မႏၱေလးမုန္႔တီ ရန္ကုန္အေခၚ နန္းၾကီးသုပ္ကို ရွယ္စားခ်င္တဲ႔သူေတြရွိရင္ ညႊန္းေပးခ်င္တဲ႔ဆိုင္ေလးတစ္ဆိုင္ရွိပါတယ္။ အဲဒါကေတာ႔ ဦးၾကည္ မႏၱေလးမုန္႔တီ(နန္းၾကီးသုပ္) ဆိုင္ေလးပါ။ ဆိုင္ခြဲသံုးခုရွိေပမယ္႔ ကၽြန္မတို႔သြားစားျဖစ္တဲ႔ဆိုင္ကေတာ႔ ရန္ကင္းကဆိုင္ေလးပါ။ ေက်ာက္ကုန္းလမ္း ၊ ရန္ကင္း အ.ထ.က(၂) ေက်ာင္းေရွ႕မွာရွိပါတယ္။ ရန္ကင္းတစ္ဝိုက္ေနသူေတြဆိုရင္ သြားလာရအဆင္ေျပျပီး ကားပါကင္လည္းက်ယ္ပါတယ္။

ကဲ…ဆိုင္ထဲဝင္ၾကည္႔ရေအာင္။

အျပင္အဆင္

ဆိုင္အျပင္အဆင္ကေတာ႔ ရိုးရိုးရွင္းရွင္းနဲ႔သပ္ရပ္ပါတယ္။ သန္႔သန္႔ရွင္းရွင္းေလးပါ။ ဆိုင္ကအၾကီးၾကီးေတာ႔ မဟုတ္ဘဲ စားပြဲဝိုုင္း ၇ ဝိုင္းေလာက္နဲ႔ ေအေအးေဆးေဆးစားေသာက္ႏိုင္တဲ႔ဆိုင္ေလးပါ။ မိသားစုနဲ႔ပဲသြားသြား ၊ ကိုယ္႔ခ်စ္သူနဲ႔ပဲသြားသြားစားေသာက္ရင္း စကားစျမည္ေျပာဖို႔အဆင္ေျပပါတယ္။ ဆိုင္ထဲမွာ ဆူဆူညံညံသိပ္မရွိဘဲ ကိုယ္႔စားပြဲနဲ႔ကိုယ္ ေအးေအးေဆးေဆး စားသာက္ေနၾကသူေတြပဲရွိပါတယ္။ အျပင္အဆင္ကအမိုက္စားလို႔ေျပာလို႔ရတဲ႔အေနအထားပါ။

U Kyi 3

အစားအေသာက္

ဆိုင္မွာက မနက္ ၆ နာရီကေန ၁၁နာရီအထိကို နန္းၾကီး ၊ နန္းလတ္ ၊ နန္းျပား ၊ နန္းၾကီးသုပ္အမဲေၾကာ ၊ ငါးဖယ္လံုးဟင္းရည္ ၊ မတ္ပဲေၾကာ္တို႔ ရပါတယ္။ ျပီးေတာ႔ျပင္ဦးလြင္ ႏွပ္ေကာ္ဖီရပါတယ္။ ေန႔လယ္ ၂ နာရီကေန ၅ နာရီအထိေတာ႔ မႏၱေလးျမီးရွည္ ၊ ဆန္ျပားျမီးရွည္ ေတြရပါတယ္။

