[Zawgyi]

ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ ဆားဘီးယားဒုိင္လူႀကီး မာဇစ္ Mažić ကုိင္တြယ္မယ္

အခုေမလ(၂၆)ရက္မွာ ကစားမယ့္ လီဗာပူးလ္နဲ႔ရီးယဲလ္တို႔ရဲ႕ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြအတြက္ ကြင္းလယ္ဒုိင္ အျဖစ္ ဆားဘီးယား ဒုိင္လူႀကီး မီယုိလတ္မာဇစ္ Milorad Mazic ကုိ ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္(UEFA) က ခန္႔အပ္လုိက္ၿပီျဖစ္ပါတယ္။ အသက္(၄၉)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မာဇစ္ဟာ ၂၀၀၉ ခုႏွစ္မွာ ဖီဖာ အသိအမွတ္ျပဳ ဒုိင္လူႀကီးျဖစ္ခဲ့ၿပီး ၂၀၁၇ ဖီဖာကြန္ဖက္ဒေရးရွင္းဖလား ဗုိလ္လုပဲြကုိ ကုိင္တြယ္ခဲ့သလုိ အဲဒီမတိုင္ခင္ကလည္း ခ်န္ပီယံလိဂ္၊ ယူ႐ုိပါလိဂ္ၿပိဳင္ပဲြေတြမွာ ကုိင္တြယ္ခဲ့ဖူးတဲ့ အေတြ႕အႀကံဳရွိသူလည္းျဖစ္ပါတယ္။

ဒ့ါအျပင္ မာဇစ္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ပဲြစဥ္(၄)ပဲြ၊ ယူ႐ုိပါလိဂ္(၂)ပဲြကုိင္တြယ္ခဲ့ၿပီး UEFA ဟာ တျခား ဥေရာပနာမည္ေက်ာ္ ဒုိင္လူႀကီးေတြထဲကမွ မာဇစ္ကုိ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြအတြက္ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့ မာဇစ္အတြက္ စိတ္ပ်က္စရာေကာငး္တဲ့ မွတ္တမ္းတစ္ခုက သူဟာ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက ၿပိဳင္ပဲြရဲ႕အဆုိးရြားဆုံး ဒုိင္လူႀကီး (Worst Referre)အျဖစ္ သတ္မွတ္ခံခဲ့ရတာေၾကာင့္ပါ။ မာဇစ္ဟာ လီဗာပူးလ္နဲ႔ ရီးယဲလ္တို႔ရဲ႕ ဥေရာပပဲြစဥ္ေတြကုိ ကုိင္တြယ္ခဲ့ဖူးၿပီး သူကုိင္တြယ္ခဲ့တဲ့ ပဲြေတြမွာ ႏွစ္သငး္စလုံး ႐ႈံးပဲြမရွိခဲ့ပါဘူး။ ၂၀၁၁ ယူ႐ုိပါလိဂ္႐ႈံးထြက္(၃၂)သင္းပဲြစဥ္အျဖစ္ စပါတာပရက္ပ္ကုိ လီဗာပူးလ္အႏုိင္ရခဲ့တဲ့ ဒုတိယအေက်ာ႔၊ ၂၀၁၆ တုန္းက မန္ယူနဲ႔ လီဗာပူးလ္သေရက်ခဲ့တဲ့ ယူ႐ုိပါလိဂ္ ႐ႈံးထြက္(၁၆)သင္းပဲြေတြမွာ မာဇစ္က ကြင္းလယ္ဒုိင္အျဖစ္ ေဆာင္ရြက္ခဲ့တယ္။ ဒါ့အျပင္ မာဇစ္ဟာ ရီးယဲလ္အသငး္ရဲ႕ ဥေရာပပဲြစဥ္ေတြျဖစ္တဲ့ ေဘဆယ္(၂၀၁၄-ခ်န္ပီယံလိဂ္အုပ္စု)၊ အက္သလက္တီကုိ (၂၀၁၅-ခ်န္ပီယံလိဂ္ ကြာတား)၊ ဆီဗီလာ (၂၀၁၆-ဥေရာပစူပါဖလား)ပဲြေတြမွာလည္း ဒုိင္လူႀကီးအျဖစ္ ေဆာင္ရြက္ခဲ့ၿပီး ရီးယဲလ္အသင္းက အက္သလက္တီကုိနဲ႔ သေရက်ခဲ့ေပမယ့္ က်န္တဲ့ႏွစ္ပဲြစလုံး အႏုိင္ရခဲ့ပါတယ္။ ဒါေၾကာင့္ အခုဗုိလ္လုပဲြမွာလည္း မာဇစ္အေနနဲ႔ အျငင္းပြားစရာမရွိေအာင္ ဘယ္လုိမ်ိဳးပဲြကုိ ကုိင္တြယ္သြားမလဲဆုိ တာ ေစာင့္ၾကည့္ရမွာပါ။

ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမတိုင္ခင္ ေမလ(၁၆)ရက္မွာ ကစားမယ့္ အက္သလက္တီကုိနဲ႔ မာေဆးလ္အသင္းတို႔ ရဲ႕ ယူ႐ုိပါလိဂ္ဗုိလ္လုပဲြကုိေတာ့ ဒတ္ခ်္နာမည္ေက်ာ္ဒုိင္လူႀကီး ဘီယြန္ကီြပါးစ္ Björn Kuipers က ကုိင္တြယ္သြားမွာျဖစ္ပါတယ္။ ကြီပါးစ္ဟာ ၂၀၁၃ ယူ႐ုိပါလိဂ္ဗုိလ္လုပဲြအျဖစ္ ခ်ယ္လ္ဆီးနဲ႔ဘင္ဖီကာတို႔ရဲ႕ပဲြ၊ ၂၀၁၄ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြျဖစ္တဲ့ ရီးယဲလ္နဲ႔အက္သလက္တီကုိတို႔ရဲ႕ပဲြေတြကုိ ကုိင္တြယ္ခဲ့ဖူးတဲ့ အေတြ႕ အႀကံဳရင့္နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။

REF:AS
Photo:Bluewin
Naing Linn (Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆားဘီးယားဒိုင်လူကြီး မာဇစ် Mažić ကိုင်တွယ်မယ်

အခုမေလ(၂၆)ရက်မှာ ကစားမယ့် လီဗာပူးလ်နဲ့ရီးယဲလ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ကွင်းလယ်ဒိုင် အဖြစ် ဆားဘီးယား ဒိုင်လူကြီး မီယိုလတ်မာဇစ် Milorad Mazic ကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ အသက်(၄၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာဇစ်ဟာ ၂၀၀၉ ခုနှစ်မှာ ဖီဖာ အသိအမှတ်ပြု ဒိုင်လူကြီးဖြစ်ခဲ့ပြီး ၂၀၁၇ ဖီဖာကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့သလို အဲဒီမတိုင်ခင်ကလည်း ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူလည်းဖြစ်ပါတယ်။

ဒ့ါအပြင် မာဇစ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ်(၄)ပွဲ၊ ယူရိုပါလိဂ်(၂)ပွဲကိုင်တွယ်ခဲ့ပြီး UEFA ဟာ တခြား ဥရောပနာမည်ကျော် ဒိုင်လူကြီးတွေထဲကမှ မာဇစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ မာဇစ်အတွက် စိတ်ပျက်စရာကောင်းတဲ့ မှတ်တမ်းတစ်ခုက သူဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပြိုင်ပွဲရဲ့အဆိုးရွားဆုံး ဒိုင်လူကြီး (Worst Referre)အဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့်ပါ။ မာဇစ်ဟာ လီဗာပူးလ်နဲ့ ရီးယဲလ်တို့ရဲ့ ဥရောပပွဲစဉ်တွေကို ကိုင်တွယ်ခဲ့ဖူးပြီး သူကိုင်တွယ်ခဲ့တဲ့ ပွဲတွေမှာ နှစ်သင်းစလုံး ရှုံးပွဲမရှိခဲ့ပါဘူး။ ၂၀၁၁ ယူရိုပါလိဂ်ရှုံးထွက်(၃၂)သင်းပွဲစဉ်အဖြစ် စပါတာပရက်ပ်ကို လီဗာပူးလ်အနိုင်ရခဲ့တဲ့ ဒုတိယအကျော့၊ ၂၀၁၆ တုန်းက မန်ယူနဲ့ လီဗာပူးလ်သရေကျခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက်(၁၆)သင်းပွဲတွေမှာ မာဇစ်က ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့တယ်။ ဒါ့အပြင် မာဇစ်ဟာ ရီးယဲလ်အသင်းရဲ့ ဥရောပပွဲစဉ်တွေဖြစ်တဲ့ ဘေဆယ်(၂၀၁၄-ချန်ပီယံလိဂ်အုပ်စု)၊ အက်သလက်တီကို (၂၀၁၅-ချန်ပီယံလိဂ် ကွာတား)၊ ဆီဗီလာ (၂၀၁၆-ဥရောပစူပါဖလား)ပွဲတွေမှာလည်း ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး ရီးယဲလ်အသင်းက အက်သလက်တီကိုနဲ့ သရေကျခဲ့ပေမယ့် ကျန်တဲ့နှစ်ပွဲစလုံး အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အခုဗိုလ်လုပွဲမှာလည်း မာဇစ်အနေနဲ့ အငြင်းပွားစရာမရှိအောင် ဘယ်လိုမျိုးပွဲကို ကိုင်တွယ်သွားမလဲဆို တာ စောင့်ကြည့်ရမှာပါ။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် မေလ(၁၆)ရက်မှာ ကစားမယ့် အက်သလက်တီကိုနဲ့ မာဆေးလ်အသင်းတို့ ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတော့ ဒတ်ချ်နာမည်ကျော်ဒိုင်လူကြီး ဘီယွန်ကွီပါးစ် Björn Kuipers က ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ကွီပါးစ်ဟာ ၂၀၁၃ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးနဲ့ဘင်ဖီကာတို့ရဲ့ပွဲ၊ ၂၀၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲဖြစ်တဲ့ ရီးယဲလ်နဲ့အက်သလက်တီကိုတို့ရဲ့ပွဲတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့ အကြုံရင့်နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

REF:AS
Photo:Bluewin
Naing Linn (Akhayar)
www.akhayar.com