[Zawgyi]

အသင္းၾကီးအခ်င္းခ်င္းေတြ႕ဆံုတဲ႔ပြဲေတြ ပါ၀င္ေနတဲ႔ ရင္ခုန္စရာ ခ်န္ပီယံလိဂ္ညမ်ား

အဂၤါည ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ အသင္းၾကီးတခ်ိဳ႕႐ုန္းကန္ခဲ႔ရျပီး မထင္မွတ္တဲ႔ရလဒ္ေတြထြက္ေပၚခဲ႔ပါတယ္။ ဒီေန႔ (ဗုဒၶဟူုးည)မွာေတာ႔ အသင္းၾကီးအခ်င္းခ်င္း ထိပ္တိုက္ေတြ႕တဲ႔ပြဲစဥ္ေတြပါ၀င္ေနတာေၾကာင္႔ ရင္ခုန္စရာေကာင္းေနဦးမွာကေတာ႔ အမွန္ပါပဲ။

ေဒါ႔မြန္ ႏွင္႔ မိုနာကို ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

အေကာင္းဆံုးေျခစြမ္းေတြကို ပိုင္ဆိုင္ထားတဲ႔ ေဒါ႔မြန္နဲ႔ အဆိုးဆံုးေျခစြမ္းေတြကို ပိုင္ဆိုင္ထားတဲ႔ မိုနာကိုအသင္းတို႔ရဲ႕ ေတြ႕ဆံုမႈပါ။ ေဒါ႔မြန္အသင္းရဲ႕ လက္ရိွအေနအထားေတြဟာ အားရစရာေကာင္းေနသေလာက္ မိုနာကုိအသင္းကေတာ႔ ျပိဳင္ပြဲစံုေနာက္ဆံုး(၈)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားျပီး ဖိအားေတြမ်ားေနပါတယ္။ လက္ရိွေျခစြမ္းအရ မိုနာကိုအေနနဲ႔ ေဒါ႔မြန္ကြင္းမွာ သေရရလဒ္ရဖို႔ေတာင္ မလြယ္ကူပါဘူး။ ေဒါ႔မြန္ ( ၂ – ၁ ) မိုနာကို ရလဒ္မ်ိဳးျဖစ္ႏိုင္ပါတယ္။

စပါး ႏွင္႔ ဘာစီလိုနာ ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

Messi

Messi

ေျခစြမ္းပိုင္း အတက္ဘက္ကို ျပန္ေရာက္ေနတဲ႔ စပါးအသင္းအေနနဲ႔ မထင္မွတ္တဲ႔ရလဒ္တစ္ခု ရရိွေအာင္စြမ္းေဆာင္ႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါ။ ဘာစီလိုနာအသင္းဟာလည္း အရင္ကပံုစံေပ်ာက္ဆံုးေနျပီး လာလီဂါေနာက္ဆံုး(၃)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားပါတယ္။ မက္ဆီ Messi ကိုသာ ထိန္းခ်ဳပ္ကစားႏိုင္မယ္ဆို စပါးအသင္းအေနနဲ႔ ရလဒ္ေကာင္းဖို႔ရိွပါတယ္။ ပြဲေကာင္းတစ္ပြဲျဖစ္လာဖို႔က ေသခ်ာေနျပီး ဂိုးနည္းသေရပြဲ ျဖစ္ႏိုင္ပါတယ္။

PSV ႏွင္႔ အင္တာမီလန္ ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

အဖြင္႔ပြဲမွာ ရလဒ္ဆိုးထားတဲ႔ PSV အသင္းအေနနဲ႔ အိမ္ကြင္းမွာ ရလဒ္ေကာင္းရဖို႔ အေကာင္းဆံုးၾကိဳးစားလာမွာပါ။ အင္တာမီလန္အသင္းကေတာ႔ ေျချပန္တက္လာတယ္ ဆိုေပမယ္႔ ယံုစားလို႔မရတဲ႔ အထဲမွာပါေနပါတယ္။ သေရရလဒ္ဟာ ႏွစ္သင္းလံုးအတြက္ မွ်တပါတယ္။

နာပိုလီ ႏွင္႔ လီဗာပူးလ္ ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

Liverpool

Liverpool

တိုက္စစ္ပိုင္း အားျပိဳင္ၾကမယ္႔ ပြဲစဥ္တစ္ပြဲ ျဖစ္လာဖို႔ရိွေနပါတယ္။ နာပိုလီကြင္းပြဲစဥ္ျဖစ္ေပမယ္႔ နာပိုလီအေနနဲ႔ လီဗာပူးလ္ကို ယွဥ္ဖို႔ကခက္ခဲမယ္လို႔ ထင္ပါတယ္။ ျပိဳင္ပြဲစံု(၂)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားတဲ႔ လီဗာပူးလ္အေနနဲ႔ ႏိုင္ပြဲျပန္ရွာရမယ္႔ ပြဲပါ။ အေ၀းကြင္းမွာ လီဗာပူးလ္ႏိုင္ပြဲရပါလိမ္႔မယ္။

