[Zawgyi]










Stella (Akhayar)

www.Akhyar.com

[Unicode]

စစ်မှုထမ်းပြီးမှ နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံအားပေးမှုတွေပိုရလာတဲ့ Park Ji Bin

သူလေးကိုတော့ မြန်မာပရိသတ်တွေကြားမှာ F4 ချစ်သူ ကိုရီးယားဇာတ်လမ်းတွဲထဲက ဇာတ်ဆောင်မင်းသမီး ဂင်ဂျန်ဒီ ရဲ့ မောင်လေးအဖြစ်နဲ့ မျက်မှန်းတန်းမိပြီးသားဖြစ်မှာပါ။

ဒီဇာတ်လမ်းတွဲနဲ့ပဲ ပရိသတ်အားပေးမှုများစွာရရှိခဲ့သလို တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ Park Ji Bin ဟာ အနုပညာအလုပ်ကို အသက်(၁၄)နှစ်အရွယ်ထဲက စလုပ်ခဲ့သူဆိုလည်းမမှားပါဘူး။


ဂျီဘင်းဟာ လွန်ခဲ့တဲ့ (၂၀၁၅)ခုနှစ်က သူ့အသက်(၁၈)နှစ်ပြည့်ချိန်မှာတော့ စစ်မှုထမ်းသွားရောက်ခဲ့ပြီး လက်ရှိမြင်တွေ့ရတဲ့ သူ့ရဲ့ ပုံရိပ်တွေက ပရိသတ်တွေကို မမှတ်မိလောက်အောင်ပဲ ပြောင်းလဲလာတာတွေ့ရပါတယ်။

လက်ရှိမှာတော့ ကလေးသရုပ်ဆောင်ဘဝကနေ မင်းသားပေါက်စလေး တစ်ယောက်အဖြစ် ရူပါဖြောင့်လာတဲ့ ပတ်ဂျီဘင် ရဲ့ Instagram ပေါ်က ဓာတ်ပုံလေးတွေက နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။

ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိလှတဲ့ သူ့ရဲ့ ရုပ်သွင်ကတော့ အရင်ကမြင်တွေ့နေကျ ကလေးဘဝပုံလေးထက် အများကြီး တည်ငြိမ်ရင်ကျက်လာပြီး ခန့်ညားလာတာကိုတွေ့ရပါတယ်။ ဂျီဘင်းဟာ (၂၀၀၉)ခုနှစ်ကထဲက ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး (၂၀၁၃)ခုနှစ်က ရိုက်ကူးတဲ့ Incarnation of Money ဇာတ်လမ်းတွဲမှာလည်း ဇာတ်ရုပ်ပီပြင်အောင် လေ့ကျင့်ခန်းလုပ်ထားတဲ့ သူ့ရဲ့ဗလတောင့်တဲ့ Body ကို ထုတ်ကြွားခဲ့ပါသေးတယ်။


ပရိသတ်တွေချစ်နေကြတဲ့ အသက်(၂၃)နှစ်အရွယ် ဂျီဘင်းရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Stella (Akhayar)

www.Akhyar.com