[Zawgyi]

အေရွ႕ေတာင္အာရွရဲ႕ေစ်းကြက္ကို Grab ထံေရာင္းခ်ခဲ့တဲ့ Uber

Singapore နဲ႔အျခားအိမ္နီးခ်င္းႏိုင္ငံေတြမွာ ေအာင္ျမင္ခဲ့တဲ့ Grabe နဲ႔ Uber တို႔ဟာျမန္မာႏိုင္ငံအထိကို ေအာင္ျမင္စြာနဲ႔ေစ်းကြက္ခ်ဲ႕လာႏိုင္တာ အခုဆိုရင္အခ်ိန္အတိုင္းအတာတစ္ခုထိေရာက္ေန့ပါၿပီ။ Grab ကေတာ့ အေရွ႕ေတာင္အာရွမွာ ေအာင္ျမင္ၿပီးသားကုမၸဏီျဖစ္တာေၾကာင့္ ေနာက္မွေရာက္လာခဲ့တဲ့ Uber အေနနဲ႔ေတာ့ဇာတ္သိမ္းမလွခဲ့ပါဘူး။

Uber ကသူတို႔ရဲ႕ အေရွ႕ေတာင္အာရွမွာေပးေနတဲ့ ဝန္ေဆာင္မႈေတြကို Grab ဆီလႊဲေျပာင္းေပးခဲ့ရတာပဲျဖစ္ပါတယ္။ Uber ရဲ႕ဝန္ေဆာင္မႈေတြထဲကတစ္ခုျဖစ္တဲ့ Uber Eats ဆိုတဲ့အစားအေသာက္ပို႔ေပးတဲ့ဝန္ေဆာင္မႈကိုပါရယူမွာျဖစ္ပါတယ္။ အခုလိုရယူလိုက္တာဟာ Grab ရဲ႕ကိုယ္ပိုင္ဝန္ေဆာင္မႈျဖစ္တဲ့ GrabFood ကိုလည္းပိုမိုတိုးတက္လာေစမွာျဖစ္ပါတယ္။ Grab အေနနဲ႔ေတာ့ ကေမာၻဒီးယားႏုိင္ငံ၊ အင္ဒိုနီးရွားႏုိင္ငံ၊ မေလးရွားႏုိင္ငံ၊ ျမန္မာႏုိင္ငံ၊ ဖိလစ္ပိုင္ႏုိင္ငံ၊ စင္ကာပူႏုိင္ငံ၊ ထိုင္းႏုိင္ငံႏွင့္ ဗီယက္နမ္ႏုိင္ငံတို႔မွ Uber ၏ လုပ္ငန္းမ်ားႏွင့္ ပိုင္ဆိုင္မႈေတြကိုလႊဲေျပာင္းရယူလိုက္မွာျဖစ္တာေၾကာင့္ အေရွ႕ေတာင္အာရွရဲ႕အေအာင္ျမင္ဆံုးနဲ႔အႀကီးမားဆံုးေသာ Taxi ဝန္ေဆာင္မႈကုမၸဏီႀကီးအျဖစ္တိုးတက္လာမွာျဖစ္ပါတယ္။

လက္တေလာမွာေတာ့ Uber ရဲ႕ Driver ေတြနဲ႔သူတို႔ရဲ႕ဝန္ေဆာင္မႈေတြကို Grab ဆီလႊဲေျပာင္းလဲဖို႔လုပ္ေနၿပီပဲျဖစ္ပါတယ္။ ေနာက္ႏွစ္ပတ္အတြင္းမွာၿပီးစီးေအာင္လုပ္သြားမွာျဖစ္တာေၾကာင့္ ေအပရယ္ ၈ ရက္ေန႔ေနာက္ပိုင္းေလာက္မွာေတာ့ Uber ရဲ႕ Taxi Service ကအလုပ္လုပ္ေတာ့မွာမဟုတ္ပါဘူး။ Uber Eats ကေတာ့ ေမလကုန္ေလာက္အထိအလုပ္လုပ္ေနဦးမွာျဖစ္တယ္လို႔သိရပါတယ္။ ေရႊ႕ေျပာင္းတဲ့ကိစၥေတြၿပီးသြားရင္ေတာ့ Grab မွာ Taxi အေရအတြက္သိသိသာသာပိုမ်ားလာႏိုင္တာေၾကာင့္ ျပည္တြင္းမွာပါ Taxi ေခၚယူျခင္းကိစၥေတြမွာပိုမိုေကာင္းမြန္ျမန္ဆန္လာမယ္လို႔ခန္႔မွန္းရပါတယ္။