နန္းၾကီးသုပ္ သီးသန္႔ဆိုင္ဆိုတဲ႔အတိုင္း နန္းၾကီးသုပ္ကေတာ႔ေတာ္ေတာ္ေလးစားလို႔ေကာင္းပါတယ္။ မုန္႔ဖတ္ကအိအိေထြးေထြးနဲ႔ အေတာ္ေလးေကာင္းတာေတြ႔ရပါတယ္။ နန္းၾကီးသုပ္ထဲ ထည္႔ေပးတဲ႔ အသားကအရသာရွိျပီး ေခါက္ဆြဲေျခာက္အၾကြပ္ေၾကာ္ေလးေတြကလည္း ၾကြပ္ၾကြပ္ရြရြနဲ႔ စားေကာင္းတဲ႔အတြက္ နန္းၾကီးသုပ္ရဲ႕အရသာကိုပံ႔ပိုးေပးႏိုင္တယ္လို႔ဆိုရမွာပါ။ ေနာက္ထပ္ပါတာက ပဲပင္ေပါက္ျပဳတ္နဲ႔ ငါးဖယ္ပါ။ နန္းၾကီးသုပ္မွာက ပဲမႈန္႔ေကာင္းဖို႔ကလည္း အေရးၾကီးတာဆိုေတာ႔ သူတို႔ဆိုင္မွာ ပဲမႈန္႔ကိုဂရုတစိုက္နဲ႔တကယ္လတ္တာမ်ိဳးကို အသံုးျပဳတယ္ဆိုတာေတြ႔ရပါတယ္။

U Kyi 2

နန္းၾကီးသုပ္က ဆီနည္းနည္းမ်ားေပမယ္႔ ဆီသန္႔ျဖစ္တဲ႔အတြက္ေၾကာင္႔ စားရတာအဆင္ေျပတယ္လို႔ဆိုႏိုင္ပါတယ္။ ေနာက္တစ္ခုေကာင္းတာက ဟင္းခ်ိဳရည္ပါ။ နန္းၾကီးသုပ္အတြက္ခ်ေပးတဲ႔ ဟင္းရည္ကတျခားဆိုင္ေတြလိုေပါ႔ရႊတ္ရႊတ္ၾကီးနဲ႔ အခ်ိဳမႈန္႔အရသာမဟုတ္ပါဘူး။ အသားဖတ္ေလးေတြပါျပီးေတာ႔ တကယ္အသားအရသာေလးျဖစ္တဲ႔အတြက္ ေတာ္ေတာ္ေလးေသာက္လို႔ေကာင္းပါတယ္။ မုန္႔ပြဲတစ္ပြဲရဲ႕ ပမာဏကေတာ႔ေတာ္ေတာ္ေလးနည္းတယ္လို႔ဆိုရမယ္ ထင္ပါတယ္။ အစားအေသာက္ၾကီးတဲ႔သူဆို ႏွစ္ပြဲေလာက္ေတာ႔ ေကာင္းေကာင္းေလးစားႏိုင္ေလာက္တယ္။ ေစ်းႏႈန္းအေနနဲ႔ နန္းၾကီးသုပ္တစ္ပြဲကို ၁၅၀၀ ယူတာမို႔ ဆိုင္အေနအထားနဲ႔ဆိုရင္  ပံုမွန္ေလာက္ပဲလို႔ေျပာလို႔ရပါတယ္။ စားပြဲမွာထိုင္တာနဲ႔ေရေႏြးၾကမ္းေကာင္းေကာင္းလည္း ခ်ေပးပါတယ္။

ျပင္ဦးလြင္ႏွပ္ေကာ္ဖီ

ဆိုင္မွာေသာက္စရာအေနနဲ႔ ျပင္ဦးလြင္ႏွပ္ေကာ္ဖီရပါတယ္။ ႏွပ္ေကာ္ဖီမို႔ မွာျပီးရင္ နည္းနည္းေလးေတာ႔ေစာင္႔ရပါတယ္။ ေကာ္ဖီရဲ႕ထူးျခာခ်က္က ခါးသက္သက္ေလးနဲ႔ ေမႊးပါတယ္။ Creamer နဲ႔သၾကားေပးတာမို႔  အခါးၾကိဳက္သူဆိုရင္ Creamer မထည္႔ဘဲ သၾကားေလးနည္းနည္းထည္႔ျပီး ေသာက္ရင္လည္းအေတာ္ေလးမိုက္တာေတြ႔ရပါတယ္။ အအီလည္းေျပေစပါတယ္။

