[Zawgyi]

ကမၻာ႔ခ်န္ပီယံ ျပင္သစ္ကို အလဲထိုးခဲ႔တဲ႔ နယ္သာလန္

နည္းျပေရာ္နယ္ကိုးမန္း Ronald Koeman လက္ထက္မွာ ပံုစံေကာင္းေတြနဲ႔ ျပန္လည္ဦးေမာ႔လာတဲ႔ နယ္သာလန္အသင္းဟာ Nations League ျပိဳင္ပြဲမွာလည္း ကမၻာ႔ခ်န္ပီယံ ျပင္သစ္အသင္းကို အႏိုင္ရရိွခဲ႔ပါတယ္။ ဒီပြဲမွာလည္း နယ္သာလန္အသင္းရဲ႕ ေျခစြမ္းဟာ အေကာင္းဆံုးမွာရိွခဲ႔ျပီး ( ၂ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔တာျဖစ္ပါတယ္။

Netherlands-2-0-France

Netherlands-2-0-France

နယ္သာလန္ ၂ – ၀ ျပင္သစ္

နယ္သာလန္အသင္းဟာ အေတာင္႔တင္းဆံုးလူစာရင္းနဲ႔ ပြဲထြက္လာခဲ႔ျပီး အသင္းရဲ႕တိုက္စစ္ကို ဒီပိုင္း Depay ဟာ ဦးေဆာင္လာခဲ႔သလို ဘာဘယ္ Babel ၊ ၀ိုင္နယ္ဒမ္ Wijnaldum ၊ ဒီယြန္း De Jong ၊ ဒီိလိဂ္ De Ligt ၊ ဗန္ဒိုက္ Van Dijk ၊ ဘလင္း Blind တို႔လည္းပါ၀င္ခဲ႔ၾကပါတယ္။ ျပင္သစ္အသင္းမွာေတာ႔ ေပါ႔ဘာ Pogba မပါ၀င္ခဲ႔တာကလြဲရင္ ပံုမွန္ပြဲထြက္ေနၾက လူစာရင္းနဲ႔ပဲပြဲထြက္ခဲ႔တာပါ။ နယ္သာလန္အသင္းဟာ ပြဲအစထဲက ျပင္သစ္အသင္းကို ဖိအားေပးကစားႏိုင္ခဲ႔တာကိုေတြ႕ခဲ႔ရပါတယ္။ ေနာက္ပိုင္းမွာေတာ႔ ႏွစ္သင္းလံုးဟာ အျပန္အလွန္ထိုးေဖာက္မႈေတြျပဳလုပ္ႏိုင္ခဲ႔ၾကျပီး ပြဲဟာရင္ခုန္စရာေကာင္းခဲ႔ပါတယ္။ ပထမပိုင္းျပီးခါနီး ပြဲခ်ိန္(၄၄)မိနစ္မွာေတာ႔ နယ္သာလန္အသင္းဦးေဆာင္ဂိုးရရိွခဲ႔ျပီး ကြင္းလယ္လူ ၀ိုင္နယ္ဒမ္ က ရရိွလာတဲ႔ အခြင္႔အေရးကို အေကာင္းဆံုးအသံုးခ်ကန္သြင္းယူခဲ႔တာျဖစ္ပါတယ္။

Netherlands

Netherlands

ဒုတိယပိုင္းမွာလည္း နယ္သာလန္အသင္းကပဲ ဖိအားေပးကစားႏိုင္ခဲ႔ျပီး ျပင္သစ္အသင္းကေတာ႔ ခံစစ္ပိုင္းမွာသာအခ်ိန္ကုန္ေနခဲ႔ပါတယ္။ နယ္သာလန္အသင္းရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကိုလည္း ဂိုးသမားလိုရစ္ Lloris လက္စြမ္းျပကာကြယ္ေနလို႔သာ ျပင္သစ္အသင္း သက္သာရာရခဲ႔တာပါ။ ဒီပြဲမွာ ဘာဘယ္ ၊ ဒီပိုင္းတို႔ရဲ႕ တိုးအား ႐ုန္းအားေတြဟာ ျပင္သစ္အသင္းရဲ႕ ခံစစ္ကိုအလုပ္႐ႈပ္ေစခဲ႔ပါတယ္။ ပြဲျပီးခါနီးမွာ ဒီယြန္း ကိုျပင္သစ္အသင္းက ကစားပံုၾကမ္းခဲ႔လို႔ နယ္သာလန္အသင္း ပယ္နယ္တီရရိွခဲ႔ျပီး ဒီပယ္နယ္တီကို ပြဲခ်ိန္(၉၆)မိနစ္မွာ ဒီပိုင္း ကလွလွပပကန္သြင္းယူခဲ႔ပါတယ္။ နယ္သာလန္အသင္းရဲ႕ ႏိုင္ပြဲေၾကာင္႔ ျပင္သစ္အသင္းရရိွထားတဲ႔ ျပိဳင္ပြဲစံု(၁၅)ပြဲဆက္ ရံႈးပြဲမရိွစံခ်ိန္ဟာ က်ိဳးပ်က္ခဲ႔သလို ဂ်ာမနီအသင္းဟာလည္း League A ကေနတန္းဆင္းခဲ႔ရပါတယ္။

