[Zawgyi]

ဂ်ာမနီကို အႏိုင္ယူျပီး Nations League ျပိဳင္ပြဲမွာ ရလဒ္ေကာင္းေတြဆက္တိုက္ ရယူေနတဲ႔ ျပင္သစ္

Nations League ျပိဳင္ပြဲမွာေတာ႔ ျပင္သစ္အသင္းဟာ ရလဒ္ေကာင္းေတြဆက္တိုက္ ရယူေနျပီး ဒီေန႔မနက္ အေစာပိုင္းက ကစားခဲ႔တဲ႔ပြဲမွာလည္း ဂ်ာမနီအသင္းကို ( ၂ – ၁ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။

ျပင္သစ္ ၂ – ၁ ဂ်ာမနီ

ႏွစ္သင္းလံုးဟာ အေတာင္႔တင္းဆံုး လူစာရင္းေတြနဲ႔ ပြဲထြက္လာခဲ႔ၾကျပီး ဂ်ာမနီအသင္းဘက္မွာေတာ႔ ေတာင္ပံကစားသမား ဆာေနး Sané ပြဲထြက္လူစာရင္းမွာ ျပန္လည္ပါ၀င္လာခဲ႔ပါတယ္။ ပြဲဟာအစထဲက ျမိဳင္ျမိဳင္ဆိုင္ဆိုင္ရိွခဲ႔ျပီး ရလဒ္ေတြဆိုးေနတဲ႔ ဂ်ာမနီအသင္းဟာလည္း ရလဒ္ေကာင္းရဖို႔အတြက္ ၾကိဳးစားကစားခဲ႔ပါတယ္။ ျပင္သစ္အသင္းကေတာ႔ ဘာေပ Mbappé ၊ ဂရစ္ဇ္မန္း Griezmann တို႔ရဲ႕ တိုက္စစ္ဆင္မႈေတြကို အဓိကထားကစားခဲ႔ျပီး ဂ်ာမနီအသင္းမွာေတာ႔ ဆာေနးက ေနရာစံုကေနထိုးေဖာက္ကစားခဲ႔ပါတယ္။ ပြဲခ်ိန္ (၁၄)မိနစ္မွာေတာ႔ ဂ်ာမနီအသင္းက ဦးေဆာင္ဂိုးစတင္ရရိွခဲ႔ျပီး တိုနီကရူးစ္ Toni Kroos က ပယ္နယ္တီ ကေနသြင္းယူခဲ႔တာပါ။ ဂ်ာမနီအသင္းအတြက္ ဆာေနးက ေျခစြမ္းျပကစားႏိုင္ခဲ႔သလို ဂ်ာမနီအသင္းရဲ႕ထိုးေဖာက္မႈေတြကိုလည္း ျပင္သစ္ဂိုးသမား လိုရစ္ Lloris ကာကြယ္မႈေတြျပဳလုပ္ႏိုင္ခဲ႔ပါတယ္။

Toni-Kroos-Score

Toni-Kroos-Score

ပြဲခ်ိန္(၆၂)မိနစ္မွာေတာ႔ ျပင္သစ္အသင္းက ေခ်ပဂိုးရရိွခဲ႔ျပီး လူးကပ္စ္ဟာနန္ဒက္ဇ္ Lucas Hernández ရဲ႕ ျဖတ္တင္ေဘာကေန ဂရစ္ဇ္မန္း ကလွလွပပ ေခါင္းတိုက္သြင္းယူခဲ႔တာပါ။ ေခ်ပဂိုးရရိွျပီးတဲ႔ေနာက္မွာေတာ႔ ျပင္သစ္အသင္းက အႏိုင္ဂိုးရဖို႔ ပိုၾကိဳးစားကစားခဲ႔ပါတယ္။ ပြဲခ်ိန္မိနစ္(၈၀)မွာေတာ႔ ျပင္သစ္အသင္းက အႏိုင္ဂိုးရရိွခဲ႔ပါတယ္။ ျပင္သစ္ကြင္းလယ္လူ မာတူဒီ Matuidi ကို ဂ်ာမနီခံစစ္ပိုင္းက ကစားပံုၾကမ္းတမ္းခဲ႔တာေၾကာင္႔ ပယ္နယ္တီရရိွခဲ႔ျပီး ဒီပယ္နယ္တီကို ဂရစ္ဇ္မန္းက အမွားအယြင္းမရိွအဆံုးသတ္ကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ျပင္သစ္အသင္းဟာ Nations League ျပိဳင္ပြဲ (၃)ပြဲကစားအျပီးမွာ ရမွတ္(၇)မွတ္ရရိွထားသလို လက္ရိွမွာ ရလဒ္ေတြဆိုးေနတဲ႔ ဂ်ာမနီအသင္းဟာလည္း ဒီ႐ံႈးပြဲေၾကာင္႔ Nations League ျပိဳင္ပြဲ (၂)ပြဲဆက္ အ႐ံႈးနဲ႔ ၾကံဳေတြ႕ခဲ႔ရပါတယ္။

