[Zawgyi]

ခ်န္ပီယံလိဂ္႐ႈံးထြက္(၁၆)သင္းအဆင့္က ဘယ္လိုဖမ္းစားခဲ့လဲ

ခ်န္ပီယံလိဂ္႐ႈံးထြက္ (၁၆)သင္းအဆင့္ပထမအေက်ာ့ပဲြစဥ္ေတြၿပီးဆံုးခဲ့ပါၿပီ။ ပြဲစဥ္တုိင္းမွာ ပရိသတ္ေတြရဲ႕ အာ႐ံုကို အႀကီးအက်ယ္ဖမ္းစားႏုိင္ခဲ့တာေတြ ရွိခဲ့ပါလိမ့္မယ္။ PSG ကို အိမ္ကြင္းဘာေနဗ်ဴးမွာ ေနာက္က လုိက္ကစားၿပီး ရီးယဲလ္ဂိုးျပတ္အႏုိင္ယူခဲ့တာ၊ တူရင္ေျမမွာ ႏွစ္ဂိုး႐ႈံးေနရာကေန သေရကစားႏုိင္ခဲ့တဲ့ စပါး၊ ဘာစီလိုနာကို ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ ခံစစ္အမွားေၾကာင့္ အိပ္မက္ေတြၿပိဳလဲခဲ့ရတဲ့ ခ်ယ္လ္ဆီး၊ ခ်ယ္လ္ဆီးဘက္ကို ကစားသမားဘ၀ပထမဆံုးအႀကိမ္ ဂိုးသြင္းႏုိင္ခဲ့တဲ့ မက္ဆီ Messi ၊ ဂိုးသမားဒီဂီယာ De Gea ေၾကာင့္ ဆီဗီလာကို အရွက္တကြဲမ႐ႈံးခဲ့ရတဲ့ မန္ခ်က္စတာယူႏုိက္တက္စတာေတြဟာ ပရိသတ္ေတြရင္ထဲ ဒုတိယအေက်ာ့ပြဲစဥ္ေတြမတုိင္မီ အမွတ္ရစရာျဖစ္ေနပါဦးမယ္။ ေဆြးေႏြးျငင္းခံုခ်င္စရာျဖစ္ေနပါဦးမယ္။ ခ်န္ပီယံလိဂ္႐ႈံးထြက္(၁၆)သင္းအဆင့္ရဲ႕ အထင္ကရအေၾကာင္းအရာျဖစ္ရပ္ငါးခုကို ေဖာ္ျပလုိက္ပါတယ္။

ခ်န္ပီယံလိဂ္မွာ စပါးရဲ႕ ဂုဏ္သိကၡာထုထည္ ပိုျမင့္မားလာၿပီလား

စပါးက ဒီရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ရီးယဲလ္၊ ေဒါ့မြန္တို႔နဲ႔ အတူတူက်ေရာက္ခဲ့ေပမယ့္ ႐ႈံးပြဲမရွိဘဲ ႐ႈံးထြက္ (၁၆)သင္းအဆင့္ကုိတက္ေရာက္ခဲ့ပါတယ္။ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာလည္း စပါးဟာ သူတို႔ထက္ ခ်န္ပီယံလိဂ္မွာသမုိင္းေၾကာင္းအစဥ္အလာႀကီးမားတဲ့ ဂ်ဴဗင္တပ္စ္နဲ႔ ဆံုခဲ့ေပမယ့္ တုိက္ပြဲ၀င္စိတ္ဓာတ္ဟာ တန္ဖိုးေလ်ာ့က်မသြားဘူး။ ထက္ျမက္ပံုစံတက်ျဖစ္ေနတဲ့ အဆံုးသတ္သမား Sharpshotter ဟာရီကိန္း Harry Kane၊ ကြင္းလယ္တုိက္စစ္ကစားသမား အယ္လီ Alli ၊ အဲရစ္ဆင္ Eriksen နဲ႔အတူ ဂ်ဴဗင္တပ္စ္ရဲ႕ မဟာခံစစ္ထုထည္ကို ၿပိဳလဲေစခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္၀ါရင့္ခံစစ္ကစားသမား ခ်ီလီနီ Chiellini ဟာ စပါးတုိက္စစ္ေၾကာင့္ ပန္းၿခံထဲမွာ မိဘေတြနဲ႔ ကြဲကြာသြားတဲ့ကေလးငယ္တစ္ဦးလို တုန္လႈပ္ေျခာက္ျခားေနရတယ္လို႔ ေလွာင္ေျပာင္ခံရတယ္။

