Grab ကို လျှို့ဝှက်ပရိဂရမ်တစ်ခုအသုံးပြုပြီး စုံစမ်းထောက်လှမ်းနေတဲ့ Uber

Grab ကို လျှို့ဝှက်ပရိဂရမ်တစ်ခုအသုံးပြုပြီး စုံစမ်းထောက်လှမ်းနေတဲ့ Uber

Uber နဲ့ Grab Ride Hailing Companies တွေဟာ အမြဲတမ်းပြိုင်ဖက်တွေဖြစ်နေခဲ့တြာဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေက အမြဲတမ်းတော့ ရိုးသားနေတာမဟုတ်ပါဘူး။

လက်ရှိ Bloomberg သတင်းဌာနကပြောကြားခဲ့တာတော့ Uber ဟာ သူရဲ့ အရှေ့တောင်အာရှအခြေစိုက် Grab ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ ယာဉ်မောင်းတွေရဲ့ Data အချက်အလက်တွေကို ပရိုဂရမ်တစ်ခုနဲ့ ခိုးယူနေတယ်လို့ သိရပါတယ်။

Image Credit : Tech In Asia

အဆိုပါ ပရိုဂရမ်ကို Surfcam လို့ နာမည်ပေးထားပြီး Uber ရဲ့ Sydney ရုံးမှာရှိတဲ့ ဝန်းထိမ်းတွေက ပြုလုပ်ထားတယ်လို့ သိရပြီး Grab ရဲ့ ကားမောင်းသမားတွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို အချိန်နဲ့ တပြေးညီရယူနေတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပရိုဂရမ်က အခုမှစတင်ပြုလုပ်ထားတာမဟုတ်ပဲ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် Travois Kalanick CEO အဖြစ်တာဝန်ယူထားတဲ့ အချိန်ထဲက ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပရိဂရမ်က အခုအချိန်အထိ Grab ပေါ်မှာ အသုံးပြုနေဆဲဖြစ်ပြီး စင်္ကာပူနိုင်ငံရဲ့ ဥပဒေက အဆိုပါ ပရိုဂရမ်က တရားဝင်အသုံးပြုခွင့်ရှိလား၊ မရှိလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ အဆိုပါ Report မှာ ရေးသားထားပါတယ်။

အခုလိုမျိုး Uber ကနေ အခြားပြိုင်ဘက်တွေကို သီးသန့် ပရိုဂရမ် ဆော့လ်ဝဲအသုံးပြုပြီး အချက်အလက်တွေကို ရယူခဲ့တာက ပထမဆုံးအကြိမ်မဟုတ်ပဲ ယခင်ကလည်း US ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lyft ရဲ့ Data တွေကိုလည်း ရယူခဲ့ဖူးတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲ့ဒီလိုမျိုး ရယူနေတာကို ရပ်ဆိုင်းလိုက်ပြီး Lyft ဒရိုင်ဘာတွေက Uber မှာလည်း အလုပ် ၂ ခုလုပ်ကိုင်နေတာကြောင့်ဖြစ်တယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်အခုအချိန်မှာတော့ အဆိုပါ ပရိုဂရမ်က အသုံးပြုနေဆဲလို့ သတင်းထွက်နေတဲ့အတွက် ၂ ဖက် ကုမ္ပဏီက ဘယ်လိုပြန်လည်ဖြေရှင်းမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref : Tech In Asia