Griezmann-Score

Griezmann-Score

Nations League ျပိဳင္ပြဲရလဒ္မ်ား

Ukraine 1 – 0 Czech Republic
Ireland 0 – 1 Wales
Norway 1 – 0 Bulgaria
Slovenia 1 – 1 Cyprus
Kazakhstan 4 – 0 Andorra
Latvia 0 – 3 Georgia
Armenia 4 – 0 FYR Macedonia
Gibraltar 2 – 1 Liechtenstein

Photo: Evening Standard 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျာမနီကို အနိုင်ယူပြီး Nations League ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေဆက်တိုက် ရယူနေတဲ့ ပြင်သစ်

Nations League ပြိုင်ပွဲမှာတော့ ပြင်သစ်အသင်းဟာ ရလဒ်ကောင်းတွေဆက်တိုက် ရယူနေပြီး ဒီနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ပွဲမှာလည်း ဂျာမနီအသင်းကို ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပြင်သစ် ၂ – ၁ ဂျာမနီ

နှစ်သင်းလုံးဟာ အတောင့်တင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီး ဂျာမနီအသင်းဘက်မှာတော့ တောင်ပံကစားသမား ဆာနေး Sané ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ပွဲဟာအစထဲက မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပြီး ရလဒ်တွေဆိုးနေတဲ့ ဂျာမနီအသင်းဟာလည်း ရလဒ်ကောင်းရဖို့အတွက် ကြိုးစားကစားခဲ့ပါတယ်။ ပြင်သစ်အသင်းကတော့ ဘာပေ Mbappé ၊ ဂရစ်ဇ်မန်း Griezmann တို့ရဲ့ တိုက်စစ်ဆင်မှုတွေကို အဓိကထားကစားခဲ့ပြီး ဂျာမနီအသင်းမှာတော့ ဆာနေးက နေရာစုံကနေထိုးဖောက်ကစားခဲ့ပါတယ်။ ပွဲချိန် (၁၄)မိနစ်မှာတော့ ဂျာမနီအသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး တိုနီကရူးစ် Toni Kroos က ပယ်နယ်တီ ကနေသွင်းယူခဲ့တာပါ။ ဂျာမနီအသင်းအတွက် ဆာနေးက ခြေစွမ်းပြကစားနိုင်ခဲ့သလို ဂျာမနီအသင်းရဲ့ထိုးဖောက်မှုတွေကိုလည်း ပြင်သစ်ဂိုးသမား လိုရစ် Lloris ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

Toni-Kroos-Score

Toni-Kroos-Score

ပွဲချိန်(၆၂)မိနစ်မှာတော့ ပြင်သစ်အသင်းက ချေပဂိုးရရှိခဲ့ပြီး လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernández ရဲ့ ဖြတ်တင်ဘောကနေ ဂရစ်ဇ်မန်း ကလှလှပပ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ချေပဂိုးရရှိပြီးတဲ့နောက်မှာတော့ ပြင်သစ်အသင်းက အနိုင်ဂိုးရဖို့ ပိုကြိုးစားကစားခဲ့ပါတယ်။ ပွဲချိန်မိနစ်(၈၀)မှာတော့ ပြင်သစ်အသင်းက အနိုင်ဂိုးရရှိခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူ မာတူဒီ Matuidi ကို ဂျာမနီခံစစ်ပိုင်းက ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ပယ်နယ်တီရရှိခဲ့ပြီး ဒီပယ်နယ်တီကို ဂရစ်ဇ်မန်းက အမှားအယွင်းမရှိအဆုံးသတ်ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ Nations League ပြိုင်ပွဲ (၃)ပွဲကစားအပြီးမှာ ရမှတ်(၇)မှတ်ရရှိထားသလို လက်ရှိမှာ ရလဒ်တွေဆိုးနေတဲ့ ဂျာမနီအသင်းဟာလည်း ဒီရှုံးပွဲကြောင့် Nations League ပြိုင်ပွဲ (၂)ပွဲဆက် အရှုံးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Griezmann-Score

Griezmann-Score

Nations League ပြိုင်ပွဲရလဒ်များ

Ukraine 1 – 0 Czech Republic
Ireland 0 – 1 Wales
Norway 1 – 0 Bulgaria
Slovenia 1 – 1 Cyprus
Kazakhstan 4 – 0 Andorra
Latvia 0 – 3 Georgia
Armenia 4 – 0 FYR Macedonia
Gibraltar 2 – 1 Liechtenstein

Photo: Evening Standard 
Ko Kyue(Akhayar)
www.akhayar.com