[Zawgyi]

ျမန္မာႏုိင္ငံမွာ ျပီးခဲ့တဲ့ ဧျပီလတုန္းက စတင္ဝင္ေရာက္လာခဲ့တဲ့ Uber က စီးနင္းသူေတြအဆင္ေျပဖုိ႔ အတြက္ ကားဌားတဲ့အခ်ိန္မွာ ဒရုိင္ဘာကို ဖုန္းေခၚဆိုမယ့္အစား Application ထဲကေနပဲ Viber ၊ Messenger အသံုးျပဳသလုိ စာပို႔ျပီး လွမ္းဆက္သြယ္ႏုိင္ေတာ့မွာျဖစ္ပါတယ္။

ဘာလုိ႔ ဒီလုိ In-app Chat စနစ္ကိုထည့္သြင္းေပးဖုိ႔ အၾကံရသလဲဆုိရင္ Uber ကုမၸဏီကေျပာၾကားခ်က္အရေတာ့ ခရီးစဥ္တစ္ခုစတင္ျပီဆုိတာနဲ႔ ဒရုိင္ဘာက ကားဌားတဲ့သူဆီကို လာေခၚရတာနဲ႔ အစျပဳတဲ့အတြက္ေၾကာင့္ အရင္ဆံုး ဒရုိင္ဘာက ဖုန္းေခၚတာကို ေစာင့္ရမလား၊ ကိုယ္က အရင္ဆက္သြယ္္ရမလားဆုိျပီး ေတြေဝတာမ်ိဳးကို ေလ်ာ႔ခ်ႏုိင္သြားဖုိ႔ ရည္ရြယ္ထားတယ္လုိ႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ Uber App ကေန ကားဌားတဲ့အခ်ိန္မွာ အရင္ဆံုး လာေခၚမယ့္ေနရာကို ေရြးျပီး ကားေခၚလို႔ရတဲ့အခ်ိန္မွာ ဒရုိင္ဘာကို ဆက္သြယ္ဖုိ႔ ဖုန္းေခၚတာ၊ SMS ပို႔တာကို ျပဳလုပ္ႏုိင္ေသးတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒရုိင္ဘာေတြအကုန္လံုးက ဖုန္းေခၚဆုိမႈကို ခ်က္ျခင္းမျပဳလုပ္တဲ့အခါ၊ တယ္လီဖုန္းလုိင္းက်ေနတဲ့အခ်ိန္မ်ိဳးေတြမွာ ကိုယ္ေခၚထားတဲ့ကားနဲ႔ ဆက္သြယ္ရတာ အခက္အခဲျဖစ္တာကို လူတုိင္းၾကံဳဖူးမွာပါ။ အခုလုိ In-app Chat ကိုထည့္သြင္းေပးလုိက္တာက ဒီလုိအခက္အခဲေတြကို ေျဖရွင္းေပးႏုိင္မယ္လုိ႔ Uber က ယံုၾကည္ထားပါတယ္။

အခုလုိ ဖုန္းေခၚစရာ၊ SMS ပို႔စရာမလုိေတာ့တဲ့အတြက္ SIM Card မရွိပဲ Wifi Network ပဲအသံုးျပဳႏုိင္တဲ့ Tablet လုိ Mobile Device ေတြမွာပါ အသံုးျပဳႏုိင္ပါလိမ့္မယ္။

ေနာက္ပိုင္း Uber App ကေန Taxi ေခၚျပီးတဲ့အခါ ကိုယ့္ကိုလာေခၚမယ့္ ဒရုိင္ဘာကို ယခင္လုိပဲ Contact ကုိ ႏွိပ္ျပီး Chat ကေန စာပို႔ျပီး ဘယ္ေနရာကိုလာေခၚေစခ်င္တယ္၊ ကိုယ္ကဘာဝတ္ထားတယ္ ဆုိတာကို ေျပာလုိက္ရုံပဲျဖစ္ပါတယ္။ အရင္လုိမ်ိဳး ဖုန္းေခၚဆုိျပီး ဆက္သြယ္ခ်င္တယ္ဆုိရင္လည္း ဖုန္းေခၚဆုိႏုိင္တဲ့ Option က Application ရဲ႕ ညာဘက္အေပၚေထာင့္မွာ ဆက္လက္ရွိေနဦးမွာျဖစ္ပါတယ္။