Ref: Grab

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အရှေ့တောင်အာရှရဲ့ဈေးကွက်ကို Grab ထံရောင်းချခဲ့တဲ့ Uber

Singapore နဲ့အခြားအိမ်နီးချင်းနိုင်ငံတွေမှာ အောင်မြင်ခဲ့တဲ့ Grabe နဲ့ Uber တို့ဟာမြန်မာနိုင်ငံအထိကို အောင်မြင်စွာနဲ့ဈေးကွက်ချဲ့လာနိုင်တာ အခုဆိုရင်အချိန်အတိုင်းအတာတစ်ခုထိရောက်နေ့ပါပြီ။ Grab ကတော့ အရှေ့တောင်အာရှမှာ အောင်မြင်ပြီးသားကုမ္ပဏီဖြစ်တာကြောင့် နောက်မှရောက်လာခဲ့တဲ့ Uber အနေနဲ့တော့ဇာတ်သိမ်းမလှခဲ့ပါဘူး။

Uber ကသူတို့ရဲ့ အရှေ့တောင်အာရှမှာပေးနေတဲ့ ဝန်ဆောင်မှုတွေကို Grab ဆီလွှဲပြောင်းပေးခဲ့ရတာပဲဖြစ်ပါတယ်။ Uber ရဲ့ဝန်ဆောင်မှုတွေထဲကတစ်ခုဖြစ်တဲ့ Uber Eats ဆိုတဲ့အစားအသောက်ပို့ပေးတဲ့ဝန်ဆောင်မှုကိုပါရယူမှာဖြစ်ပါတယ်။ အခုလိုရယူလိုက်တာဟာ Grab ရဲ့ကိုယ်ပိုင်ဝန်ဆောင်မှုဖြစ်တဲ့ GrabFood ကိုလည်းပိုမိုတိုးတက်လာစေမှာဖြစ်ပါတယ်။ Grab အနေနဲ့တော့ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ Uber ၏ လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းရယူလိုက်မှာဖြစ်တာကြောင့် အရှေ့တောင်အာရှရဲ့အအောင်မြင်ဆုံးနဲ့အကြီးမားဆုံးသော Taxi ဝန်ဆောင်မှုကုမ္ပဏီကြီးအဖြစ်တိုးတက်လာမှာဖြစ်ပါတယ်။

လက်တလောမှာတော့ Uber ရဲ့ Driver တွေနဲ့သူတို့ရဲ့ဝန်ဆောင်မှုတွေကို Grab ဆီလွှဲပြောင်းလဲဖို့လုပ်နေပြီပဲဖြစ်ပါတယ်။ နောက်နှစ်ပတ်အတွင်းမှာပြီးစီးအောင်လုပ်သွားမှာဖြစ်တာကြောင့် အေပရယ် ၈ ရက်နေ့နောက်ပိုင်းလောက်မှာတော့ Uber ရဲ့ Taxi Service ကအလုပ်လုပ်တော့မှာမဟုတ်ပါဘူး။ Uber Eats ကတော့ မေလကုန်လောက်အထိအလုပ်လုပ်နေဦးမှာဖြစ်တယ်လို့သိရပါတယ်။ ရွှေ့ပြောင်းတဲ့ကိစ္စတွေပြီးသွားရင်တော့ Grab မှာ Taxi အရေအတွက်သိသိသာသာပိုများလာနိုင်တာကြောင့် ပြည်တွင်းမှာပါ Taxi ခေါ်ယူခြင်းကိစ္စတွေမှာပိုမိုကောင်းမွန်မြန်ဆန်လာမယ်လို့ခန့်မှန်းရပါတယ်။

Ref: Grab

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။