လီဗာပူးလ္က ဖ်က္ျမင္းျဖစ္လာၿပီလား

လီဗာပူးလ္ရဲ႕ ထက္ျမက္တုိက္စစ္ေတးသြားဟာ ခ်န္ပီယံလိဂ္မွာလည္း က်ယ္ေလာင္ေပါက္ကြဲေနဆဲ။ ေပၚတုိကို အေ၀းကြင္းမွာ (၅-၀)ဂိုးနဲ႔အႏုိင္ရခဲ့ၿပီးေနာက္ လီဗာပူးလ္ဟာ ခ်န္ပီယံလိဂ္မွာဖ်က္ျမင္းျဖစ္လာၿပီလားလို႔ သံုးသပ္လာၾကၿပီ။ ဆာလာ Salah၊ မာေနး Mane၊ ေဖမီႏို Firmino တို႔တုိက္စစ္အစုအဖြဲ႕ဟာ ဒီရာသီမွာ ဂိုးျပတ္ေအာင္ပြဲေတြကို ဖန္တီးေနက်ျဖစ္လို႔ ေပၚတုိကို ငါးဂိုးျပတ္ႏုိင္တာဟာသိပ္ၿပီးထူးဆန္းတယ္လို႔ မဆိုႏုိင္ပါဘူး။ ဒါေပမဲ့ ရာသီတစ္ေလွ်ာက္လံုးနီးပါးမတည္ၿငိမ္ခဲ့တဲ့ ခံစစ္က အိမ္ကြင္းမွာတစ္ပြဲပ်မ္းမွ်သံုးဂိုးေလာက္သြင္းယူထားႏုိင္တဲ့ ေပၚတိုတုိက္စစ္ကို ဂိုးမေပးခဲ့ရတာ စိတ္ခ်မ္းသာစရာပါပဲ။ ၿပီးေတာ့ ဘာစီလိုနာ၊ စပါးအသင္းေတြနဲ႔အတူ ဒီရာသီခ်န္ပီယံလိဂ္မွာ ႐ႈံးပြဲမရိွေသးတဲ့အသင္း၊ သြင္းဂိုး (၂၆)ဂိုးနဲ႔ ဒီရာသီခ်န္ပီယံလိဂ္မွာ ဂိုးသြင္းအမ်ားဆံုးအသင္းဆိုတာေတြဟာ ခမ္းနားလြန္းတယ္မဟုတ္လား။ ဒီဂုဏ္ပုဒ္ေတြဟာ လီဗာပူးလ္ရဲ႕ ခ်န္ပီယံလိဂ္ေရွ႕ခရီးကို ခ်ိီတက္ရာမွာအေကာင္းဆံုး စိတ္ဓာတ္ဆာေတြလုိ႔ ဆုိရမယ္။ လီဗာပူးလ္ရဲ႕ ေျခာက္ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားအိပ္မက္ကို ဒီရာသီမွာမက္ခြင့္ရွိေနၿပီလို႔ ဆုိရမယ္။

