ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ လာမယ့် ၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်နဲ့ ဥရောပစူပါဖလားပြိုင်ပွဲတွေမှာ ဆုကြေးအဖြစ် ပေါင်(၂.၃)ဘီလီယံကို ခွဲဝေပေးသွားမယ်လို့ အတည်ပြုခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာပဲ ဆုကြေးအဖြစ် ပေါင်(၁.၇၅)သန်းအထိ ရဖို့ရှိနေပါပြီ။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ဥရောပစူပါဖလားပြိုင်ပွဲတွေကနေ ရရှိခဲ့တဲ့ဝင်ငွေပမာဏက ပေါင်(၃)ဘီလီယံအထိရှိခဲ့ပြီး အဲဒီထဲကနေ UEFA ရဲ့ ကုန်ကျစရိတ်၊ ခြေစစ်ပွဲမအောင်ခဲ့တဲ့ ကလပ်အသင်းတွေကို ပေးချေရတဲ့ ဆုကြေးတွေတွေကို ထည့်ပေါင်းလိုက်ရင် ပေါင်သန်း(၆၀၀)ကျော်အထိ ခွဲဝေပေးခဲ့ရပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်နဲ့ ဥရောပစူပါဖလားပွဲတွေအတွက် ဆုကြေးအဖြစ် ပေါင်(၁.၈)သန်းကို ခွဲဝေပေးမှာဖြစ်ပြီး ကျန်တဲ့ငွေကြေးတွေကို ယူရိုပါလိဂ်အတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ အဲဒါကြောင့် သြဂုတ်လ(၁၄)ရက်ကျရင် အစ္စတန်ဘူလ်မှာ ဥရောပစူပါဖလားပွဲအဖြစ် ကစားကြမယ့် ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ တစ်သင်းကို ပေါင်(၃)သန်းကျော် ဆုကြေးရရှိမှာဖြစ်သလို အနိုင်ရတဲ့အသင်းကတော့ အပိုဆုကြေး ပေါင်(၉)သိန်း ထပ်ရမှာပါ။

UEFA က ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ၀င်ရောက်ခွင့်ရရှိခဲ့တဲ့ အသင်း(၃၂)သင်းကို ဆုကြေး ပေါင်သန်း(၄၄၀)ထဲကနေ အညီအမျှခွဲဝေပေးမှာဖြစ်လို့ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါးအသင်းတို့ဟာ တစ်ပွဲမှ မကစားရသေးဘဲ တစ်သင်းကို ပေါင်(၁၄)သန်းစီ ရရှိခဲ့ကြပြီဖြစ်ပါတယ်။ ပြီးရင်တော့ ကလပ်အသင်းတစ်သင်းချင်းစီရဲ့ စွမ်းဆောင်ရည်အလိုက် ဆုကြေးပေါင်(၅၂၅)သန်းကို ခွဲဝေမှာဖြစ်တာကြောင့် နိုင်ပွဲတစ်ပွဲအတွက် ပေါင်(၂.၄)သန်း၊ သရေကျရင် ပေါင်(၈)သိန်းအထိ ရရှိမှာပါ။ ကလပ်အသင်းတစ်သင်းချင်းစီဟာ ရှုံးထွက်(၁၆)သင်းအဆင့်ရောက်ရင် ပေါင်(၈.၅)သန်း၊ ကွာတားဖိုင်နယ်ရောက်မယ်ဆိုရင်တော့ ပေါင်(၉.၅)သန်း ဆုကြေးရရှိမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ ပေါင်(၁၁)သန်း၊ ဗိုလ်လုပွဲရောက်ရင် ပေါင်(၁၃.၅)သန်းရရှိဦးမှာဖြစ်လို့ ထိပ်သီးအသင်းတွေအတွက်တော့ မက်လောက်စရာပမာဏပါပဲ။ ဒါတင် မကသေးဘဲ UEFA Coefficient သတ်မှတ်ချက်အလိုက် အသင်းတွေကို ပေါင်(၅၂၅)သန်းထဲကနေ အညီအမျှခွဲဝေပေးဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကလပ်အသင်းတွေရဲ ရုပ်သံဝင်ငွေတွေလည်း ရှိသေးတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်မှာဗိုလ်လ်စွဲတဲ့အသင်းဟာ ပေါင်သန်း(၁၀၀)အထိ ရဖို့ရှိနေပါပြီ။

REF:thesun,dailymail
Photo:Liverpool FC Facebook
Naing Linn(Akhayar)
www.akhayar.com