[Zawgyi]

သေရရလဒ္နဲ႔သာ ျပီးဆံုးခဲ႔တဲ႔ အီတလီနဲ႔ ေပၚတူဂီ

Nations League ျပိဳင္ပြဲရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ အီတလီနဲ႔ ေပၚတူဂီပြဲဟာ သေရရလဒ္နဲ႔သာ ျပီးဆံုးခဲ႔ပါတယ္။ ေပၚတူဂီအသင္းဟာ အေ၀းကြင္းမွာ ရလဒ္ေကာင္းတစ္ခုရရိွခဲ႔တယ္လို႔ ေျပာရမွာျဖစ္ျပီး ဂိုးမရိွသေရက်ခဲ႔ၾကတာပါ။

Italy-0-0-Portugal

Italy-0-0-Portugal

အီတလီ ၀ – ၀ ေပၚတူဂီ

ႏွစ္သင္းလံုးဟာ အေတာင္႔တင္းဆံုးလူစာရင္းေတြနဲ႔ ပြဲထြက္ခဲ႔ၾကျပီး အီတလီအသင္းကို အင္ဆစ္ဂ္နီ Insigne ၊ အီမိုဘီလီ Immobile ၊ ေယာ္ဂ်င္ဟို Jorginho ၊ ဗာရက္တီ Verratti ၊ ခ်ီလီနီ Chiellini ၊ ဘိုႏူခ်ီ Bonucci တို႔ကဦးေဆာင္လာခဲ႔ၾကပါတယ္။ ေပၚတူဂီအသင္းကိုေတာ႔ အန္ဒေရ ေဆးဗားလ္ André Silva ၊ ဘာနာဒိုေဆးဗားလ္ Bernardo Silva ၊ ကာဗယ္လ္ဟို Carvalho နဲ႔ ကန္ဆယ္လို Cancelo တို႔ကဦးေဆာင္လာခဲ႔ၾကပါတယ္။

Italy

Italy

အီတလီအသင္းဟာ ဒီပြဲရဲ႕ ပိုေကာင္းတဲ႔ အသင္းျဖစ္ခဲ႔ေပမယ္႔ သေရရလဒ္နဲ႔သာ ေက်နပ္ခဲ႔ရပါတယ္။ အီတလီအသင္းဟာ ပြဲအစထဲက ေပၚတူဂီအသင္းဘက္ကို ဖိအားေပးကစားႏိုင္ခဲ႔ျပီး ေပၚတူဂီအသင္းကေတာ႔ တစ္ခ်က္တစ္ခ်က္မွသာ အီတလီအသင္းဘက္ကို ထိုးေဖာက္ႏိုင္ခဲ႔ပါတယ္။ ပြဲရဲ႕အခ်ိန္အမ်ားစုကေတာ႔ ေပၚတူဂီအသင္းရဲ႕ ခံစစ္မွာသာ ကုန္ဆံုးခဲ႔တာပါ။ အီတလီအသင္းရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကိုလည္း ဂိုးသမား ပက္ထရီစီယို Patrício လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔လိုသာ ေပၚတူဂီအသင္း သက္သာရာရခဲ႔တာပါ။ အီတလီအသင္းဟာ ေဘာလံုးပိုင္ဆိုင္မႈအသာ ေျခစြမ္းအသာနဲ႔ကစားႏိုင္ခဲ႔ေပမယ္႔ ေပၚတူဂီအသင္းကေတာ႔ အေကာင္းဆံုးပိတ္ဆို႔တားဆီးျပီး အဖိုးတန္ရမွတ္(၁)မွတ္ကိုရယူႏိုင္ခဲ႔ပါတယ္။ ဒီပြဲမွာ ရရိွခဲ႔တဲ႔ ရမွတ္(၁)မွတ္ေၾကာင္႔ ေပၚတူဂီအသင္းဟာ Nations League ျပိဳင္ပြဲ ဆီမီးဖိုင္နယ္အဆင္႔ကို တက္ေရာက္ႏိုင္ခဲ႔ပါတယ္။

Nations League ပြဲစဥ္ရလဒ္မ်ားI

Italy 0 – 0 Portugal
Turkey 0 – 1 Sweden
Italy 0 – 0 Portugal
Albania 0 – 4 Scotland
Serbia 2 – 1 Montenegro
Romania 3 – 0 Lithuania
Azerbaijan 2 – 0 Faroe Islands
Malta 0 – 5 Kosovo

Photo: Italy Twitter , Portugal Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့တဲ့ အီတလီနဲ့ ပေါ်တူဂီ

Nations League ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အီတလီနဲ့ ပေါ်တူဂီပွဲဟာ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ အဝေးကွင်းမှာ ရလဒ်ကောင်းတစ်ခုရရှိခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ဂိုးမရှိသရေကျခဲ့ကြတာပါ။

Italy-0-0-Portugal

Italy-0-0-Portugal

အီတလီ ၀ – ၀ ပေါ်တူဂီ

နှစ်သင်းလုံးဟာ အတောင့်တင်းဆုံးလူစာရင်းတွေနဲ့ ပွဲထွက်ခဲ့ကြပြီး အီတလီအသင်းကို အင်ဆစ်ဂ်နီ Insigne ၊ အီမိုဘီလီ Immobile ၊ ယော်ဂျင်ဟို Jorginho ၊ ဗာရက်တီ Verratti ၊ ချီလီနီ Chiellini ၊ ဘိုနူချီ Bonucci တို့ကဦးဆောင်လာခဲ့ကြပါတယ်။ ပေါ်တူဂီအသင်းကိုတော့ အန်ဒရေ ဆေးဗားလ် André Silva ၊ ဘာနာဒိုဆေးဗားလ် Bernardo Silva ၊ ကာဗယ်လ်ဟို Carvalho နဲ့ ကန်ဆယ်လို Cancelo တို့ကဦးဆောင်လာခဲ့ကြပါတယ်။

Italy

Italy

အီတလီအသင်းဟာ ဒီပွဲရဲ့ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပေမယ့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အီတလီအသင်းဟာ ပွဲအစထဲက ပေါ်တူဂီအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းကတော့ တစ်ချက်တစ်ချက်မှသာ အီတလီအသင်းဘက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ပွဲရဲ့အချိန်အများစုကတော့ ပေါ်တူဂီအသင်းရဲ့ ခံစစ်မှာသာ ကုန်ဆုံးခဲ့တာပါ။ အီတလီအသင်းရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကိုလည်း ဂိုးသမား ပက်ထရီစီယို Patrício လက်စွမ်းပြကာကွယ်နိုင်ခဲ့လိုသာ ပေါ်တူဂီအသင်း သက်သာရာရခဲ့တာပါ။ အီတလီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာ ခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့ပေမယ့် ပေါ်တူဂီအသင်းကတော့ အကောင်းဆုံးပိတ်ဆို့တားဆီးပြီး အဖိုးတန်ရမှတ်(၁)မှတ်ကိုရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရရှိခဲ့တဲ့ ရမှတ်(၁)မှတ်ကြောင့် ပေါ်တူဂီအသင်းဟာ Nations League ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

Nations League ပွဲစဉ်ရလဒ်များ

Italy 0 – 0 Portugal
Turkey 0 – 1 Sweden
Italy 0 – 0 Portugal
Albania 0 – 4 Scotland
Serbia 2 – 1 Montenegro
Romania 3 – 0 Lithuania
Azerbaijan 2 – 0 Faroe Islands
Malta 0 – 5 Kosovo

Photo: Italy Twitter , Portugal Twitter
Ko Kyue(Akhayar)
www.akhayar.com