းတိုက်ခွင့်ကို လွဲချော်ခဲ့သလို ဂိုးသမား ဒွန်နာရမ်မာ Donnarumma ဟာလည်း ပိုလန်အသင်းရဲ့ ထိုးဖောက်တိုက်စစ်ဆင် ကန်သွင်းမှုတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် (၉၂)မိနစ်မှာတော့ အီတလီအသင်းဟာ အဖိုးတန်အနိုင်ဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ တစ်ဆင့်ရရှိခဲ့တဲ့ အခွင့်အရေးကို နောက်ခံလူ ဘီရာဂီ Biraghi ကပိတ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ တစ်ပွဲလုံးကို ခြုံကြည့်ရင်တော့ နည်းပြမန်စီနီ Mancini ရဲ့ အီတလီအသင်းဟာ ပိုလန်အသင်းကို အသာစီးကစားနိုင်ခဲ့ပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

Biraghi-Celebrate

Biraghi-Celebrate

Nations League ပြိုင်ပွဲ ရလဒ်များ

Russia 2 – 0 Turkey
Israel 2 – 0 Albania
Romania 0 – 0 Serbia
Lithuania 1 – 4 Montenegro
Azerbaijan 1 – 1 Malta
Faroe Islands 1 – 1 Kosovo

Photo: Bleacher Report , Flipboard , Houston Chronicle
Ko Kyue(Akhayar)
www.akhayar.com