Uber ကေျပာၾကားခ်က္အရေတာ့ ထုိ In-app Chat စနစ္မွာ ပို႔ထားတဲ့စာေတြကို ဒရုိင္ဘာေရာ၊ ကားဌားတဲ့သူေတြကိုဖတ္ျပီးျပီလား၊ မဖတ္ရေသးဘူးလားဆုိတာကိုပါ သိႏုိင္မွာျဖစ္ျပီး ကားေမာင္းတာကို အေႏွာင့္အယွက္မျဖစ္ေစေအာင္ ပို႔ထားတဲ့စာကို အသံထြက္ပါဖတ္ျပဦးမွာပါ။ ဒီစနစ္ကေတာ့ ျမန္မာလုိပို႔တဲ့စာေတြအတြက္အဆင္ေျပဦးမွာမဟုတ္ေလာက္ေသးဘူးထင္ပါတယ္။

In-app chat ပါဝင္လာမယ့္ Uber App Version အသစ္ကို မၾကာခင္ ရက္သတၱပတ္ေတြမွာ ထုတ္ေပးသြားမွာျဖစ္ျပီး တကယ္လုိ႔ သင့္ဖုန္းမွာ Uber သြင္းထားတယ္ဆုိရင္ေတာ့ Update ရတာနဲ႔ ျပဳလုပ္ဖုိ႔ အၾကံဳျပဳလုိက္ပါတယ္။ Akhayar ပရိသတ္ၾကီးေရာ Uber ကားဒရုိင္ဘာကို ဖုန္းေခၚျပီး ဆက္သြယ္ရတာကို သေဘာက်လား၊ အခုလုိ In-app Chat ကေနပဲ စာပုိ႔ျပီး ဆက္သြယ္ရတာက ပိုအဆင္ေျပမယ္ထင္ပါသလား?

Reference : Android Authority

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square

 

[Unicode]

 

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက စတင်ဝင်ရောက်လာခဲ့တဲ့ Uber က စီးနင်းသူတွေအဆင်ပြေဖို့ အတွက် ကားဌားတဲ့အချိန်မှာ ဒရိုင်ဘာကို ဖုန်းခေါ်ဆိုမယ့်အစား Application ထဲကနေပဲ Viber ၊ Messenger အသုံးပြုသလို စာပို့ပြီး လှမ်းဆက်သွယ်နိုင်တော့မှာဖြစ်ပါတယ်။

ဘာလို့ ဒီလို In-app Chat စနစ်ကိုထည့်သွင်းပေးဖို့ အကြံရသလဲဆိုရင် Uber ကုမ္ပဏီကပြောကြားချက်အရတော့ ခရီးစဉ်တစ်ခုစတင်ပြီဆိုတာနဲ့ ဒရိုင်ဘာက ကားဌားတဲ့သူဆီကို လာခေါ်ရတာနဲ့ အစပြုတဲ့အတွက်ကြောင့် အရင်ဆုံး ဒရိုင်ဘာက ဖုန်းခေါ်တာကို စောင့်ရမလား… ကိုယ်က အရင်ဆက်သွယ်ရမလားဆိုပြီး တွေဝေတာမျိုးကို လျော့ချနိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Uber App ကနေ ကားဌားတဲ့အချိန်မှာ အရင်ဆုံး လာခေါ်မယ့်နေရာကို ရွေးပြီး ကားခေါ်လို့ရတဲ့အချိန်မှာ ဒရိုင်ဘာကို ဆက်သွယ်ဖို့ ဖုန်းခေါ်တာ၊ SMS ပို့တာကို ပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဒရိုင်ဘာတွေအကုန်လုံးက ဖုန်းခေါ်ဆိုမှုကို ချက်ခြင်းမပြုလုပ်တဲ့အခါ၊ တယ်လီဖုန်းလိုင်းကျနေတဲ့အချိန်မျိုးတွေမှာ ကိုယ်ခေါ်ထားတဲ့ကားနဲ့ ဆက်သွယ်ရတာ အခက်အခဲဖြစ်တာကို လူတိုင်းကြုံဖူးမှာပါ။ အခုလို In-app Chat ကိုထည့်သွင်းပေးလိုက်တာက ဒီလိုအခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ Uber က ယုံကြည်ထားပါတယ်။