ဗုဒၶဟူုးည ခ်န္ပီယံလိဂ္ပြဲစဥ္မ်ား

PSG Vs Crvena Zvezda
Lokomotiv Moskva Vs Schalke 04
Atlético Madrid Vs Club Brugge
Porto Vs Galatasaray

Photo: Evening Standard , The Kopite 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးအချင်းချင်းတွေ့ဆုံတဲ့ပွဲတွေ ပါဝင်နေတဲ့ ရင်ခုန်စရာ ချန်ပီယံလိဂ်ညများ

အင်္ဂါည ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတချို့ရုန်းကန်ခဲ့ရပြီး မထင်မှတ်တဲ့ရလဒ်တွေထွက်ပေါ်ခဲ့ပါတယ်။ ဒီနေ့ (ဗုဒ္ဓဟူုးည)မှာတော့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲစဉ်တွေပါဝင်နေတာကြောင့် ရင်ခုန်စရာကောင်းနေဦးမှာကတော့ အမှန်ပါပဲ။

ဒေါ့မွန် နှင့် မိုနာကို ( ကြာသပတေး မနက် ၁း၃၀ နာရီ )

အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ ဒေါ့မွန်နဲ့ အဆိုးဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ မိုနာကိုအသင်းတို့ရဲ့ တွေ့ဆုံမှုပါ။ ဒေါ့မွန်အသင်းရဲ့ လက်ရှိအနေအထားတွေဟာ အားရစရာကောင်းနေသလောက် မိုနာကိုအသင်းကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၈)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး ဖိအားတွေများနေပါတယ်။ လက်ရှိခြေစွမ်းအရ မိုနာကိုအနေနဲ့ ဒေါ့မွန်ကွင်းမှာ သရေရလဒ်ရဖို့တောင် မလွယ်ကူပါဘူး။ ဒေါ့မွန် ( ၂ – ၁ ) မိုနာကို ရလဒ်မျိုးဖြစ်နိုင်ပါတယ်။

စပါး နှင့် ဘာစီလိုနာ ( ကြာသပတေး မနက် ၁း၃၀ နာရီ )

Messi

Messi

ခြေစွမ်းပိုင်း အတက်ဘက်ကို ပြန်ရောက်နေတဲ့ စပါးအသင်းအနေနဲ့ မထင်မှတ်တဲ့ရလဒ်တစ်ခု ရရှိအောင်စွမ်းဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဘာစီလိုနာအသင်းဟာလည်း အရင်ကပုံစံပျောက်ဆုံးနေပြီး လာလီဂါနောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။ မက်ဆီ Messi ကိုသာ ထိန်းချုပ်ကစားနိုင်မယ်ဆို စပါးအသင်းအနေနဲ့ ရလဒ်ကောင်းဖို့ရှိပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့က သေချာနေပြီး ဂိုးနည်းသရေပွဲ ဖြစ်နိုင်ပါတယ်။

PSV နှင့် အင်တာမီလန် ( ကြာသပတေး မနက် ၁း၃၀ နာရီ )

အဖွင့်ပွဲမှာ ရလဒ်ဆိုးထားတဲ့ PSV အသင်းအနေနဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်းရဖို့ အကောင်းဆုံးကြိုးစားလာမှာပါ။ အင်တာမီလန်အသင်းကတော့ ခြေပြန်တက်လာတယ် ဆိုပေမယ့် ယုံစားလို့မရတဲ့ အထဲမှာပါနေပါတယ်။ သရေရလဒ်ဟာ နှစ်သင်းလုံးအတွက် မျှတပါတယ်။

နာပိုလီ နှင့် လီဗာပူးလ် ( ကြာသပတေး မနက် ၁း၃၀ နာရီ )

Liverpool

Liverpool

တိုက်စစ်ပိုင်း အားပြိုင်ကြမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ နာပိုလီကွင်းပွဲစဉ်ဖြစ်ပေမယ့် နာပိုလီအနေနဲ့ လီဗာပူးလ်ကို ယှဉ်ဖို့ကခက်ခဲမယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲစုံ(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ လီဗာပူးလ်အနေနဲ့ နိုင်ပွဲပြန်ရှာရမယ့် ပွဲပါ။ အဝေးကွင်းမှာ လီဗာပူးလ်နိုင်ပွဲရပါလိမ့်မယ်။

ဗုဒ္ဓဟူုးည ချန်ပီယံလိဂ်ပွဲစဉ်များ

PSG Vs Crvena Zvezda
Lokomotiv Moskva Vs Schalke 04
Atlético Madrid Vs Club Brugge
Porto Vs Galatasaray

Photo: Evening Standard , The Kopite 
Ko Kyue(Akhayar)
www.akhayar.com