[Zawgyi]

အူဒီးနီးစ္ကို အႏိုင္ယူျပီး စီးရီးေအ (၈)ပြဲဆက္ ႏိုင္ပြဲရရိွခဲ႔တဲ႔ ဂ်ဴဗင္တပ္စ္

စီးရီးေအမွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ တစ္ေကာင္းတည္းေျပးတဲ႔ ျမင္းျဖစ္ေနခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဒီႏွစ္ေျခစြမ္းဟာ အရင္ႏွစ္ေတြကထက္ အမ်ားၾကီးတိုးတက္မႈေတြရိွလာခဲ႔ပါတယ္။

Udinese-0-2-Juventus

Udinese-0-2-Juventus

ပံုစံေကာင္းရေနတဲ႔ နည္းျပ အယ္လီဂရီ Allegri ရဲ႕ ဂ်ဴဗင္တပ္စ္အသင္းကေတာ႔ အေကာင္းဆံုးအေနအထားေတြနဲ႔ ေရွ႕ဆက္ေနခဲ႔ပါျပီ။ လက္ရိွမွာ အတြဲအဖက္မိေနတဲ႔ တိုက္စစ္အတြဲျဖစ္တဲ႔ ဒီဘားလား Dybala ၊ စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႕ မန္ဇူကစ္ Mandžukić တို႔ဟာ ဂ်ဴဗင္တပ္စ္အသင္းကိုအေကာင္းဆံုး ဦၤးေဆာင္ကစားႏိုင္ခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ အူဒီးနီးစ္အသင္းကို အသာစီးကစားႏိုင္ခဲ႔ျပီး တရစပ္ဖိအားေပးကစားႏိုင္ခဲ႔ပါတယ္။

Juventus

Juventus

ဂ်ဴဗင္တပ္စ္အသင္းအတြက္ ပထမဂိုးကိုေတာ႔ ပြဲခ်ိန္(၃၃)မိနစ္မွာ ကန္ဆယ္လို Cancelo ရဲ႕ ျဖတ္တင္ေဘာကေန ဘင္တကူ Bentancur ကေခါင္းတိုက္သြင္းယူခဲ႔တာပါ။ ပြဲခ်ိန္(၃၇)မိနစ္မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္း ဒုတိယဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကိုေတာ႔ မန္ဇူကစ္ အလိုက္သင္႔ခင္းေပးလိုက္တဲ႔ ေဘာလံုးကို စီေရာ္နယ္လ္ဒို က ျပင္းထန္အားပါတဲ႔ ဘယ္ေျခကန္ခ်က္နဲ႔ အေကာင္းဆံုးကန္သြင္း အဆံုးသတ္ခဲ႔တာပါ။ ဂ်ဴဗင္တပ္စ္အသင္းဟာ ပြဲေတြဆက္ေနေပမယ္႔ အေကာင္းဆံုးပံုစံကို ျပသႏိုင္ခဲ႔ျပီး ထိုက္တန္တဲ႔ ႏိုင္ပြဲတစ္ပြဲကို ရရိွခဲ႔တာျဖစ္ပါတယ္။ လက္ရိွမွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအပြဲစဥ္(၈)ပြဲ ကစားအျပီးမွာ (၈)ပြဲလံုုးအႏိုင္ရရိွထားျပီး ရမွတ္(၂၄)မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အူဒီးနီးစ်ကို အနိုင်ယူပြီး စီးရီးအေ (၈)ပွဲဆက် နိုင်ပွဲရရှိခဲ့တဲ့ ဂျူဗင်တပ်စ်

စီးရီးအေမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ တစ်ကောင်းတည်းပြေးတဲ့ မြင်းဖြစ်နေခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ ဒီနှစ်ခြေစွမ်းဟာ အရင်နှစ်တွေကထက် အများကြီးတိုးတက်မှုတွေရှိလာခဲ့ပါတယ်။

Udinese-0-2-Juventus

Udinese-0-2-Juventus

ပုံစံကောင်းရနေတဲ့ နည်းပြ အယ်လီဂရီ Allegri ရဲ့ ဂျူဗင်တပ်စ်အသင်းကတော့ အကောင်းဆုံးအနေအထားတွေနဲ့ ရှေ့ဆက်နေခဲ့ပါပြီ။ လက်ရှိမှာ အတွဲအဖက်မိနေတဲ့ တိုက်စစ်အတွဲဖြစ်တဲ့ ဒီဘားလား Dybala ၊ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မန်ဇူကစ် Mandžukić တို့ဟာ ဂျူဗင်တပ်စ်အသင်းကိုအကောင်းဆုံး ဦၤးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အူဒီးနီးစ်အသင်းကို အသာစီးကစားနိုင်ခဲ့ပြီး တရစပ်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

Juventus

Juventus

ဂျူဗင်တပ်စ်အသင်းအတွက် ပထမဂိုးကိုတော့ ပွဲချိန်(၃၃)မိနစ်မှာ ကန်ဆယ်လို Cancelo ရဲ့ ဖြတ်တင်ဘောကနေ ဘင်တကူ Bentancur ကခေါင်းတိုက်သွင်းယူခဲ့တာပါ။ ပွဲချိန်(၃၇)မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်း ဒုတိယဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မန်ဇူကစ် အလိုက်သင့်ခင်းပေးလိုက်တဲ့ ဘောလုံးကို စီရော်နယ်လ်ဒို က ပြင်းထန်အားပါတဲ့ ဘယ်ခြေကန်ချက်နဲ့ အကောင်းဆုံးကန်သွင်း အဆုံးသတ်ခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ပွဲတွေဆက်နေပေမယ့် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ်(၈)ပွဲ ကစားအပြီးမှာ (၈)ပွဲလုံးအနိုင်ရရှိထားပြီး ရမှတ်(၂၄)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com