ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေအပြီးမှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အတွက် ဆက်လက်မဲခွဲခဲ့ကြပြီး အာဆင်နယ်အသင်းဟာ နာပိုလီနဲ့ ပွဲကျပ်ကစားရမှာဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းကတော့ ချက်ကလပ် ဆလားဗီးယားပရက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နာပိုလီနဲ့ အာဆင်နယ်အသင်းဟာ ၂၀၁၃-၁၄ ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့ဖူးပြီး အာဆင်နယ်ကွင်းမှာ (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အဝေးကွင်းမှာ နာပိုလီအသင်းက (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ်။

စပိန်ကလပ်နှစ်သင်းဖြစ်တဲ့ ဗီလာရီးယဲလ်နဲ့ ဗလင်စီယာတို့ ဆုံတွေ့ခဲ့သလို ဘင်ဖီကာအသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပြီ(၁၁)ရက်၊ ဒုတိယအကျော့ကို ဧပြီ(၁၈)ရက်မှာ ကစားသွားမှာဖြစ်ပြီး နာပိုလီ-အာဆင်နယ်ပွဲ အနိုင်ရတဲ့အသင်းနဲ့ ဗီလာရီးယဲလ်-ဗလင်စီယာအသင်းပွဲအနိုင်ရခဲ့တဲ့ အသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် ကစားရမှာပါ။ နောက်ပြီး ဘင်ဖီကာ- ဖရန့်ဖတ်ပွဲအနိုင်ရတဲ့အသင်းက ဆလားဗီးယားပရက်-ချယ်လ်ဆီးပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Villarreal – Valencia
Benfica – Eintracht Frankfurt
Slavia Praha – Chelsea
Napoli – Arsenal

REF:UEFA
Photo:UEFA,Sky News
Naing Linn(Akhayar)
www.akhayar.com