[Zawgyi]

စပါး – အင္တာမီလန္ ၊ PSG – လီဗာပူးလ္ ပြဲစဥ္ေတြနဲ႔ ရင္ခုန္စရာခ်န္ပီယံလိဂ္ညမ်ား

ျပီးခဲ႔တဲ႔ အဂၤါည ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာေတာ႔ ရံႈးထြက္(၁၆)သင္းအဆင္႔ကို တက္ေရာက္ႏိုင္ခဲ႔တဲ႔ အသင္းေတြထြက္ေပၚခဲ႔ပါတယ္။ အခု ဗုဒၶဟူးည ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာလည္း ဘယ္အသင္းေတြ ရံႈးထြက္(၁၆)သင္းအဆင္႔ကို တက္ေရာက္ႏိုင္မလဲဆိုတာ ေစာင္႔ၾကည္႔သြားၾကရမွာပါ။

အက္သလက္တီကို – မိုနာကို ( ၾကာသပေတး မနက္ ၁၂း၂၅ နာရီ )

Atlético-Madrid-Vs-Monaco

Atlético-Madrid-Vs-Monaco

လီဂူးမွာ ႏိုင္ပြဲရွာေဖြႏိုင္ခဲ႔ေပမယ္႔ လက္ရိွအေနအထားေတြအရ အြန္နရီ Henry ရဲ႕ မိုနာကို ဟာ အက္သလက္တီကို ယွဥ္ကစားဖို႔ဆိုတာ သိပ္မျဖစ္ႏိုင္ပါဘူး။ အိမ္ကြင္းေကာင္းတဲ႔ အက္သလက္တီကိုအသင္းအေနနဲ႔ ေနာက္တစ္ဆင္႔တက္ဖို႔အတြက္ အႏိုင္ရမွတ္(၃)မွတ္မျဖစ္မေန ရွာေဖြသြားမွာပါ။ အက္သလက္တီကို အႏိုင္ေသခ်ာတဲ႔ပြဲစဥ္ပါပဲ။

PSV – ဘာစီလိုနာ ( ၾကာသပေတး မနက္ ၂း၃၀ နာရီ )

Messi

Messi

ဒီႏွစ္သင္းၾကားမွာ အဆင္႔အတန္းတစ္ခုကြာျခားပါတယ္။ အေ၀းကြင္းပြဲစဥ္ျဖစ္ေနေပမယ္႔ ေနာက္တစ္ဆင္႔တက္ခြင္႔ လက္မွတ္ကို ဘာစီလိုနာ အမိအရဆုပ္ကိုင္သြားမွာပါ။ ႏွစ္သင္းေပါင္းသြင္းဂိုးမ်ားဖို႔ရိွေနျပီး ဘာစီလိုနာ (၂)ဂိုးျပတ္ေလာက္နဲ႔ ႏိုင္ပါလိမ္႔မယ္။

စပါး – အင္တာမီလန္ ( ၾကာသပေတး မနက္ ၂း၃၀ နာရီ )

Spur-Vs-Inter-Milan

Spur-Vs-Inter-Milan

လန္ဒန္ဒါဘီမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ ရံႈးပြဲမရိွစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ႔လို႔ ဒီပြဲအတြက္ စပါးအသင္းမွာ စိတ္ဓာတ္ပိုင္းအားသာခ်က္ေတြရိွေနမွာပါ။ ဒါေပမယ္႔ တစ္ဖက္က အင္တာမီလန္အသင္းဟာလည္း ျပိဳင္ဘက္ကို အေကာင္းဆံုးထိန္းကစားႏိုင္ျပီး ပြဲရဲ႕ အေနအထားကိုဖတ္ႏိုင္သလို လိုအပ္ေနတဲ႔ ရမွတ္ကိုလည္း ရယူႏိုင္စြမ္းရိွတဲ႔အသင္းပါ။ စပါးအိမ္ကြင္းျဖစ္ေပမယ္႔ အႏိုင္ရဖို႔ ခက္ခဲႏိုင္ျပီး ဂိုးနည္းနည္းနဲ႔ သေရပြဲျဖစ္လာႏိုင္ပါတယ္။