အခုလို ဖုန်းခေါ်စရာ၊ SMS ပို့စရာမလိုတော့တဲ့အတွက် SIM Card မရှိပဲ Wifi Network ပဲအသုံးပြုနိုင်တဲ့ Tablet လို Mobile Device တွေမှာပါ အသုံးပြုနိုင်ပါလိမ့်မယ်။

နောက်ပိုင်း Uber App ကနေ Taxi ခေါ်ပြီးတဲ့အခါ ကိုယ့်ကိုလာခေါ်မယ့် ဒရိုင်ဘာကို ယခင်လိုပဲ Contact ကို နှိပ်ပြီး Chat ကနေ စာပို့ပြီး ဘယ်နေရာကိုလာခေါ်စေချင်တယ်၊ ကိုယ်ကဘာဝတ်ထားတယ် ဆိုတာကို ပြောလိုက်ရုံပဲဖြစ်ပါတယ်။ အရင်လိုမျိုး ဖုန်းခေါ်ဆိုပြီး ဆက်သွယ်ချင်တယ်ဆိုရင်လည်း ဖုန်းခေါ်ဆိုနိုင်တဲ့ Option က Application ရဲ့ ညာဘက်အပေါ်ထောင့်မှာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

Uber ကပြောကြားချက်အရတော့ ထို In-app Chat စနစ်မှာ ပို့ထားတဲ့စာတွေကို ဒရိုင်ဘာရော၊ ကားဌားတဲ့သူတွေကိုဖတ်ပြီးပြီလား၊ မဖတ်ရသေးဘူးလားဆိုတာကိုပါ သိနိုင်မှာဖြစ်ပြီး ကားမောင်းတာကို အနှောင့်အယှက်မဖြစ်စေအောင် ပို့ထားတဲ့စာကို အသံထွက်ပါဖတ်ပြဦးမှာပါ။ ဒီစနစ်ကတော့ မြန်မာလိုပို့တဲ့စာတွေအတွက်အဆင်ပြေဦးမှာမဟုတ်လောက်သေးဘူးထင်ပါတယ်။

In-app chat ပါဝင်လာမယ့် Uber App Version အသစ်ကို မကြာခင် ရက်သတ္တပတ်တွေမှာ ထုတ်ပေးသွားမှာဖြစ်ပြီး တကယ်လို့ သင့်ဖုန်းမှာ Uber သွင်းထားတယ်ဆိုရင်တော့ Update ရတာနဲ့ ပြုလုပ်ဖို့ အကြုံပြုလိုက်ပါတယ်။ Akhayar ပရိသတ်ကြီးရော Uber ကားဒရိုင်ဘာကို ဖုန်းခေါ်ပြီး ဆက်သွယ်ရတာကို သဘောကျလား၊ အခုလို In-app Chat ကနေပဲ စာပို့ပြီး ဆက်သွယ်ရတာက ပိုအဆင်ပြေမယ်ထင်ပါသလား?

Reference : Android Authority

Zawyè (Akhayar)

www.akhayar.com

 

HGID_KV_Ads_Square