ခ်န္ပီယံလိဂ္ဆို ရီးယဲလ္ကို ေမ့မထားနဲ႔

ရီးယဲလ္ဟာ တျခားၿပိဳင္ပြဲေတြမွာ အေျခအေနမဟန္ခ်င္မဟန္ပါေစ။ ခ်န္ပီယံလိဂ္ဆုိရင္ သူတုိ႔မွာမယံုၾကည္ႏုိင္စရာစြမ္းေဆာင္ရည္ေတြ အၿမဲလိုလိုရွိေနတတ္တယ္။ PSG နဲ႔ပြဲမတုိင္မီမွာ ရီးယဲလ္ကိုအထင္ႀကီးသူသိပ္မရွိဘူး။ PSG ရဲ႕ တုိက္စစ္အစုအဖြဲ႕အေၾကာင္းကိုပဲ လူေျပာမ်ားခဲ့တယ္။ ဒါေပမဲ့စီေရာ္နယ္လ္ဒို C Ronaldo က စံခ်ိန္မွတ္တမ္းေတြကို ရယူၿပီးသူ႕ရဲ႕ပါ၀ါကိုကမၻာသိေအာင္ေၾကညာလုိက္  ျပန္တယ္။ ရီးယဲလ္ကစားသမားဘ၀ ခ်န္ပီယံလိဂ္ရာျပည့္ဂိုးကို စီေရာ္နယ္လ္ဒိုသြင္းယူႏုိင္ခဲ့တာပါပဲ။ ခ်န္ပီယံလိဂ္ကစားၿပီဆိုရင္ ရီးယဲလ္ဆီေမွာ္အစြမ္းေတြ ဘယ္လုိေရာက္လာပါသလဲ။ ခ်န္ပီယံလိဂ္ဆို ရီးယဲလ္ကို ေမ့မထားနဲ႔။

နတ္ေရကန္ထဲက ဘုိင္ယန္ျမဴးနစ္

နည္းျပေဟာင္း အန္ဆယ္ေလာ့တီ Ancelloti လက္ထက္ ဘုိင္ယန္ျမဴးနစ္ဟာကံဆိုးမိုးေမွာင္က်ခဲ့သေလာက္ နည္းျပသစ္ ေဟးနက္စ္လက္ထက္မွာ ဘုိင္ယန္ျမဴးနစ္ဟာ နတ္ေရကန္ထဲက တက္လာသလားလို႔ ထင္မွတ္ခဲ့ရတယ္။ ေဟးနက္စ္လက္ထက္ ေလးလနဲ႔ (၂၃)ပြဲအၾကာမွာ ဘုိင္ယန္ျမဴးနစ္ဟာအရင္လုိ ဥေရာပရဲ႕ Powerhouse ျပန္ျဖစ္လာၿပီ။ ဘက္ဆစ္တပ္လို ဒီရာသီမွာေမွ်ာ္လင့္ခ်က္ေတြေတာက္ပေနတဲ့အသင္းကို အိမ္ကြင္းမွာ ရက္ရက္စက္စက္ဂိုးျပတ္အႏုိင္ယူၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ဘက္ေတြကို သတိေပးလုိက္ပါတယ္။

