[Zawgyi]

အသင္းၾကီးအမ်ားစု ရလဒ္ေကာင္းရဖို႔ရိွေနတဲ႔ ရင္ခုန္စရာ ခ်န္ပီယံလိဂ္ညမ်ား

ဒီေန႔ည(အဂၤါေန႔) မွာေတာ႔ ခ်န္ပီယံလိဂ္ပြဲစဥ္(၂)ပြဲေတြကို ဆက္လက္ယွဥ္ျပိဳင္ကစားသြားမွာျဖစ္ပါတယ္။ ပြဲစဥ္ေတြရဲ႕ အေနအထားအရ အသင္းၾကီးအမ်ားစု ရလဒ္ေကာင္းရဖို႔ရိွေနၾကပါတယ္။

ေဟာ္ဖန္ဟင္မ္ ႏွင္႔ မန္စီးတီး ( အဂၤါည ၁၁း၂၅ နာရီ )

Man-City

Man-City

အဖြင္႔ပြဲမွာ မထင္မွတ္ဘဲ ေျခေခ်ာ္ခဲ႔တဲ႔ မန္စီးတီးအသင္းအေနနဲ႔ ဒီပြဲကိုေတာ႔ မျဖစ္မေနအႏိုင္ကစားဖို႔ လိုအပ္ေနပါတယ္။ ဂ်ာမန္ကလပ္အသင္းေတြဟာ အိမ္ကြင္းေျခစြမ္းမာေက်ာ ၾကတာေၾကာင္႔ မန္စီးတီးအေနနဲ႔ အခက္ေတြ႕ႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါ။ လက္ရိွအေနအထားအရမွာေတာ႔ အေ၀းကြင္းျဖစ္ေနေပမယ္႔ အသင္းၾကီးလည္း ျဖစ္ေနျပီး ေျခစြမ္းလည္းပိုေကာင္းတဲ႔ မန္စီးတီးအသင္းကိုပဲ အႏိုင္ရလဒ္အတြက္ ေရြးခ်ယ္ရမွာပါ။ ႏွစ္သင္းေပါင္းသြင္းဂိုးမ်ားဖို႔ရိွေနျပီး ေဟာ္ဖန္ဟင္မ္း ( ၁ – ၃) မန္စီးတီး ရလဒ္မ်ိဳးထြက္ေပၚႏိုင္ပါတယ္။

ဂ်ဴဗင္တပ္စ္ နဲ႔ ယန္းဘိြဳင္းစ္ ( အဂၤါည ၁၁း၂၅ နာရီ )

စီေရာ္နယ္လ္ဒို Cristiano Ronald မပါေပမယ္႔ ဂ်ဴဗင္တပ္စ္အႏိုင္ ေသခ်ာတဲ႔ ပြဲစဥ္လို႔ပဲေျပာရမွာပါ။ ဂ်ဴဗင္တပ္စ္ရဲ႕ ဂိုးျပတ္ႏိုင္ပြဲကို ျမင္ေတြ႕ရပါလိမ္႔မယ္။

ဘိုင္ယန္ျမဴးနစ္ နဲ႔ ေအဂ်က္စ္ ( ဗုဒၶဟူုးမနက္ ၁း၃၀ နာရီ )

ဘိုင္ယန္ျမဴးနစ္အသင္း အိမ္ကြင္းမွာ ရလဒ္ေကာင္းရဦးမယ္႔ ပြဲစဥ္ပါ။ ဘိုင္ယန္ျမဴးနစ္ အနိမ္႔ဆံုး(၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

CSKA ေမာ္စကို နဲ႔ ရီးယဲလ္မက္ဒရစ္ ( ဗုဒၶဟူုးမနက္ ၁း၃၀ နာရီ )

