[Zawgyi]

UEFA ရဲ႕ ျပစ္ဒဏ္ခ်မွတ္တာ ခံခဲ့ရတဲ့ မန္စီးတီးနည္းျပဂြါဒီယုိလာ Guardiola နဲ႔ လီဗာပူးလ္

ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္ (UEFA)ဟာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံၿပိဳင္ပဲြမွာျဖစ္ပြားခဲတ့ဲ ျဖစ္ရပ္ေတြေၾကာင့္ မန္စီးတီးနည္းျပဂြါဒီယုိလာ Guardiola နဲ႔ လီဗာပူးလ္အသင္းတို႔ကုိ ျပစ္ဒဏ္ေတြ ခ်မွတ္ခ့ဲပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလ တုန္းက ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္ ဒုတိယအေက်ာ႔အျဖစ္ လီဗာပူးလ္နဲ႔ကစားခဲ့တုန္းက ပထမပုိင္းမွာ ဆာေနး Sane သြင္းယူခဲ့တဲ့ဂုိးကုိ ဒုိင္လူႀကီးက ဂုိးမေပးခဲ့လုိ႔ ဂြါဒီယုိလာဟာ ကြင္းလယ္ဒုိင္ လာေဟာ့ဇ္ Lahoz ရဲ႕ကုိ ေဒါသတႀကီးေအာ္ဟစ္ခဲ့တာေၾကာင့္ ကြင္းထဲကေန ထုတ္ပယ္ခံခဲ့ရပါတယ္။

Pep-Guardiola-a-one-match-Champions-League-suspension

Pep-Guardiola-a-one-match-Champions-League-suspension

ဂြါဒီယုိလာရဲ႕ အျပဳအမူနဲ႔ပတ္သက္ၿပီး UEFA က စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာ သူ႔ကုိ တစ္ပဲြပယ္ျပစ္ဒဏ္ ခ်မွတ္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ ဒီျပစ္ဒဏ္ေၾကာင့္ ဂြါဒီယုိလာဟာ လာမယ့္ ၂၀၁၈-၁၉ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပဲြကုိ ကုိင္တြယ္ခြင့္ရမွာ မဟုတ္ေတာ့ပါဘူး။

Missiles-were-aimed-at-the-coach-amid-ugly-scenes-as-it-made-its-way-towards-Anfield

Missiles-were-aimed-at-the-coach-amid-ugly-scenes-as-it-made-its-way-towards-Anfield

UEFA ဟာ လီဗာပူးလ္အသငး္ကုိလည္း ဒဏ္ေငြျပစ္ဒဏ္ ခ်မွတ္ခဲ့ပါေသးတယ္။ လီဗာပူးလ္ ပရိသတ္ေတြဟာ အန္ဖီးလ္မွာ မန္စီးတီးနဲ႔ကစားခဲ့တဲ့ ကြာတားဖုိင္နယ္ပြဲ၊ ႐ုိးမားနဲ႔ ဆီမီးဖုိင္နယ္ ဒုတိယအေက်ာ႔ပဲြေတြတုနး္က ၿပိဳင္ဘက္အသင္းကုိ အေႏွာင့္အယွက္ေပးခဲ့တာေၾကာင့္ UEFA က ဒဏ္ေငြ ယူ႐ုိ (၂၉၀၀၀)ခ်မွတ္ခဲ့တာပါ။ မန္စီးတီးနဲ႔ ကစားခဲ့တဲ့ ကြာတားဖုိင္နယ္ ပထမအေက်ာ႔ပဲြတုန္းက လီဗာပူးလ္ပရိသတ္ေတြဟာ ၿပိဳင္ဘက္အသင္း စီးနင္းလာတဲ့ ဘတ္စ္ကားကုိ ပုလင္းေတြနဲ႔ ပစ္ေပါက္ခဲ့ၿပီး ဒုတိယအေက်ာ႔ပဲြမွာလည္း အစ္တီဟတ္ကြင္းအတြင္း မီး႐ွဴးမီးပန္းေတြ ပစ္ေဖာက္ခဲ့ၾကတယ္။

