[Zawgyi]

ေတာင္သမန္အင္းနဲ႔ ဦးပိန္တံတားဟာ ခြဲျခားလုိ႔မရတဲ့ သဘာဝအလွတရားမ်ား ျဖစ္ၾကပါတယ္။ မႏၱေလးၿမိဳ႕ုကုိ ေရာက္တာနဲ႔ ဦးပိန္တံတားႀကီးေပၚမွာ လမ္းေလ်ွာက္ရင္း ေတာင္သမန္းအင္းတစ္ေလ်ွာက္ တုိက္ခတ္လာတဲ့ ေလျပည္ေလညွင္းေတြကုိ ရႈရႈိက္ရတဲ့ အရသာကလည္း ဘာနဲ႔မွ မလဲႏုိင္ေအာင္ ျဖစ္ရပါတယ္။ ဦးပိန္တံတားရဲ႕ အလွအပေတြေၾကာင့္ ေတာင္သမန္အင္းႀကီးဟာ ပနံ႔ရေနတာလား မေျပာတတ္ေပ။ ေနဝင္ဆည္းဆာကုိ ခံစားရင္း ဦးပိန္တံတားေပၚမွာ ဓာတ္ဖမ္းၾကတဲ့သူေတြလည္း ဒုနဲ႔ေဒး။ ျမန္မာႏုိင္ငံရဲ႕မီးရႈးတန္ေဆာင္လုိ႔ သတ္မွတ္လုိ႔ရတဲ့ ဦးပိန္တံတားျဖစ္ေပၚလာပုံ အက်ဥ္းခ်ဳပ္ကုိ ေဖာ္ျပပါဦးမယ္။

ဦးပိန္တံတားကုိ ကုန္းေဘာင္ေခတ္ ပုဂံမင္းလက္ထက္မွာ အမရပူရၿမိဳ႕စာေရးေမာင္ပိန္က အင္းဝနန္းေတာ္ေဟာင္းမွ ကြ်န္းတုိင္ ၁ဝ၈၆လုံးကုိ ယူေဆာင္ၿပီး အခန္းေပါင္း ၄၈၂နဲ႔ ၁၈၄၉ခုႏွစ္မွာ ေဆာက္လုပ္ခဲ့ၿပီး ၁၈၅၁ခုႏွစ္မွာ ၿပီးစီးခဲ့ပါတယ္။ တံတားေဆာက္လုပ္သူ ေမာင္ပိန္ကုိအစြဲျပဳၿပီး ဦးပိန္တံတားလုိ႔ အမည္တြင္ခဲ့ၾကၿပီး တံတားအရွည္ ၃၉၆၇ေပနဲ႔ ကမၻာ့အရွည္ဆုံးသစ္သားတံတားအျဖစ္ သတ္မွတ္ထားၾကပါတယ္။ ဦးပိန္တံတားမွာ နားေနဇရပ္ေလးေဆာင္ ရွိၿပီး ဘုရင့္ေဖာင္ေတာ္ေတြ အလြယ္တကူ ျဖတ္သန္းသြားလာဖုိ႔ ေဖာင္ေၾကာင္းကိုးခုကုိ စီစဥ္ထားရွိပါတယ္။

၁၉၄၆ခုႏွစ္မွာ ျမစ္ေရႀကီးတဲ့အတြက္ တံတားေရျမႇဳပ္ကာ အခန္းတခ်ဳိ႕ ပ်က္စီးသြားခဲ့ၿပီး အမရပူရအမတ္ ဦးဘသီကေန ျပန္လည္ျပင္ဆင္ခဲ့ရပါတယ္။ ၁၉၇၃ခုႏွစ္မွာ အခန္းရွစ္ဆယ္ေက်ာ္ ေရေမ်ာသြားခဲ့ရာ မဟာဂႏၵ႐ံုဆရာေတာ္ အရွင္ဇနကာဘိဝံသ ဦးေဆာင္ၿပီး ျပည္သူလူထုနဲ႔ ျပဳျပင္ခဲ့ရပါတယ္။ ၂ဝ၁၄ခုႏွစ္မွာ ေငြက်ပ္ ၁၃ဝသိန္းေက်ာ္ အသုံးျပဳၿပီး ျပန္လည္ျပဳျပင္ထိန္းသိမ္းခဲ့ရေၾကာင္း ေရွးေဟာင္းသုေတသနနဲ႔ အမ်ိဳးသားျပတုိက္ (မႏၱေလးဌာန) ရဲ႕အဆုိအရ သိရပါတယ္။ ကြ်န္းတိုင္လံုးေတြဟာ တိုင္ဖံုးေတြမရွိတဲ့အတြက္ မုိးေရဝင္ၿပီး အတြင္းေပါက္ေတြ၊ အက္ကြဲေၾကာင္းေတြ ျဖစ္ေပၚေနၿပီး ျပဳျပင္ထိန္းသိမ္းဖုိ႔ လုိအပ္လာၿပီျဖစ္ပါတယ္။ မည္သုိ႔ပင္ဆုိေစကာမူ အမရပူရၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ ေတာင္သမန္အင္းကို ျဖတ္ေက်ာ္ကာ အမရပူရ ၿမိဳ႕ေဟာင္းနဲ႔ ရတနာပံု တကၠသိုလ္ကို ဆက္သြယ္ထားတဲ့ ဦးပိန္တံတားဟာ ကမာၻေက်ာ္ရႈခင္းတစ္ခုအျဖစ္ နာမည္ေက်ာ္လွပါတယ္။