Real-Madrid

Real-Madrid

ရလဒ္ေတြဆိုးေနတဲ႔ ရီးယဲလ္အသင္းအေနနဲ႔ ရလဒ္ေကာင္းျပန္ရွာရမယ္႔ပြဲပါ။ အေ၀းကြင္းပြဲစဥ္ ျဖစ္ေနျပီး ဒဏ္ရာျပႆနာေတြလည္း မ်ားေနတာေၾကာင္႔ ခက္ခဲဖို႔ေတာ႔ရိွပါတယ္။ ရီးယဲလ္အသင္းရဲ႕ တိုက္စစ္ဟာ အားနည္းခ်က္ေတြရိွေနလို႔ ဂိုးေတြသိပ္မ်ားမ်ားျမင္ေတြ႕ရဖို႔ကေတာ႔ မျဖစ္ႏိုင္ပါဘူး။ ရီးယဲလ္အသင္းကပ္ႏိုင္႐ံုေလာက္ပါပဲ။

မန္ယူ ႏွင္႔ ဗလင္စီယာ ( ဗုဒၶဟူုးမနက္ ၁း၃၀ နာရီ )

Manchester-United

Manchester-United

မန္ယူအသင္း ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ျပရမယ္႔ပြဲပါပဲ။ ဒီပြဲဟာ အသင္းရဲ႕နည္းျပေမာ္ရင္ဟို Mourinho ရဲ႕ အနာဂတ္ရဲ႕ တိုက္႐ိုက္သက္ဆိုင္ေနျပီး ဒီပြဲမွာသာအႏိုင္မရခဲ႔ရင္ေတာ႔ ေမာ္ရင္ဟိုရဲ႕ အနာဂတ္ဟာလည္း အေျပာင္းအလဲေတြ ျဖစ္သြားႏိုင္ပါတယ္။ ဗလင္စီယာအသင္းရဲ႕ လက္ရိွေျခစြမ္းဟာ ထင္သေလာက္မေကာင္းတာေၾကာင္႔ မန္ယူအသင္းအေနနဲ႔ အိမ္ကြင္းမွာအခြင္႔အေရးရယူႏိုင္ဖို႔လိုပါတယ္။ ႏွစ္သင္းလံုးရဲ႕ ကစားပံုအရဂိုးနည္းတဲ႔ ပြဲတစ္ပြဲျဖစ္လာဖို႔ ရိွေနျပီး မန္ယူအသင္း ႏိုင္ပြဲျပန္ရွာႏိုင္ပါလိမ္႔မယ္။

အဂၤါည ခ်န္ပီယံလိဂ္ပြဲစဥ္မ်ား

AEK Athens Vs Benfica
Olympique Lyonnais Vs Shakhtar Donetsk
Roma Vs Viktoria Plzeň

Photo: El Horizonte , HELLO NEWS 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးအများစု ရလဒ်ကောင်းရဖို့ရှိနေတဲ့ ရင်ခုန်စရာ ချန်ပီယံလိဂ်ညများ

ဒီနေ့ည(အင်္ဂါနေ့) မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်(၂)ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ ပွဲစဉ်တွေရဲ့ အနေအထားအရ အသင်းကြီးအများစု ရလဒ်ကောင်းရဖို့ရှိနေကြပါတယ်။

ဟော်ဖန်ဟင်မ် နှင့် မန်စီးတီး ( အင်္ဂါည ၁၁း၂၅ နာရီ )

Man-City

Man-City

အဖွင့်ပွဲမှာ မထင်မှတ်ဘဲ ခြေချော်ခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ ဒီပွဲကိုတော့ မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ဂျာမန်ကလပ်အသင်းတွေဟာ အိမ်ကွင်းခြေစွမ်းမာကျော ကြတာကြောင့် မန်စီးတီးအနေနဲ့ အခက်တွေ့နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ လက်ရှိအနေအထားအရမှာတော့ အဝေးကွင်းဖြစ်နေပေမယ့် အသင်းကြီးလည်း ဖြစ်နေပြီး ခြေစွမ်းလည်းပိုကောင်းတဲ့ မန်စီးတီးအသင်းကိုပဲ အနိုင်ရလဒ်အတွက် ရွေးချယ်ရမှာပါ။ နှစ်သင်းပေါင်းသွင်းဂိုးများဖို့ရှိနေပြီး ဟော်ဖန်ဟင်မ်း ( ၁ – ၃) မန်စီးတီး ရလဒ်မျိုးထွက်ပေါ်နိုင်ပါတယ်။