PSG – လီဗာပူးလ္ ( ၾကာသပေတး မနက္ ၂း၃၀ နာရီ )

PSG-Vs-Liverpool

PSG-Vs-Liverpool

ႏွစ္သင္းလံုး ေနာက္တစ္ဆင္႔ တက္ဖို႔အတြက္ အေရးပါေနျပီး လံုး၀ကို အမွားခံလို႔ မရတဲ႔ပြဲပါ။ ပထမအေက်ာ႔က ရံႈးေၾကြးကိုျပန္ဆပ္ဖို႔ PSG အသင္း အားခဲထားမွာကေတာ႔ ေသခ်ာေနပါတယ္။ ဇီဗက္ဒါအသင္းကို မထင္မွတ္ဘဲ ရံႈးခဲ႔တဲ႔ပြဲက လီဗာပူးလ္အတြက္ ေပးဆပ္မႈၾကီးမားခဲ႔တယ္လို႔ပဲ ဆိုရမွာပါ။ PSG အသင္းကေတာ႔ အိမ္ကြင္းပရိသတ္ေရွ႕ေမွာက္မွာ အိမ္ကြင္းအားသာခ်က္ကို အျပည္႔အ၀ အသံုးခ်လာမွာကေတာ႔ ေသခ်ာေနပါတယ္။ တိုက္စစ္အားသန္တဲ႔ အသင္းေတြျဖစ္ၾကတာေၾကာင္႔ တိုက္စစ္ပိုင္းအားျပိဳင္မႈေတြကိုလည္း ျမင္ေတြ႕ရႏိုင္ပါတယ္။ ႏွစ္သင္းသြင္းဂိုးမ်ားႏိုင္သလို PSG အိမ္ကြင္းလည္း ျဖစ္ေနတာေၾကာင္႔ အႏိုင္ရလဒ္အတြက္ေတာ႔ PSG အသင္းကိုပဲ ေရြးခ်ယ္ရပါလိမ္႔မယ္။

ဗုဒၶဟူးည ခ်န္ပီယံလိဂ္ပြဲစဥ္မ်ား

Atlético Madrid Vs Monaco
Lokomotiv Moskva Vs Galatasaray
Borussia Dortmund Vs Club Brugge
PSV Vs Barcelona
Tottenham Hotspur Vs Internazionale
PSG Vs Liverpool
Napoli Vs Crvena Zvezda
Porto Vs Schalke 04

Photo: Daily Active Kenya , The Liverpool Offside , Evening Standard , radio rivadavia cordoba
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စပါး – အင်တာမီလန် ၊ PSG – လီဗာပူးလ် ပွဲစဉ်တွေနဲ့ ရင်ခုန်စရာချန်ပီယံလိဂ်ညများ

ပြီးခဲ့တဲ့ အင်္ဂါည ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အခု ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲစဉ်တွေမှာလည်း ဘယ်အသင်းတွေ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်မလဲဆိုတာ စောင့်ကြည့်သွားကြရမှာပါ။

အက်သလက်တီကို – မိုနာကို ( ကြာသပတေး မနက် ၁၂း၂၅ နာရီ )

Atlético-Madrid-Vs-Monaco

Atlético-Madrid-Vs-Monaco

လီဂူးမှာ နိုင်ပွဲရှာဖွေနိုင်ခဲ့ပေမယ့် လက်ရှိအနေအထားတွေအရ အွန်နရီ Henry ရဲ့ မိုနာကို ဟာ အက်သလက်တီကို ယှဉ်ကစားဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ အိမ်ကွင်းကောင်းတဲ့ အက်သလက်တီကိုအသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် အနိုင်ရမှတ်(၃)မှတ်မဖြစ်မနေ ရှာဖွေသွားမှာပါ။ အက်သလက်တီကို အနိုင်သေချာတဲ့ပွဲစဉ်ပါပဲ။

