[Zawgyi]



ZTE


Huawei Brand


FCC Board Members


2B (Akhayar)

www.akhayar.com

[Unicode]

U.S အမျိုးသားလုံခြုံရေးအတွက် သမ္မတကိုယ်တိုင် တားမြစ်လိုက်တဲ့ Huawei နဲ့ ZTE

အပြောင်းလဲ မြန်လွန်းတဲ့ အမေရိကန် သမ္မတ Trump ကတော့ Huawei နဲ့ ZTE တို့ကို ကောင်းကောင်း ကိုင်တုပ်လိုက်ပြီထင်ပါတယ်။ အရင်တလောတုန်းကမှ ပြစ်ဒဏ် တစ်ချို့တဝက်ကို ZTE ကုမ္ပဏီက စုစုပေါင်း ဒေါ်လာ ၂.၄ ဘီလီယံ ဒဏ်ကြေးပေးဆောင်ခဲ့လို့ ကုန်သွယ်ခွင့်ရော တင်ပို့ခွင့်ပါ ပြန်လည်ရရှိခဲ့တာပါ။ အခုတော့ ZTE အပါ Huawei ထုတ်ကုန်တွေအားလုံးကို ပိတ်ပင်ထားဖို့ အမေရိကန် အာဏာပိုင်တွေ သဘောတူလိုက်ပြီဖြစ်သလို သမ္မတ Trump ကိုယ်တိုင်က လက်မှတ်ရေးထိုးလိုက်ပါပြီ။

ZTE

ဒီလိုဆိုရင်တော့ ZTE အတွက် ငိုရမလို၊ ရယ်ရမလို ဖြစ်နေပြီထင်ပါတယ်။ ဘာလို့လဲဆိုရင် အမေရိကန် အစိုးရကိုယ်တိုင်က တရုတ်ဆိုရင် အတော်လေး မျက်မုန်းကျိုးနေလို့ပါ။ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက အမေရိကန်မှာ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု ပေးချင်လို့ လျှောက်လှဲချက်တင်ထားတဲ့ China Mobile ကို အမျိုးသား လုံခြုံရေးနဲ့ သွားညှိနေလို့ဆိုပြီး ပယ်ချပစ်ခဲ့ပါတယ်။ ဒါကြောင့်ဘယ်လိုပဲ FCC ထောက်ခံချက် ရနေပါစေ အမေရိကန် အာဏာပိုင်တွေ တရုတ်နဲ့ ပတ်သက်လာရင်လုံးဝ ဆက်ဆက်ထိခံပုံ မရပါဘူး။

Huawei Brand

အခုလည်း ZTE နဲ့ Huawei ကုမ္ပဏီတို့ကို အမျိုးသား လုံခြုံရေး ထိခိုက်စေမယ့် ကပ်ပါးကောင်လို့ လက်ခံထားတာမလို့ သမ္မတ Trump ဘယ်လိုပဲ မျက်နှာသာ ပေးပေး ZTE လာဘ်ထိုးခဲ့ကိစ္စကို ပိုက်စိပ်တိုက် စစ်ဆေးခဲ့ပြီး ကုမ္ပဏီပါ တစ်ခါတည်း ပိတ်သိမ်းလိုက်ပါပြီ။ အခုလို အပြုအမူကြောင့် တရုတ်ကုမ္ပဏီတွေနဲ့ အာဏာပိုင်တွေအကြား အငြင်းပွားမှုပြင်းထန်နေသလို အိမ်ဖြူတော် အနေနဲ့ တစ်စုံတရာ ကြားဝင်စေ့စပ်ထားတာမျိုးမရှိပါဘူး။

FCC Board Members

ဘယ်လိုပဲဖြစ်ဖြစ် ZTE နဲ့ Huawei တို့ကို ပိတ်ပင်ထားလိုက်ပြီဖြစ်သလို Qualcomm လို စမတ်ဖုန်းပစ္စည်းတွေကိုပါ နောက်ထပ် ၂ နှစ်တာကာလ အထိ ဝယ်ယူခွင့်မရတော့တဲ့အထိ အခြေအနေတင်းမာနေပါတယ်။ Huawei ကတော့ “အခုလို ပိတ်ပင်ခံလိုက်ရတာ သုံးစွဲသူတွေအတွက်ရော စီးပွားရေးလုပ်ငန်းစုတွေမှာပါ အရမ်းကို ထိခိုက်နစ်နာသွားပါပြီ၊ ဘာဖြစ်လို့ ထုတ်ကုန်ပစ္စည်း တင်ပို့မှုတွေမှာ ဘယ်လို လုံခြုံရေး အားနည်းချက်ရှိနေသလဲဆိုတာ မစစ်ဆေးပဲနဲ့ အခုလို ဆုံးဖြတ်လိုက်တာ သဘာဝမကျဘူးလို”့ ပြောဆိုနေပါတယ်။ အဲ့ဒါကြောင့် သနားကြင်နာတတ်တဲ့ သမ္မတ Trump များ  ZTE တုန်းကလို လက်မှတ်ရေးထိုးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ နောက်ကြောင်းပြန်လှည့် မလားဆိုပြီး အားကိုးတကြီး စောင့်မျှော်နေပုံရပါတယ်။

2B (Akhayar)

www.akhayar.com