ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အတွက် မဲခွဲပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာ ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ စပါးနဲ့ မန်စီးတီးတို့ ဆုံတွေ့ခဲ့သလို ဥရောပထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ မန်ယူတို့ ဆုံတွေ့ခဲ့ပါတယ်။ မန်ယူနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်မှာ (၈)ကြိမ်ဆုံတွေ့ခဲ့ပြီး မန်ယူက (၁)ကြိမ်နိုင်၊ ဘာစီလိုနာက (၃)ကြိမ်နိုင် (၄)ပွဲသရေကျခဲ့ပါတယ်။ ဒီနှစ်သင်းနောက်ဆုံး တွေ့ခဲ့တာက ၂၀၁၀-၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာဖြစ်ပြီး ဘာစီလိုနာအသင်းက (၃-၁)ဂိုးနဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့ပါတယ်။

ရှုံးထွက်(၁၆)သင်းအဆင့်မှာ (၃)နှစ်ဆက် ချန်ပီယံ ရီးယဲလ်အသင်းကို ဖြုတ်ချခဲ့တဲ့ အေဂျက်စ်အသင်းဟာ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းနဲ့ ဆုံတွေ့မှာပါ။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ ပေါ်တိုနဲ့သာ ဆုံတွေ့နေတာကြောင့် ပွဲချောင်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲတွေမှာတော့ စပါး-မန်စီးတီးက အနိုင်ရတဲ့အသင်းနဲ့ အေဂျက်စ်-ဂျူဗင်တပ်စ်ပွဲက အနိုင်ရတဲ့အသင်း ဆုံတွေ့မှာဖြစ်သလို မန်ယူ-ဘာစီလိုနာပွဲ အနိုင်ရတဲ့အသင်းနဲ့ လီဗာပူး-ပေါ်တိုပွဲ အနိုင်ရတဲ့အသင်း ဆုံတွေ့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲတွေကို ဧပြီလ (၉၊၁၀) (၁၆-၁၇)ရက်တွေမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Liverpool – FC Porto
Tottenham – Manchester City
Barcelona – Manchester United
Ajax – Juventus

REF:UEFA
Photo:UEFA,Goal
Naing Linn(Akhayar)
www.akhayar.com