U kyi 4

အားသာခ်က္ အားနည္းခ်က္ဘာေတြရွိမလဲ

ဆိုင္မွာက Service လည္းေကာင္းပါတယ္။  ျပီးေတာ႔ သူတို႔သုပ္ေနတာေတြကိုပါ ကိုယ္ကျမင္ႏိုင္တာမို႔ လုပ္တာကိုင္တာအေတာ္ေလး သန္႔ရွင္းမႈရွိတာကိုေတြ႔ရပါတယ္။ မွာလို႔ရွိရင္သိပ္အၾကာၾကီး ေစာင္႔စရာမလိုဘူး။ ေကာ္ဖီမွာရင္ေတာ႔ ႏွပ္ဖို႔အခ်ိန္ေပးရတာမို႔ နည္းနည္းေလးေစာင္႔ရတာေပါ႔ေနာ္။

တစ္ခုရွိတာက နန္းၾကီးသုပ္သီးသန္႔ဆိုင္မို႔ တျခားေရြးခ်ယ္စရာေတာ႔ဘာမွမရွိဘူးေပါ႔။ နန္းၾကီးသုပ္ကိုပဲ စပါယ္ရွယ္စားခ်င္တယ္ဆိုရင္ေတာ႔ ေတာ္ေတာ္အဆင္ေျပပါတယ္။ ဒီတစ္ခုပဲ သီးသန္႔ေရာင္းတယ္ဆိုေတာ႔ ဘာေတြစားရမလဲဆိုျပီး သိပ္ေထြျပားစရာမလို ဦးေႏွာက္သိပ္စားစရာမလိုေတာ႔ပါဘူး။

ေစ်းကလည္းအသင္႔အတင္႔မို႔ ကေလးေတြနဲ႔မိသားစုလိုက္ပဲစားစား ကိုယ္႔ခ်စ္သူနဲ႔ပဲစားစားအဆင္ေျပတယ္။ ကိုယ္႔ဘာသာစားစရာရွိတာစားျပီး စကားေျပာေနလို႔ရတယ္။ ကားပါကင္အတြက္လည္းေနရာေတြ အမ်ားၾကီးရွိတာေတြ႔ရပါတယ္။ အဓိကသတိထားရမွာက ေက်ာက္ကုန္းလမ္းမွာဆိုရင္ ကားနည္းနည္းပိတ္တာမ်ိဳးရွိေတာ႔ မနက္စာဝင္စားျပီး ရံုးသြားမယ္ဆိုတဲ႔သူေတြအတြက္ေတာ႔ သတိထားသင္႔ပါတယ္။ ျပန္အထြက္မွာကားနည္းနည္းပိတ္ေနတတ္တာမ်ိဴးရွိပါတယ္။

ဆိုင္လိပ္စာမ်ား

(၁) အမွတ္ ၁၆ ၊ ၁၄ ရပ္ကြက္ ၊ ေက်ာက္ကုန္းလမ္း ၊ ရန္ကင္း အ.ထ.က ၂ ေက်ာင္းေရွ႕ ၊ ရန္ကင္းျမိဳ႕နယ္။

(၂) အမွတ္ ၁ ၊ ေအ ၁ ၊ ရွင္ေစာပုလမ္းႏွင္႔သုခမိန္လမ္းေထာင္႔ ၊ စမ္းေခ်ာင္း။

(၃) အမွတ္ ၁၂ ၊ ေခမာလမ္း ၊ သိရိေခမာရပ္ကြက္ ၊ စမ္းေခ်ာင္း။

ဆိုျပီး ေနရာသံုးေနရာရွိပါတယ္။ စမ္းေခ်ာင္းကဆိုင္ေတြကေတာ႔ အျပင္အဆင္ဘယ္လိုရွိမလဲ မသိရေပမယ္႔ အရသာကေတာ႔ တစ္သမတ္တည္းရွိမယ္လို႔ ယူဆပါတယ္။