သမုိင္း၀င္အသင္းအေရအတြက္နဲ႔ ပရီးမီးယားလိဂ္ ေခတ္လား

ပရီးမီးယားလိဂ္ဟာ စံခ်ိန္တင္႐ုပ္သံ၀င္ေငြနဲ႔အတူ ဘ႑ာေရးအင္အားပိုမိုႀကီးမားလာခ်ိန္မွာ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ နာမည္ေက်ာ္ကစားသမားေတြနဲ႔အတူ အသင္းတည္ေဆာက္ပံုေတြ ပိုၿပီးခုိင္မာလာတယ္။ ေငြေၾကးေအာင္ျမင္မႈအျပင္ ပရီးမီးယားလိဂ္အသင္းေတြဟာ ဥေရာပစစ္ေျမျပင္ကုိ ျပန္ လည္လႊမ္းမိုးတယ္။ ၂၀၀၈ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ယ္လ္ဆီးတို႔ရဲ႕All English Final ပြဲစဥ္ၿပီးေနာက္ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ခ်န္ပီယံလိဂ္ေအာင္ပြဲေတြ ပါးလ်သြားတယ္။ ဒီရာသီမွာ မန္စီးတီး၊ မန္ခ်က္စတာယူႏုိက္တက္၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ စပါးတို႔ဟာ ခ်န္ပီယံလိဂ္မွာပရီးမီးယားလိဂ္ရဲ႕ ဂုဏ္သိကၡာကို အေကာင္းဆံုးတည္ေဆာက္ျပေနတယ္။ အုပ္စုအဆင့္မွာ ခ်ယ္လ္ဆီးကလြဲၿပီး က်န္အသင္းေလးသင္းဟာ အုပ္စုဗိုလ္ေနရာကို ပိုင္ဆုိင္ခဲ့ပါတယ္။ ႐ႈံးထြက္ (၁၆)သင္းအဆင့္မွာလည္း ဘာစီလုိနာနဲ႔ ပြဲက်ပ္ရင္ဆုိင္ခဲ့ရတဲ့ ခ်ယ္လ္ဆီးကလြဲၿပီး က်န္အသင္းေတြကြာတားဖုိင္နယ္လက္မွတ္ေမွ်ာ္လင့္ ခ်က္အားေကာင္းေနပါၿပီ။ မန္စီးတီးနဲ႔ လီဗာပူးလ္က ၿပိဳင္ဘက္ေတြကို အေ၀းကြင္းမွာ ဂိုးျပတ္အႏုိင္၊ မန္ခ်က္စတာယူႏုိက္တက္နဲ႔ စပါးက ၿပိဳင္ဘက္ေတြကိုအေ၀းကြင္းမွာ သေရကစားႏုိင္ခဲ့ၿပီး ေမွ်ာ္လင့္ခ်က္ ထုထည္ခိုင္မာေနတာပါပဲ။ ၿပီးခဲ့တဲ့ရာသီမွာ လက္စတာတစ္သင္းသာ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္လက္မွတ္ ပိုင္ဆုိင္ခဲ့ၿပီး ဒီရာသီမွာေတာ့ အနည္းဆံုး(၄)သင္းေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။ တကယ္လို႔မ်ား ခ်ယ္လ္ဆီးအသင္းပါ ကြာတားဖုိင္နယ္လက္မွတ္ကို ပိုိင္ဆုိင္ခဲ့မယ္ဆိုရင္ ကြာတားဖုိင္နယ္အဆင့္မွာ ရီးယဲလ္တစ္သင္းသာ လာလီဂါၿပိဳင္ပြဲကိုယ္စားျပဳ က်န္ရွိပါလိမ့္မယ္။ ဒီလိုဆုိရင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ေနာက္ပိုင္းႏွစ္ေတြအတြင္း လႊမ္းမိုးထားတဲ့ လာလီဂါကလပ္ေတြ က်ဆံုးခန္းေရာက္ၿပီလို႔ ဆိုႏုိင္ပါတယ္။ ခ်န္ပီယံလိဂ္မွာ ပရီးမီးယားလိဂ္အသင္းေတြ လႊမ္းမိုးလာမယ့္အနာဂတ္ဟာ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲရဲ႕ ဂုဏ္သိကၡာကိုပိုၿပီးထည္၀ါေစ႐ံုသာမက တန္ဖိုးႀကီးစပြန္ဆာစာခ်ဳပ္အသစ္ေတြကိုပါ ျမဴဆြယ္ရာက်ပါမယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်က ဘယ်လိုဖမ်းစားခဲ့လဲ