PSV – ဘာစီလိုနာ ( ကြာသပတေး မနက် ၂း၃၀ နာရီ )

Messi

Messi

ဒီနှစ်သင်းကြားမှာ အဆင့်အတန်းတစ်ခုကွာခြားပါတယ်။ အဝေးကွင်းပွဲစဉ်ဖြစ်နေပေမယ့် နောက်တစ်ဆင့်တက်ခွင့် လက်မှတ်ကို ဘာစီလိုနာ အမိအရဆုပ်ကိုင်သွားမှာပါ။ နှစ်သင်းပေါင်းသွင်းဂိုးများဖို့ရှိနေပြီး ဘာစီလိုနာ (၂)ဂိုးပြတ်လောက်နဲ့ နိုင်ပါလိမ့်မယ်။

စပါး – အင်တာမီလန် ( ကြာသပတေး မနက် ၂း၃၀ နာရီ )

Spur-Vs-Inter-Milan

Spur-Vs-Inter-Milan

လန်ဒန်ဒါဘီမှာ ချယ်လ်ဆီးအသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်နိုင်ခဲ့လို့ ဒီပွဲအတွက် စပါးအသင်းမှာ စိတ်ဓာတ်ပိုင်းအားသာချက်တွေရှိနေမှာပါ။ ဒါပေမယ့် တစ်ဖက်က အင်တာမီလန်အသင်းဟာလည်း ပြိုင်ဘက်ကို အကောင်းဆုံးထိန်းကစားနိုင်ပြီး ပွဲရဲ့ အနေအထားကိုဖတ်နိုင်သလို လိုအပ်နေတဲ့ ရမှတ်ကိုလည်း ရယူနိုင်စွမ်းရှိတဲ့အသင်းပါ။ စပါးအိမ်ကွင်းဖြစ်ပေမယ့် အနိုင်ရဖို့ ခက်ခဲနိုင်ပြီး ဂိုးနည်းနည်းနဲ့ သရေပွဲဖြစ်လာနိုင်ပါတယ်။

PSG – လီဗာပူးလ် ( ကြာသပတေး မနက် ၂း၃၀ နာရီ )

PSG-Vs-Liverpool

PSG-Vs-Liverpool

နှစ်သင်းလုံး နောက်တစ်ဆင့် တက်ဖို့အတွက် အရေးပါနေပြီး လုံးဝကို အမှားခံလို့ မရတဲ့ပွဲပါ။ ပထမအကျော့က ရှုံးကြွေးကိုပြန်ဆပ်ဖို့ PSG အသင်း အားခဲထားမှာကတော့ သေချာနေပါတယ်။ ဇီဗက်ဒါအသင်းကို မထင်မှတ်ဘဲ ရှုံးခဲ့တဲ့ပွဲက လီဗာပူးလ်အတွက် ပေးဆပ်မှုကြီးမားခဲ့တယ်လို့ပဲ ဆိုရမှာပါ။ PSG အသင်းကတော့ အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ အိမ်ကွင်းအားသာချက်ကို အပြည့်အ၀ အသုံးချလာမှာကတော့ သေချာနေပါတယ်။ တိုက်စစ်အားသန်တဲ့ အသင်းတွေဖြစ်ကြတာကြောင့် တိုက်စစ်ပိုင်းအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ နှစ်သင်းသွင်းဂိုးများနိုင်သလို PSG အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် အနိုင်ရလဒ်အတွက်တော့ PSG အသင်းကိုပဲ ရွေးချယ်ရပါလိမ့်မယ်။

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲစဉ်များ

Atlético Madrid Vs Monaco
Lokomotiv Moskva Vs Galatasaray
Borussia Dortmund Vs Club Brugge
PSV Vs Barcelona
Tottenham Hotspur Vs Internazionale
PSG Vs Liverpool
Napoli Vs Crvena Zvezda
Porto Vs Schalke 04

Photo: Daily Active Kenya , The Liverpool Offside , Evening Standard , radio rivadavia cordoba
Ko Kyue(Akhayar)
www.akhayar.com