Nations League ျပိဳင္ပြဲရလဒ္မ်ား

Netherlands 2 – 0 France
Slovakia 4 – 1 Ukraine
Wales 1 – 2 Denmark
Cyprus 1 – 1 Bulgaria
Slovenia 1 – 1 Norway
Gibraltar 2 – 6 Armenia
Liechtenstein 0 – 2 FYR Macedonia

Photo: Dutch Football Twitter , Marca
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို အလဲထိုးခဲ့တဲ့ နယ်သာလန်

နည်းပြရော်နယ်ကိုးမန်း Ronald Koeman လက်ထက်မှာ ပုံစံကောင်းတွေနဲ့ ပြန်လည်ဦးမော့လာတဲ့ နယ်သာလန်အသင်းဟာ Nations League ပြိုင်ပွဲမှာလည်း ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာလည်း နယ်သာလန်အသင်းရဲ့ ခြေစွမ်းဟာ အကောင်းဆုံးမှာရှိခဲ့ပြီး ( ၂ – ၀ )နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Netherlands-2-0-France

Netherlands-2-0-France

နယ်သာလန် ၂ – ၀ ပြင်သစ်

နယ်သာလန်အသင်းဟာ အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး အသင်းရဲ့တိုက်စစ်ကို ဒီပိုင်း Depay ဟာ ဦးဆောင်လာခဲ့သလို ဘာဘယ် Babel ၊ ဝိုင်နယ်ဒမ် Wijnaldum ၊ ဒီယွန်း De Jong ၊ ဒီလိဂ် De Ligt ၊ ဗန်ဒိုက် Van Dijk ၊ ဘလင်း Blind တို့လည်းပါဝင်ခဲ့ကြပါတယ်။ ပြင်သစ်အသင်းမှာတော့ ပေါ့ဘာ Pogba မပါဝင်ခဲ့တာကလွဲရင် ပုံမှန်ပွဲထွက်နေကြ လူစာရင်းနဲ့ပဲပွဲထွက်ခဲ့တာပါ။ နယ်သာလန်အသင်းဟာ ပွဲအစထဲက ပြင်သစ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ နှစ်သင်းလုံးဟာ အပြန်အလှန်ထိုးဖောက်မှုတွေပြုလုပ်နိုင်ခဲ့ကြပြီး ပွဲဟာရင်ခုန်စရာကောင်းခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး ပွဲချိန်(၄၄)မိနစ်မှာတော့ နယ်သာလန်အသင်းဦးဆောင်ဂိုးရရှိခဲ့ပြီး ကွင်းလယ်လူ ဝိုင်နယ်ဒမ် က ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Netherlands

Netherlands

ဒုတိယပိုင်းမှာလည်း နယ်သာလန်အသင်းကပဲ ဖိအားပေးကစားနိုင်ခဲ့ပြီး ပြင်သစ်အသင်းကတော့ ခံစစ်ပိုင်းမှာသာအချိန်ကုန်နေခဲ့ပါတယ်။ နယ်သာလန်အသင်းရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကိုလည်း ဂိုးသမားလိုရစ် Lloris လက်စွမ်းပြကာကွယ်နေလို့သာ ပြင်သစ်အသင်း သက်သာရာရခဲ့တာပါ။ ဒီပွဲမှာ ဘာဘယ် ၊ ဒီပိုင်းတို့ရဲ့ တိုးအား ရုန်းအားတွေဟာ ပြင်သစ်အသင်းရဲ့ ခံစစ်ကိုအလုပ်ရှုပ်စေခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဒီယွန်း ကိုပြင်သစ်အသင်းက ကစားပုံကြမ်းခဲ့လို့ နယ်သာလန်အသင်း ပယ်နယ်တီရရှိခဲ့ပြီး ဒီပယ်နယ်တီကို ပွဲချိန်(၉၆)မိနစ်မှာ ဒီပိုင်း ကလှလှပပကန်သွင်းယူခဲ့ပါတယ်။ နယ်သာလန်အသင်းရဲ့ နိုင်ပွဲကြောင့် ပြင်သစ်အသင်းရရှိထားတဲ့ ပြိုင်ပွဲစုံ(၁၅)ပွဲဆက် ရှုံးပွဲမရှိစံချိန်ဟာ ကျိုးပျက်ခဲ့သလို ဂျာမနီအသင်းဟာလည်း League A ကနေတန်းဆင်းခဲ့ရပါတယ်။

Nations League ပြိုင်ပွဲရလဒ်များ

Netherlands 2 – 0 France
Slovakia 4 – 1 Ukraine
Wales 1 – 2 Denmark
Cyprus 1 – 1 Bulgaria
Slovenia 1 – 1 Norway
Gibraltar 2 – 6 Armenia
Liechtenstein 0 – 2 FYR Macedonia

Photo: Dutch Football Twitter , Marca
Ko Kyue(Akhayar)
www.akhayar.com