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပထမအကျော့ပွဲစဉ်တွေပြီးဆုံးခဲ့ပါပြီ။ ပွဲစဉ်တိုင်းမှာ ပရိသတ်တွေရဲ့ အာရုံကို အကြီးအကျယ်ဖမ်းစားနိုင်ခဲ့တာတွေ ရှိခဲ့ပါလိမ့်မယ်။ PSG ကို အိမ်ကွင်းဘာနေဗျူးမှာ နောက်က လိုက်ကစားပြီး ရီးယဲလ်ဂိုးပြတ်အနိုင်ယူခဲ့တာ၊ တူရင်မြေမှာ နှစ်ဂိုးရှုံးနေရာကနေ သရေကစားနိုင်ခဲ့တဲ့ စပါး၊ ဘာစီလိုနာကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ခံစစ်အမှားကြောင့် အိပ်မက်တွေပြိုလဲခဲ့ရတဲ့ ချယ်လ်ဆီး၊ ချယ်လ်ဆီးဘက်ကို ကစားသမားဘဝပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီ Messi ၊ ဂိုးသမားဒီဂီယာ De Gea ကြောင့် ဆီဗီလာကို အရှက်တကွဲမရှုံးခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်စတာတွေဟာ ပရိသတ်တွေရင်ထဲ ဒုတိယအကျော့ပွဲစဉ်တွေမတိုင်မီ အမှတ်ရစရာဖြစ်နေပါဦးမယ်။ ဆွေးနွေးငြင်းခုံချင်စရာဖြစ်နေပါဦးမယ်။ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ရဲ့ အထင်ကရအကြောင်းအရာဖြစ်ရပ်ငါးခုကို ဖော်ပြလိုက်ပါတယ်။

ချန်ပီယံလိဂ်မှာ စပါးရဲ့ ဂုဏ်သိက္ခာထုထည် ပိုမြင့်မားလာပြီလား

စပါးက ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရီးယဲလ်၊ ဒေါ့မွန်တို့နဲ့ အတူတူကျရောက်ခဲ့ပေမယ့် ရှုံးပွဲမရှိဘဲ ရှုံးထွက် (၁၆)သင်းအဆင့်ကိုတက်ရောက်ခဲ့ပါတယ်။ ရှုံးထွက်(၁၆)သင်းအဆင့်မှာလည်း စပါးဟာ သူတို့ထက် ချန်ပီယံလိဂ်မှာသမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ ဂျူဗင်တပ်စ်နဲ့ ဆုံခဲ့ပေမယ့် တိုက်ပွဲဝင်စိတ်ဓာတ်ဟာ တန်ဖိုးလျော့ကျမသွားဘူး။ ထက်မြက်ပုံစံတကျဖြစ်နေတဲ့ အဆုံးသတ်သမား Sharpshotter ဟာရီကိန်း Harry Kane၊ ကွင်းလယ်တိုက်စစ်ကစားသမား အယ်လီ Alli ၊ အဲရစ်ဆင် Eriksen နဲ့အတူ ဂျူဗင်တပ်စ်ရဲ့ မဟာခံစစ်ထုထည်ကို ပြိုလဲစေခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဝါရင့်ခံစစ်ကစားသမား ချီလီနီ Chiellini ဟာ စပါးတိုက်စစ်ကြောင့် ပန်းခြံထဲမှာ မိဘတွေနဲ့ ကွဲကွာသွားတဲ့ကလေးငယ်တစ်ဦးလို တုန်လှုပ်ခြောက်ခြားနေရတယ်လို့ လှောင်ပြောင်ခံရတယ်။