အမွတ္ေပးရမယ္ဆိုရင္

အျပင္အဆင္ ****

အစားအေသာက္ ****

သန္႔ရွင္းမႈ  *****

ေစ်းႏႈန္း ***

ဝန္ေဆာင္မႈ ***

ေပးခ်င္ပါတယ္။

ကဲ…နန္းၾကီးသုပ္ေကာင္းေကာင္းေလးနဲ႔ ေကာ္ဖီေမႊးေမႊးေလးၾကိဳက္တတ္သူေတြ သေဘာေတာ္က်မယ္႔ဆိုင္ေလးပါေနာ္။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

မန္တလေးမုန့်တီ ရန်ကုန်အခေါ် နန်းကြီးသုပ်ကို ရှယ်စားချင်တဲ့သူတွေရှိရင် ညွှန်းပေးချင်တဲ့ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ အဲဒါကတော့ ဦးကြည် မန္တလေးမုန့်တီ(နန်းကြီးသုပ်) ဆိုင်လေးပါ။ ဆိုင်ခွဲသုံးခုရှိပေမယ့် ကျွန်မတို့သွားစားဖြစ်တဲ့ဆိုင်ကတော့ ရန်ကင်းကဆိုင်လေးပါ။ ကျောက်ကုန်းလမ်း ၊ ရန်ကင်း အ.ထ.က(၂) ကျောင်းရှေ့မှာရှိပါတယ်။ ရန်ကင်းတစ်ဝိုက်နေသူတွေဆိုရင် သွားလာရအဆင်ပြေပြီး ကားပါကင်လည်းကျယ်ပါတယ်။

ကဲ…ဆိုင်ထဲဝင်ကြည့်ရအောင်။
အပြင်အဆင်

ဆိုင်အပြင်အဆင်ကတော့ ရိုးရိုးရှင်းရှင်းနဲ့သပ်ရပ်ပါတယ်။ သန့်သန့်ရှင်းရှင်းလေးပါ။ ဆိုင်ကအကြီးကြီးတော့ မဟုတ်ဘဲ စားပွဲဝိုုင်း ၇ ဝိုင်းလောက်နဲ့ အေအေးဆေးဆေးစားသောက်နိုင်တဲ့ဆိုင်လေးပါ။ မိသားစုနဲ့ပဲသွားသွား ၊ ကိုယ့်ချစ်သူနဲ့ပဲသွားသွားစားသောက်ရင်း စကားစမြည်ပြောဖို့အဆင်ပြေပါတယ်။ ဆိုင်ထဲမှာ ဆူဆူညံညံသိပ်မရှိဘဲ ကိုယ့်စားပွဲနဲ့ကိုယ် အေးအေးဆေးဆေး စားသာက်နေကြသူတွေပဲရှိပါတယ်။ အပြင်အဆင်ကအမိုက်စားလို့ပြောလို့ရတဲ့အနေအထားပါ။
အစားအသောက်

ဆိုင်မှာက မနက် ၆ နာရီကနေ ၁၁နာရီအထိကို နန်းကြီး ၊ နန်းလတ် ၊ နန်းပြား ၊ နန်းကြီးသုပ်အမဲကြော် ၊ ငါးဖယ်လုံးဟင်းရည် ၊ မတ်ပဲကြော်တို့ ရပါတယ်။ ပြီးတော့ပြင်ဦးလွင် နှပ်ကော်ဖီရပါတယ်။ နေ့လယ် ၂ နာရီကနေ ၅ နာရီအထိတော့ မန္တလေးမြီးရှည် ၊ ဆန်ပြားမြီးရှည် တွေရပါတယ်။