Liverpool-Fans-setting-off-fireworks

Liverpool-Fans-setting-off-fireworks

ဒါ့အျပင္ ႐ုိးမားနဲ႔ကစားခဲ့တဲ့ ဆီမီးဖုိင္နယ္ ဒုတိယအေက်ာ႔ပဲြမွာလည္း မီး႐ွဴးမီးပန္းေတြ ပစ္ေဖာက္ခဲ့လုိ႔ UEFA က လီဗာပူးလ္အသင္းကုိ ဒဏ္ေငြျပစ္ဒဏ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

REF:Goal.com
Photo: Scorewiki,Metro,Telegraph,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

UEFA ရဲ့ ပြစ်ဒဏ်ချမှတ်တာ ခံခဲ့ရတဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာ Guardiola နဲ့ လီဗာပူးလ်

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံပြိုင်ပွဲမှာဖြစ်ပွားခဲတဲ့ ဖြစ်ရပ်တွေကြောင့် မန်စီးတီးနည်းပြဂွါဒီယိုလာ Guardiola နဲ့ လီဗာပူးလ်အသင်းတို့ကို ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ တုန်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် လီဗာပူးလ်နဲ့ကစားခဲ့တုန်းက ပထမပိုင်းမှာ ဆာနေး Sane သွင်းယူခဲ့တဲ့ဂိုးကို ဒိုင်လူကြီးက ဂိုးမပေးခဲ့လို့ ဂွါဒီယိုလာဟာ ကွင်းလယ်ဒိုင် လာဟော့ဇ် Lahoz ရဲ့ကို ဒေါသတကြီးအော်ဟစ်ခဲ့တာကြောင့် ကွင်းထဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Pep-Guardiola-a-one-match-Champions-League-suspension

Pep-Guardiola-a-one-match-Champions-League-suspension

ဂွါဒီယိုလာရဲ့ အပြုအမူနဲ့ပတ်သက်ပြီး UEFA က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ သူ့ကို တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီပြစ်ဒဏ်ကြောင့် ဂွါဒီယိုလာဟာ လာမယ့် ၂၀၁၈-၁၉ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲကို ကိုင်တွယ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

Missiles-were-aimed-at-the-coach-amid-ugly-scenes-as-it-made-its-way-towards-Anfield

Missiles-were-aimed-at-the-coach-amid-ugly-scenes-as-it-made-its-way-towards-Anfield

UEFA ဟာ လီဗာပူးလ်အသင်းကိုလည်း ဒဏ်ငွေပြစ်ဒဏ် ချမှတ်ခဲ့ပါသေးတယ်။ လီဗာပူးလ် ပရိသတ်တွေဟာ အန်ဖီးလ်မှာ မန်စီးတီးနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲ၊ ရိုးမားနဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲတွေတုန်းက ပြိုင်ဘက်အသင်းကို အနှောင့်အယှက်ပေးခဲ့တာကြောင့် UEFA က ဒဏ်ငွေ ယူရို (၂၉၀၀၀)ချမှတ်ခဲ့တာပါ။ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပထမအကျော့ပွဲတုန်းက လီဗာပူးလ်ပရိသတ်တွေဟာ ပြိုင်ဘက်အသင်း စီးနင်းလာတဲ့ ဘတ်စ်ကားကို ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ပြီး ဒုတိယအကျော့ပွဲမှာလည်း အစ်တီဟတ်ကွင်းအတွင်း မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ကြတယ်။

Liverpool-Fans-setting-off-fireworks

Liverpool-Fans-setting-off-fireworks

ဒါ့အပြင် ရိုးမားနဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာလည်း မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့လို့ UEFA က လီဗာပူးလ်အသင်းကို ဒဏ်ငွေပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

REF:Goal.com
Photo: Scorewiki,Metro,Telegraph,Getty Images
Naing Linn(Akhayar)
www.akhayar.com