E3 ပွဲမှာ အလန်းစား PC ဂိမ်းတွေချည်း မိတ်ဆက်နေလို့ မိုဘိုင်းသမားတွေ အားငယ်နေမယ် ထင်ပါတယ်။ လတ်တလော PC အတွက် ထွက်ထားတဲ့ Marvel’s Avengers ဂိမ်းကလည်း Graphics က စုတ်ပြတ်သတ်၊ Hero Character တွေကိုလည်း Marverl ဇာတ်ကားတိုင်း Reference ယူမထားလို့ Fan တွေတောင် ဘယ်လိုမြင်နေလဲ ကျနော်မပြာတတ်ပါဘူး။

Credit: PCFiend

ဒီတော့ မိုဘိုင်းဂိမ်းထဲမှာလည်း အလန်းစား မဟုတ်ရင်တောင် Fun ဖြစ်စေမယ့် Title မျှော်လင့်နေရင် လိုအင်ဆန္ဒပြည့်ဝသွားပြီလို့ မှတ်လိုက်ပါ။ ပထမဆုံး အတိုလေး မိတ်ဆက်ပေးချင်တာကတော့ Elder Scrolls: Blade ဆိုတဲ့ ဂိမ်းလေးပေါ့၊ E3 Keynote မှာ ကျနော် ဖော်ပြဖူးတဲ့အတိုင်း Blade ရဲ့ Version 1.1 Patch ကို ကြေညာသွားပါတယ်။ တဆက်ထဲ Giveaway Item တွေလည်း ပေးနေတာဆိုတော့ ကစားနေတဲ့သူတွေရှိရင် Claim လုပ်ထားပါဦး။

Photo: Gamerspack

အခုတင်ဆက်ပေးမယ့် Tom Clancy ဂိမ်းဆိုတာတော့ အစဉ်ဆက်ကို နာမည်ကြီးနေပြီး လူကြိုက်များတဲ့ Shooter ဂိမ်းလို့ ပြောရင်မမှားပါဘူး။ Ghost Recon ၊ Splinter Cell လို Single Player ဂိမ်းနဲ့ Division ၊ Rainbow Six လို Online Multiplayer ကစားဖူးရင် “ဟ..ငါလည်း ဆော့ကြည့်ဦးမှာပဲလို့ ကျိန်းသေ အတွေးဝင်မှာပါ” အဲ့ဒါကြောင့် Trailer ကို အရင်ကြည့်လိုက်ပါ။

ပြီးရင် ကျနော် ပထမဆုံး Highlight လုင်ချင်တာကတော့ Tom Clancy စီးရီးရဲ့ Iconic Character တွေပါပဲ။ ဥပမာ Ghost Recon ရဲ့ Nomad ဆိုရင် Tactical Shooter စစ်စစ်ကြီး၊ Special Ops Team Leader လည်းဖြစ်တာဆိုတော့ Weapon Mastery Skill မှာ တခြားကောင်တွေထက် Advantage ရနိုင်တယ်။

Squad Kill (Nomad)

Nomad ကို ပြန်ပြီး Counter လုပ်ချင်လား Rainbox Six ရဲ့ Counter-terrorist “Montagne” နဲ့ Defense ဆော့နိုင်တယ်။

He is Defence

ဒီလို Cover Vs. Shooter ဖြစ်နေတာကို ဘယ်ဘက်က Fight ချင်လဲ? ဥပမာ ခံစစ်ကို Weak ဖြစ်စေမှာလား ဒါမှမဟုတ် Break လုပ်မှာလား? အဲ့ဒါဆိုရင် Caveira နဲ့ Defend/ Striker အနေနဲ့ ကစားနိုင်တယ်၊ အဲ့ကောင်မရဲ့ Weakness ကတော့ No Armour but Light ဖြစ်တဲ့အတွက် Fast Kill အတွက် Cover ရှိနေရင် အသုံးဝင်မယ်။

Lightly Armed “Caveira”

ကျနော့်အကြိုက်ဆုံးကတော့ The Lone Wolf ဆိုတဲ့ Sam Fisher ပဲ။ Technical Advantage တွေနဲ့ Stealth Tracking ၊ Accurate Fire Power တို့ကြောင့် ပိုကြိုက်တယ်၊ အဲ့ဒါထက် မိုဘိုင်းဂိမ်းမှာ Fisher ကို Counter Intelligence အနေနဲ့ ဆော့လို့ရမှာဖြစ်တဲ့အတွက် ကိုယ်အကျွမ်းကျင်ဆုံးဖြစ်မယ့် Character ရွေးပြီး ဆော့ရုံပါပဲ။

The Lone Wolf

Game Mode ကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ Counter Strike ဆော့သလို Hero နဲ့ Villain ၂ ဖက်ကနေ ယှဉ်ပစ်ရမှာဖြစ်ပြီး Single Player ကနေ အများဆုံး 5 Vs 5 ဒါမှမဟုတ် PVP ဆော့နိုင်မယ်။

Gameplay 1

Trailer မှာ ပြသွားတဲ့အတိုင်း Character တကောင်ချင်းစီမှာ Special Skill နဲ့ လက်နက်တွေပါမယ်။ ရုပ်ထွက်က ကာတွန်းဆန်တယ်ဆိုပေမယ့် ကစားရတာ Fun ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။

Gameplay 2

အခုချိန်မှာ Tom Clancy’s Elite Squad ဂိမ်းကို Pre-register လုပ်နိုင်ပြီး Android နဲ့ iOS ၂ မျိုးလုံးအတွက် Free-to-play ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Know More Elder Scrolls Items? Follow this Link
2B (Akhayar)
www.akhayar.com