နန်းကြီးသုပ် သီးသန့်ဆိုင်ဆိုတဲ့အတိုင်း နန်းကြီးသုပ်ကတော့တော်တော်လေးစားလို့ကောင်းပါတယ်။ မုန့်ဖတ်ကအိအိထွေးထွေးနဲ့ အတော်လေးကောင်းတာတွေ့ရပါတယ်။ နန်းကြီးသုပ်ထဲ ထည့်ပေးတဲ့ အသားကအရသာရှိပြီး ခေါက်ဆွဲခြောက်အကြွပ်ကြော်လေးတွေကလည်း ကြွပ်ကြွပ်ရွရွနဲ့ စားကောင်းတဲ့အတွက် နန်းကြီးသုပ်ရဲ့အရသာကိုပံ့ပိုးပေးနိုင်တယ်လို့ဆိုရမှာပါ။ နောက်ထပ်ပါတာက ပဲပင်ပေါက်ပြုတ်နဲ့ ငါးဖယ်ပါ။ နန်းကြီးသုပ်မှာက ပဲမှုန့်ကောင်းဖို့ကလည်း အရေးကြီးတာဆိုတော့ သူတို့ဆိုင်မှာ ပဲမှုန့်ကိုဂရုတစိုက်နဲ့တကယ်လတ်တာမျိုးကို အသုံးပြုတယ်ဆိုတာတွေ့ရပါတယ်။

နန်းကြီးသုပ်က ဆီနည်းနည်းများပေမယ့် ဆီသန့်ဖြစ်တဲ့အတွက်ကြောင့် စားရတာအဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်။ နောက်တစ်ခုကောင်းတာက ဟင်းချိုရည်ပါ။ နန်းကြီးသုပ်အတွက်ချပေးတဲ့ ဟင်းရည်ကတခြားဆိုင်တွေလိုပေါ့ရွှတ်ရွှတ်ကြီးနဲ့ အချိုမှုန့်အရသာမဟုတ်ပါဘူး။ အသားဖတ်လေးတွေပါပြီးတော့ တကယ်အသားအရသာလေးဖြစ်တဲ့အတွက် တော်တော်လေးသောက်လို့ကောင်းပါတယ်။ မုန့်ပွဲတစ်ပွဲရဲ့ ပမာဏကတော့တော်တော်လေးနည်းတယ်လို့ဆိုရမယ် ထင်ပါတယ်။ အစားအသောက်ကြီးတဲ့သူဆို နှစ်ပွဲလောက်တော့ ကောင်းကောင်းလေးစားနိုင်လောက်တယ်။ ဈေးနှုန်းအနေနဲ့ နန်းကြီးသုပ်တစ်ပွဲကို ၁၅၀၀ ယူတာမို့ ဆိုင်အနေအထားနဲ့ဆိုရင်  ပုံမှန်လောက်ပဲလို့ပြောလို့ရပါတယ်။ စားပွဲမှာထိုင်တာနဲ့ရေနွေးကြမ်းကောင်းကောင်းလည်း ချပေးပါတယ်။
ပြင်ဦးလွင်နှပ်ကော်ဖီ

ဆိုင်မှာသောက်စရာအနေနဲ့ ပြင်ဦးလွင်နှပ်ကော်ဖီရပါတယ်။ နှပ်ကော်ဖီမို့ မှာပြီးရင် နည်းနည်းလေးတော့စောင့်ရပါတယ်။ ကော်ဖီရဲ့ထူးခြာချက်က ခါးသက်သက်လေးနဲ့ မွှေးပါတယ်။ Creamer နဲ့သကြားပေးတာမို့  အခါးကြိုက်သူဆိုရင် Creamer မထည့်ဘဲ သကြားလေးနည်းနည်းထည့်ပြီး သောက်ရင်လည်းအတော်လေးမိုက်တာတွေ့ရပါတယ်။ အအီလည်းပြေစေပါတယ်။
အားသာချက် အားနည်းချက်ဘာတွေရှိမလဲ

