[Zawgyi]

U.S က $257 ဘီလီယံတန္ေၾကးရွိတဲ့ ထုတ္ကုန္ေတြကို Tax 25% တိုးေကာက္ေတာ့မယ္

မၿပီးဆုံးႏိုင္တဲ့ အေမရိကန္၊ တ႐ုတ္ ကုန္သြယ္ေရးတိုက္ပြဲကေတာ့ ျပင္းထန္သထက္ ပိုပိုၿပီးျပင္းထန္လာေနပါၿပီ။ စက္တင္ဘာလတုန္းက $200 ဘီလီယံတန္ေၾကးရွိတဲ့ ထုတ္ကုန္ေတြကို Tax 10% ေကာက္ခံခဲ့တယ္။ ဒီလို ေသြးေအးေအး အခြန္တိုးေကာက္တဲ့အထဲမွာ နည္းပညာနဲ႔ဆက္စပ္ပစၥည္းေတြကိုပဲ ပစ္မွတ္ထားခဲ့တာေၾကာင့္ Apple ကအစ မ်က္ခုံးလႈပ္ခဲ့ရတယ္၊ ဒါေပမယ့္ ကံေကာင္းသြားတာက အခြန္တိုးေကာက္တဲ့ စက္တင္ဘာအသုတ္မွာ ပါမသြားခဲ့ဘူး။

President Xi Jingping & Trump

အဲ့သလို ပြတ္ကာသီကာနဲ႔ လြတ္ထြက္လာတဲ့ Apple တစ္ေယာက္ 25% Tax ပိုေကာက္မယ့္ထဲ သူ႔ AirPods ၊ HomePod နဲ႔ Apple Watch တို႔ပါသြားခဲ့ပါၿပီ။ ဒီလိုပဲ တစ္ျခား Tech ကုမၸဏီေတြအေနနဲ႔လည္း ဒီဇင္ဘာလထဲ အခြန္ပိုေကာက္တာနဲ႔ သြားတိုးၿပီဆိုေတာ့ အေျခအေနဘယ္လိုျဖစ္လာမလဲ မခန္႔မွန္းႏိုင္ေသးပါဘူး။

President Donald Trump talks with Chinese President Xi Jinping

ေနာက္ၿပီး ဘတျပန္၊ က်ားတျပန္ တစ္ေယာက္တစ္လွည့္ အခြန္တိုးေကာက္တာနဲ႔ ပတ္သက္လို႔ လာမယ့္ ႏိုဝင္ဘာလ ၃၀ ရက္နဲ႔ ဒီဇင္ဘာ ၁ ရက္ေန႔ေတြမွာ သမၼတ ႏွစ္ေယာက္ထိပ္တိုက္ေဆြးေႏြးသြားဖို႔ရွိပါတယ္။ ဒါၿပီးသြားရင္ေတာ့ 25% Tax တိုးေကာက္မယ့္ အစီအစဥ္အသက္ဝင္လာမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ေန႐ုံမွလြဲၿပီး တျခားတတ္ႏိုင္တာ မရွိေတာ့ပါဘူး။

www.akhayar.com

[Unicode]

U.S က $257 ဘီလီယံတန်ကြေးရှိတဲ့ ထုတ်ကုန်တွေကို Tax 25% တိုးကောက်တော့မယ်

မပြီးဆုံးနိုင်တဲ့ အမေရိကန်၊ တရုတ် ကုန်သွယ်ရေးတိုက်ပွဲကတော့ ပြင်းထန်သထက် ပိုပိုပြီးပြင်းထန်လာနေပါပြီ။ စက်တင်ဘာလတုန်းက $200 ဘီလီယံတန်ကြေးရှိတဲ့ ထုတ်ကုန်တွေကို Tax 10% ကောက်ခံခဲ့တယ်။ ဒီလို သွေးအေးအေး အခွန်တိုးကောက်တဲ့အထဲမှာ နည်းပညာနဲ့ဆက်စပ်ပစ္စည်းတွေကိုပဲ ပစ်မှတ်ထားခဲ့တာကြောင့် Apple ကအစ မျက်ခုံးလှုပ်ခဲ့ရတယ်၊ ဒါပေမယ့် ကံကောင်းသွားတာက အခွန်တိုးကောက်တဲ့ စက်တင်ဘာအသုတ်မှာ ပါမသွားခဲ့ဘူး။

President Xi Jingping & Trump

အဲ့သလို ပွတ်ကာသီကာနဲ့ လွတ်ထွက်လာတဲ့ Apple တစ်ယောက် 25% Tax ပိုကောက်မယ့်ထဲ သူ့ AirPods ၊ HomePod နဲ့ Apple Watch တို့ပါသွားခဲ့ပါပြီ။ ဒီလိုပဲ တစ်ခြား Tech ကုမ္ပဏီတွေအနေနဲ့လည်း ဒီဇင်ဘာလထဲ အခွန်ပိုကောက်တာနဲ့ သွားတိုးပြီဆိုတော့ အခြေအနေဘယ်လိုဖြစ်လာမလဲ မခန့်မှန်းနိုင်သေးပါဘူး။

President Donald Trump talks with Chinese President Xi Jinping

နောက်ပြီး ဘတပြန်၊ ကျားတပြန် တစ်ယောက်တစ်လှည့် အခွန်တိုးကောက်တာနဲ့ ပတ်သက်လို့ လာမယ့် နိုဝင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တွေမှာ သမ္မတ နှစ်ယောက်ထိပ်တိုက်ဆွေးနွေးသွားဖို့ရှိပါတယ်။ ဒါပြီးသွားရင်တော့ 25% Tax တိုးကောက်မယ့် အစီအစဥ်အသက်ဝင်လာမလားဆိုတာကိုတော့ စောင့်ကြည့်နေရုံမှလွဲပြီး တခြားတတ်နိုင်တာ မရှိတော့ပါဘူး။

www.akhayar.com