ဂျူဗင်တပ်စ် နဲ့ ယန်းဘွိုင်းစ် ( အင်္ဂါည ၁၁း၂၅ နာရီ )

စီရော်နယ်လ်ဒို Cristiano Ronald မပါပေမယ့် ဂျူဗင်တပ်စ်အနိုင် သေချာတဲ့ ပွဲစဉ်လို့ပဲပြောရမှာပါ။ ဂျူဗင်တပ်စ်ရဲ့ ဂိုးပြတ်နိုင်ပွဲကို မြင်တွေ့ရပါလိမ့်မယ်။

ဘိုင်ယန်မြူးနစ် နဲ့ အေဂျက်စ် ( ဗုဒ္ဓဟူုးမနက် ၁း၃၀ နာရီ )

ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းမှာ ရလဒ်ကောင်းရဦးမယ့် ပွဲစဉ်ပါ။ ဘိုင်ယန်မြူးနစ် အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

CSKA မော်စကို နဲ့ ရီးယဲလ်မက်ဒရစ် ( ဗုဒ္ဓဟူုးမနက် ၁း၃၀ နာရီ )

Real-Madrid

Real-Madrid

ရလဒ်တွေဆိုးနေတဲ့ ရီးယဲလ်အသင်းအနေနဲ့ ရလဒ်ကောင်းပြန်ရှာရမယ့်ပွဲပါ။ အဝေးကွင်းပွဲစဉ် ဖြစ်နေပြီး ဒဏ်ရာပြဿနာတွေလည်း များနေတာကြောင့် ခက်ခဲဖို့တော့ရှိပါတယ်။ ရီးယဲလ်အသင်းရဲ့ တိုက်စစ်ဟာ အားနည်းချက်တွေရှိနေလို့ ဂိုးတွေသိပ်များများမြင်တွေ့ရဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ရီးယဲလ်အသင်းကပ်နိုင်ရုံလောက်ပါပဲ။

မန်ယူ နှင့် ဗလင်စီယာ ( ဗုဒ္ဓဟူုးမနက် ၁း၃၀ နာရီ )

Manchester-United

Manchester-United

မန်ယူအသင်း ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြရမယ့်ပွဲပါပဲ။ ဒီပွဲဟာ အသင်းရဲ့နည်းပြမော်ရင်ဟို Mourinho ရဲ့ အနာဂတ်ရဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး ဒီပွဲမှာသာအနိုင်မရခဲ့ရင်တော့ မော်ရင်ဟိုရဲ့ အနာဂတ်ဟာလည်း အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါတယ်။ ဗလင်စီယာအသင်းရဲ့ လက်ရှိခြေစွမ်းဟာ ထင်သလောက်မကောင်းတာကြောင့် မန်ယူအသင်းအနေနဲ့ အိမ်ကွင်းမှာအခွင့်အရေးရယူနိုင်ဖို့လိုပါတယ်။ နှစ်သင်းလုံးရဲ့ ကစားပုံအရဂိုးနည်းတဲ့ ပွဲတစ်ပွဲဖြစ်လာဖို့ ရှိနေပြီး မန်ယူအသင်း နိုင်ပွဲပြန်ရှာနိုင်ပါလိမ့်မယ်။

အင်္ဂါည ချန်ပီယံလိဂ်ပွဲစဉ်များ

AEK Athens Vs Benfica
Olympique Lyonnais Vs Shakhtar Donetsk
Roma Vs Viktoria Plzeň

Photo: El Horizonte , HELLO NEWS 
Ko Kyue(Akhayar)
www.akhayar.com