ဆိုင်မှာက Service လည်းကောင်းပါတယ်။  ပြီးတော့ သူတို့သုပ်နေတာတွေကိုပါ ကိုယ်ကမြင်နိုင်တာမို့ လုပ်တာကိုင်တာအတော်လေး သန့်ရှင်းမှုရှိတာကိုတွေ့ရပါတယ်။ မှာလို့ရှိရင်သိပ်အကြာကြီး စောင့်စရာမလိုဘူး။ ကော်ဖီမှာရင်တော့ နှပ်ဖို့အချိန်ပေးရတာမို့ နည်းနည်းလေးစောင့်ရတာပေါ့နော်။

တစ်ခုရှိတာက နန်းကြီးသုပ်သီးသန့်ဆိုင်မို့ တခြားရွေးချယ်စရာတော့ဘာမှမရှိဘူးပေါ့။ နန်းကြီးသုပ်ကိုပဲ စပါယ်ရှယ်စားချင်တယ်ဆိုရင်တော့ တော်တော်အဆင်ပြေပါတယ်။ ဒီတစ်ခုပဲ သီးသန့်ရောင်းတယ်ဆိုတော့ ဘာတွေစားရမလဲဆိုပြီး သိပ်ထွေပြားစရာမလို ဦးနှောက်သိပ်စားစရာမလိုတော့ပါဘူး။

ဈေးကလည်းအသင့်အတင့်မို့ ကလေးတွေနဲ့မိသားစုလိုက်ပဲစားစား ကိုယ့်ချစ်သူနဲ့ပဲစားစားအဆင်ပြေတယ်။ ကိုယ့်ဘာသာစားစရာရှိတာစားပြီး စကားပြောနေလို့ရတယ်။ ကားပါကင်အတွက်လည်းနေရာတွေ အများကြီးရှိတာတွေ့ရပါတယ်။ အဓိကသတိထားရမှာက ကျောက်ကုန်းလမ်းမှာဆိုရင် ကားနည်းနည်းပိတ်တာမျိုးရှိတော့ မနက်စာဝင်စားပြီး ရုံးသွားမယ်ဆိုတဲ့သူတွေအတွက်တော့ သတိထားသင့်ပါတယ်။ ပြန်အထွက်မှာကားနည်းနည်းပိတ်နေတတ်တာမျိူးရှိပါတယ်။
ဆိုင်လိပ်စာများ

(၁) အမှတ် ၁၆ ၊ ၁၄ ရပ်ကွက် ၊ ကျောက်ကုန်းလမ်း ၊ ရန်ကင်း အ.ထ.က ၂ ကျောင်းရှေ့ ၊ ရန်ကင်းမြို့နယ်။

(၂) အမှတ် ၁ ၊ အေ ၁ ၊ ရှင်စောပုလမ်းနှင့်သုခမိန်လမ်းထောင့် ၊ စမ်းချောင်း။

(၃) အမှတ် ၁၂ ၊ ခေမာလမ်း ၊ သိရိခေမာရပ်ကွက် ၊ စမ်းချောင်း။

ဆိုပြီး နေရာသုံးနေရာရှိပါတယ်။ စမ်းချောင်းကဆိုင်တွေကတော့ အပြင်အဆင်ဘယ်လိုရှိမလဲ မသိရပေမယ့် အရသာကတော့ တစ်သမတ်တည်းရှိမယ်လို့ ယူဆပါတယ်။
အမှတ်ပေးရမယ်ဆိုရင်

အပြင်အဆင် ****

အစားအသောက် ****

သန့်ရှင်းမှု  *****

ဈေးနှုန်း ***

ဝန်ဆောင်မှု ***

ပေးချင်ပါတယ်။

ကဲ…နန်းကြီးသုပ်ကောင်းကောင်းလေးနဲ့ ကော်ဖီမွှေးမွှေးလေးကြိုက်တတ်သူတွေ သဘောတော်ကျမယ့်ဆိုင်လေးပါနော်။

ဂျူဂျူး(အခရာ)