လီဗာပူးလ်က ဖျက်မြင်းဖြစ်လာပြီလား

လီဗာပူးလ်ရဲ့ ထက်မြက်တိုက်စစ်တေးသွားဟာ ချန်ပီယံလိဂ်မှာလည်း ကျယ်လောင်ပေါက်ကွဲနေဆဲ။ ပေါ်တိုကို အဝေးကွင်းမှာ (၅-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် လီဗာပူးလ်ဟာ ချန်ပီယံလိဂ်မှာဖျက်မြင်းဖြစ်လာပြီလားလို့ သုံးသပ်လာကြပြီ။ ဆာလာ Salah၊ မာနေး Mane၊ ဖေမီနို Firmino တို့တိုက်စစ်အစုအဖွဲ့ဟာ ဒီရာသီမှာ ဂိုးပြတ်အောင်ပွဲတွေကို ဖန်တီးနေကျဖြစ်လို့ ပေါ်တိုကို ငါးဂိုးပြတ်နိုင်တာဟာသိပ်ပြီးထူးဆန်းတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ရာသီတစ်လျှောက်လုံးနီးပါးမတည်ငြိမ်ခဲ့တဲ့ ခံစစ်က အိမ်ကွင်းမှာတစ်ပွဲပျမ်းမျှသုံးဂိုးလောက်သွင်းယူထားနိုင်တဲ့ ပေါ်တိုတိုက်စစ်ကို ဂိုးမပေးခဲ့ရတာ စိတ်ချမ်းသာစရာပါပဲ။ ပြီးတော့ ဘာစီလိုနာ၊ စပါးအသင်းတွေနဲ့အတူ ဒီရာသီချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အသင်း၊ သွင်းဂိုး (၂၆)ဂိုးနဲ့ ဒီရာသီချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံးအသင်းဆိုတာတွေဟာ ခမ်းနားလွန်းတယ်မဟုတ်လား။ ဒီဂုဏ်ပုဒ်တွေဟာ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်ရှေ့ခရီးကို ချီတက်ရာမှာအကောင်းဆုံး စိတ်ဓာတ်ဆာတွေလို့ ဆိုရမယ်။ လီဗာပူးလ်ရဲ့ ခြောက်ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားအိပ်မက်ကို ဒီရာသီမှာမက်ခွင့်ရှိနေပြီလို့ ဆိုရမယ်။

ချန်ပီယံလိဂ်ဆို ရီးယဲလ်ကို မေ့မထားနဲ့

ရီးယဲလ်ဟာ တခြားပြိုင်ပွဲတွေမှာ အခြေအနေမဟန်ချင်မဟန်ပါစေ။ ချန်ပီယံလိဂ်ဆိုရင် သူတို့မှာမယုံကြည်နိုင်စရာစွမ်းဆောင်ရည်တွေ အမြဲလိုလိုရှိနေတတ်တယ်။ PSG နဲ့ပွဲမတိုင်မီမှာ ရီးယဲလ်ကိုအထင်ကြီးသူသိပ်မရှိဘူး။ PSG ရဲ့ တိုက်စစ်အစုအဖွဲ့အကြောင်းကိုပဲ လူပြောများခဲ့တယ်။ ဒါပေမဲ့စီရော်နယ်လ်ဒို C Ronaldo က စံချိန်မှတ်တမ်းတွေကို ရယူပြီးသူ့ရဲ့ပါဝါကိုကမ္ဘာသိအောင်ကြေညာလိုက်  ပြန်တယ်။ ရီးယဲလ်ကစားသမားဘ၀ ချန်ပီယံလိဂ်ရာပြည့်ဂိုးကို စီရော်နယ်လ်ဒိုသွင်းယူနိုင်ခဲ့တာပါပဲ။ ချန်ပီယံလိဂ်ကစားပြီဆိုရင် ရီးယဲလ်ဆီမှော်အစွမ်းတွေ ဘယ်လိုရောက်လာပါသလဲ။ ချန်ပီယံလိဂ်ဆို ရီးယဲလ်ကို မေ့မထားနဲ့။

နတ်ရေကန်ထဲက ဘိုင်ယန်မြူးနစ်

နည်းပြဟောင်း အန်ဆယ်လော့တီ Ancelloti လက်ထက် ဘိုင်ယန်မြူးနစ်ဟာကံဆိုးမိုးမှောင်ကျခဲ့သလောက် နည်းပြသစ် ဟေးနက်စ်လက်ထက်မှာ ဘိုင်ယန်မြူးနစ်ဟာ နတ်ရေကန်ထဲက တက်လာသလားလို့ ထင်မှတ်ခဲ့ရတယ်။ ဟေးနက်စ်လက်ထက် လေးလနဲ့ (၂၃)ပွဲအကြာမှာ ဘိုင်ယန်မြူးနစ်ဟာအရင်လို ဥရောပရဲ့ Powerhouse ပြန်ဖြစ်လာပြီ။ ဘက်ဆစ်တပ်လို ဒီရာသီမှာမျှော်လင့်ချက်တွေတောက်ပနေတဲ့အသင်းကို အိမ်ကွင်းမှာ ရက်ရက်စက်စက်ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။