ကုိးကား ။ ။ ျမန္မာ့သမုိင္းအက်ဥ္း

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာ ခွဲခြားလို့မရတဲ့ သဘာဝအလှတရားများ ဖြစ်ကြပါတယ်။ မန္တလေးမြို့ကို ရောက်တာနဲ့ ဦးပိန်တံတားကြီးပေါ်မှာ လမ်းလျှောက်ရင်း တောင်သမန်းအင်းတစ်လျှောက် တိုက်ခတ်လာတဲ့ လေပြည်လေညှင်းတွေကို ရှုရှိုက်ရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်အောင် ဖြစ်ရပါတယ်။ ဦးပိန်တံတားရဲ့ အလှအပတွေကြောင့် တောင်သမန်အင်းကြီးဟာ ပနံ့ရနေတာလား မပြောတတ်ပေ။ နေဝင်ဆည်းဆာကို ခံစားရင်း ဦးပိန်တံတားပေါ်မှာ ဓာတ်ဖမ်းကြတဲ့သူတွေလည်း ဒုနဲ့ဒေး။ မြန်မာနိုင်ငံရဲ့မီးရှုးတန်ဆောင်လို့ သတ်မှတ်လို့ရတဲ့ ဦးပိန်တံတားဖြစ်ပေါ်လာပုံ အကျဉ်းချုပ်ကို ဖော်ပြပါဦးမယ်။

ဦးပိန်တံတားကို ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်မှာ အမရပူရမြို့စာရေးမောင်ပိန်က အင်းဝနန်းတော်ဟောင်းမှ ကျွန်းတိုင် ၁ဝ၈၆လုံးကို ယူဆောင်ပြီး အခန်းပေါင်း ၄၈၂နဲ့ ၁၈၄၉ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၈၅၁ခုနှစ်တွင် ပြီးစီးခဲ့ပါတယ်။ တံတားဆောက်လုပ်သူ မောင်ပိန်ကိုအစွဲပြုပြီး ဦးပိန်တံတားလို့ အမည်တွင်ခဲ့ကြပြီး တံတားအရှည် ၃၉၆၇ပေနဲ့ ကမ္ဘာ့အရှည်ဆုံးသစ်သားတံတားအဖြစ် သတ်မှတ်ထားကြပါတယ်။ ဦးပိန်တံတားမှာ နားနေဇရပ်လေးဆောင် ရှိပြီး ဘုရင့်ဖောင်တော်တွေ အလွယ်တကူ ဖြတ်သန်းသွားလာဖို့ ဖောင်ကြောင်းကိုးခုကို စီစဉ်ထားရှိပါတယ်။

၁၉၄၆ခုနှစ်မှာ မြစ်ရေကြီးတဲ့အတွက် တံတားရေမြှုပ်ကာ အခန်းတချို့ ပျက်စီးသွားခဲ့ပြီး အမရပူရအမတ် ဦးဘသီကနေ ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။ ၁၉၇၃ခုနှစ်မှာ အခန်းရှစ်ဆယ်ကျော် ရေမျောသွားခဲ့ရာ မဟာဂန္ဒရုံဆရာတော် အရှင်ဇနကာဘိဝံသ ဦးဆောင်ပြီး ပြည်သူလူထုနဲ့ ပြုပြင်ခဲ့ရပါတယ်။ ၂ဝ၁၄ခုနှစ်မှာ ငွေကျပ် ၁၃ဝသိန်းကျော် အသုံးပြုပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ရကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် (မန္တလေးဌာန) ရဲ့အဆိုအရ သိရပါတယ်။ ကျွန်းတိုင်လုံးတွေဟာ တိုင်ဖုံးတွေမရှိတဲ့အတွက် မိုးရေဝင်ပြီး အတွင်းပေါက်တွေ၊ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေပြီး ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အမရပူရမြို့နယ် အတွင်းမှာရှိတဲ့ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရ မြို့ဟောင်းနဲ့ ရတနာပုံ တက္ကသိုလ်ကို ဆက်သွယ်ထားတဲ့ ဦးပိန်တံတားဟာ ကမ္ဘာကျော်ရှုခင်းတစ်ခုအဖြစ် နာမည်ကျော်လှပါတယ်။

ကိုးကား ။ ။ မြန်မာ့သမိုင်းအကျဉ်း

ကျော်စိုးအောင် (အခရာ)

www.akhayar.com