[Zawgyi]

ခ်န္ပီယံလိဂ္၊ ယူ႐ုိပါလိဂ္အျပင္ တတိယေျမာက္ ဥေရာပၿပိဳင္ပဲြ က်င္းပဖုိ႔ UEFA အတည္ျပဳလုိက္ၿပီ

ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္ (UEFA) ဟာ ခ်န္ပီယံလိဂ္၊ ယူ႐ုိပါလိဂ္ၿပိဳင္ပဲြအျပင္ အခု တတိယေျမာက္ ဥေရာပၿပိဳင္ပဲြ က်င္းပဖုိ႔ အတည္ျပဳလုိက္တယ္လုိ႔ ဥေရာပကလပ္အသင္းမ်ား အဖဲြ႕အစည္း (ECA) ဥကၠဌ အန္ဒေရအက္ဂ္နယ္လီ Andrea Agnelli က ေျပာၾကားခဲ့တယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔က က်င္းပခဲ့တဲ့ ECA အစည္းအေ၀းမွာ အက္ဂ္နယ္လီက “UEFA အမႈေဆာင္ေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္အရ ခ်န္ပီယံလိဂ္၊ ယူ႐ုိပါလိဂ္အျပင္ တတိယေျမာက္ ၿပိဳင္ပဲြတစ္ခုကုိ က်င္းပဖုိ႔ မီးစိမ္းျပလုိက္ပါၿပီ။ အဲဒီၿပိဳင္ပဲြကုိ ၂၀၂၁-၂၂ ရာသီက စတင္က်င္းပမွာျဖစ္ၿပီး ကလပ္အသငး္ေပါင္း (၉၆)သင္း ပါ၀င္မွာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Andrea-Agnelli

Andrea-Agnelli

ဒါေၾကာင့္ UEFA ဟာ ယူ႐ုိပါလိဂ္အုပ္စုအဆင့္မွာ အသင္းအေရအတြက္ကုိ (၄၈)သင္းကေန (၃၂)သင္းအထိ ေလွ်ာ႔ခ်သြားမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပဲြနဲ႔ အသင္းအေရအတြက္ တူညီသြားမွာပါ။ UEFA အေနနဲ႔ ယူ႐ုိပါလိဂ္ၿပိဳင္ပဲြကုိ လူစိတ္၀င္စားမႈ ပုိမ်ားလာေအာင္၊ ဥေရာပၿပိဳင္ပဲြမွာ ပါ၀င္ယွဥ္ၿပိဳင္တဲ့ အသင္းအေရအတြက္ ပုိမ်ားလာေစဖုိ႔ စီမံကိန္းေတြ ခ်မွတ္ေဆာင္ရြက္ေနတာျဖစ္ၿပီး ဒီလုိ စီမံကိန္းေတြအရ သူတို႔ရဲ႕ ၀င္ေငြကလည္း ျမင့္တက္လာမွာျဖစ္ပါတယ္။ တတိယေျမာက္ ဥေရာပၿပိဳင္ပဲြနဲ႔ပတ္သတ္ၿပီး အေသးစိတ္ကုိ မသိရေသးေပမယ့္ ၁၉၉၉ ခုႏွစ္က ဖ်က္သိမ္းခဲ့တဲ့ Cup Winners’ Cup လုိ ၿပိဳင္ပဲြမ်ိဳးေတာ့ မဟုတ္ပါဘူး။