သမိုင်းဝင်အသင်းအရေအတွက်နဲ့ ပရီးမီးယားလိဂ် ခေတ်လား

ပရီးမီးယားလိဂ်ဟာ စံချိန်တင်ရုပ်သံဝင်ငွေနဲ့အတူ ဘဏ္ဍာရေးအင်အားပိုမိုကြီးမားလာချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ နာမည်ကျော်ကစားသမားတွေနဲ့အတူ အသင်းတည်ဆောက်ပုံတွေ ပိုပြီးခိုင်မာလာတယ်။ ငွေကြေးအောင်မြင်မှုအပြင် ပရီးမီးယားလိဂ်အသင်းတွေဟာ ဥရောပစစ်မြေပြင်ကို ပြန် လည်လွှမ်းမိုးတယ်။ ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့All English Final ပွဲစဉ်ပြီးနောက် ပရီးမီးယားလိဂ်အသင်းတွေရဲ့ ချန်ပီယံလိဂ်အောင်ပွဲတွေ ပါးလျသွားတယ်။ ဒီရာသီမှာ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ စပါးတို့ဟာ ချန်ပီယံလိဂ်မှာပရီးမီးယားလိဂ်ရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံးတည်ဆောက်ပြနေတယ်။ အုပ်စုအဆင့်မှာ ချယ်လ်ဆီးကလွဲပြီး ကျန်အသင်းလေးသင်းဟာ အုပ်စုဗိုလ်နေရာကို ပိုင်ဆိုင်ခဲ့ပါတယ်။ ရှုံးထွက် (၁၆)သင်းအဆင့်မှာလည်း ဘာစီလိုနာနဲ့ ပွဲကျပ်ရင်ဆိုင်ခဲ့ရတဲ့ ချယ်လ်ဆီးကလွဲပြီး ကျန်အသင်းတွေကွာတားဖိုင်နယ်လက်မှတ်မျှော်လင့် ချက်အားကောင်းနေပါပြီ။ မန်စီးတီးနဲ့ လီဗာပူးလ်က ပြိုင်ဘက်တွေကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်၊ မန်ချက်စတာယူနိုက်တက်နဲ့ စပါးက ပြိုင်ဘက်တွေကိုအဝေးကွင်းမှာ သရေကစားနိုင်ခဲ့ပြီး မျှော်လင့်ချက် ထုထည်ခိုင်မာနေတာပါပဲ။ ပြီးခဲ့တဲ့ရာသီမှာ လက်စတာတစ်သင်းသာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်လက်မှတ် ပိုင်ဆိုင်ခဲ့ပြီး ဒီရာသီမှာတော့ အနည်းဆုံး(၄)သင်းမျှော်လင့်ချက်ရှိနေပါတယ်။ တကယ်လို့များ ချယ်လ်ဆီးအသင်းပါ ကွာတားဖိုင်နယ်လက်မှတ်ကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ကွာတားဖိုင်နယ်အဆင့်မှာ ရီးယဲလ်တစ်သင်းသာ လာလီဂါပြိုင်ပွဲကိုယ်စားပြု ကျန်ရှိပါလိမ့်မယ်။ ဒီလိုဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲကို နောက်ပိုင်းနှစ်တွေအတွင်း လွှမ်းမိုးထားတဲ့ လာလီဂါကလပ်တွေ ကျဆုံးခန်းရောက်ပြီလို့ ဆိုနိုင်ပါတယ်။ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်အသင်းတွေ လွှမ်းမိုးလာမယ့်အနာဂတ်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာကိုပိုပြီးထည်ဝါစေရုံသာမက တန်ဖိုးကြီးစပွန်ဆာစာချုပ်အသစ်တွေကိုပါ မြူဆွယ်ရာကျပါမယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။