[Zawgyi]





ကြည်သာ (Akhayar)

www.akhayar.com

 
[Unicode]

ဦးရဲလွင် (ပန်းရဲ့လမ်း) ကွယ်လွန်သွားပြီ

ဦးရဲလွင် (ပန်းရဲ့လမ်း) ဟာဆိုရင် ဒီကနေ့ ညနေပိုင်း ၄ နာရီ ၁၀မိနစ်မှာ ကွယ်လွန်သွားတယ်လို့သိရပါတယ်။ ဦးရဲလွင် (ပန်းရဲ့လမ်း) ဟာ တေးရေးဆရာတစ်ဦးဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူအနေနဲ့ လူသိများထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ကုတင်ငါးရာဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပေမယ့်လည်း ပြန်လည်ကောင်းမွန်လာခြင်း မရှိတော့ဘဲ ဒီနေ့မှာတော့ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ သေဆုံးချိန်မှာ သူ့ရဲ့အသက်ဟာ ၇၀ နှစ်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit: Thet Aung Swe Facebook ၊Min Ko Ko Facebook

ကြည်သာ (Akhayar)

www.akhayar.com