Cup Winners’ Cup ၿပိဳင္ပဲြကုိ ၁၉၆၀ ကေန ၁၉၉၉ ခုႏွစ္အထိ က်င္းပခဲ့ၿပီး ဒုတိယတန္းစားၿပိဳင္ပဲြ တစ္ခုျဖစ္သလုိ ၁၉၉၉ ခုႏွစ္မွာ UEFA က အဲဒီၿပိဳင္ပြဲအစား UEFA ဖလား (ယူ႐ုိပါလိဂ္)ၿပိဳင္ပဲြကုိ က်ငး္ပခဲ့တာျဖစ္ပါတယ္။ ျဖစ္ႏုိင္ေျခရွိတာကေတာ့ တတိယေျမာက္ ဥေရာပၿပိဳင္ပဲြမွာ ႏုိင္ငံငယ္ေတြက ကလပ္အသင္းေတြကုိ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ုိပါလိဂ္လုိပဲ ေျခစစ္ပဲြေတြ အဆင့္ဆင့္ ကစားၿပီးမွ အုပ္စုတက္ခြင့္ ရမယ့္အေနအထားပါပဲ။

REF:Daily Mail
Photo:Marca,.juventus.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်အပြင် တတိယမြောက် ဥရောပပြိုင်ပွဲ ကျင်းပဖို့ UEFA အတည်ပြုလိုက်ပြီ

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲအပြင် အခု တတိယမြောက် ဥရောပပြိုင်ပွဲ ကျင်းပဖို့ အတည်ပြုလိုက်တယ်လို့ ဥရောပကလပ်အသင်းများ အဖွဲ့အစည်း (ECA) ဥက္ကဌ အန်ဒရေအက်ဂ်နယ်လီ Andrea Agnelli က ပြောကြားခဲ့တယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ECA အစည်းအဝေးမှာ အက်ဂ်နယ်လီက “UEFA အမှုဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်အပြင် တတိယမြောက် ပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ မီးစိမ်းပြလိုက်ပါပြီ။ အဲဒီပြိုင်ပွဲကို ၂၀၂၁-၂၂ ရာသီက စတင်ကျင်းပမှာဖြစ်ပြီး ကလပ်အသင်းပေါင်း (၉၆)သင်း ပါဝင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Andrea-Agnelli

Andrea-Agnelli

ဒါကြောင့် UEFA ဟာ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ အသင်းအရေအတွက်ကို (၄၈)သင်းကနေ (၃၂)သင်းအထိ လျှော့ချသွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အသင်းအရေအတွက် တူညီသွားမှာပါ။ UEFA အနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို လူစိတ်ဝင်စားမှု ပိုများလာအောင်၊ ဥရောပပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းအရေအတွက် ပိုများလာစေဖို့ စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေတာဖြစ်ပြီး ဒီလို စီမံကိန်းတွေအရ သူတို့ရဲ့ ဝင်ငွေကလည်း မြင့်တက်လာမှာဖြစ်ပါတယ်။ တတိယမြောက် ဥရောပပြိုင်ပွဲနဲ့ပတ်သတ်ပြီး အသေးစိတ်ကို မသိရသေးပေမယ့် ၁၉၉၉ ခုနှစ်က ဖျက်သိမ်းခဲ့တဲ့ Cup Winners’ Cup လို ပြိုင်ပွဲမျိုးတော့ မဟုတ်ပါဘူး။

Cup Winners’ Cup ပြိုင်ပွဲကို ၁၉၆၀ ကနေ ၁၉၉၉ ခုနှစ်အထိ ကျင်းပခဲ့ပြီး ဒုတိယတန်းစားပြိုင်ပွဲ တစ်ခုဖြစ်သလို ၁၉၉၉ ခုနှစ်မှာ UEFA က အဲဒီပြိုင်ပွဲအစား UEFA ဖလား (ယူရိုပါလိဂ်)ပြိုင်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ တတိယမြောက် ဥရောပပြိုင်ပွဲမှာ နိုင်ငံငယ်တွေက ကလပ်အသင်းတွေကို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်လိုပဲ ခြေစစ်ပွဲတွေ အဆင့်ဆင့် ကစားပြီးမှ အုပ်စုတက်ခွင့် ရမယ့်အနေအထားပါပဲ။

REF:Daily Mail
Photo:Marca,.juventus.com
Naing Linn(Akhayar)
www.akhayar.com