[Zawgyi]





www.akhayar.com

[Unicode]

အနုပညာရှင်တစ်ယောက်ရဲ့ နောက်ကွယ်က လူတွေကို ကျေးဇူးတင်လိုက်တဲ့ Tyron

အနုပညာဖန်တီးမှုဆိုတာ Teamwork နဲ့  လုပ်ရတာ ရှိသလို တစ်ခါတလေကျရင်လည်း တစ်ကိုယ်တည်းဖန်တီးရတာရှိပါတယ်။ရုပ်ရှင်တို့ ၊ ကြော်ငြာတို့ ရိုက်ကူးမှုတွေကတော့ Teamwork ကောင်းကောင်း ၊ လူညီညီနဲ့ ဖန်တီးပါမှ ကောင်းမွန်တဲ့ အနုပညာတစ်ခု ဖြစ်လာတာပါ။ ဒီအချက်ကို Tyron က ကောင်းကောင်းသိပါတယ်။ ဒါကြောင့်ပဲ အနုပညာရှင်တစ်ယောက်ရဲ့ နောက်ကွယ်မှာ ပံ့ပိုးကူညီခဲ့တဲ့သူတွေ အများကြီးရှိတယ်ဆိုတာကို ဒီ Status လေးနဲ့ ဒီပုံလေးတွေနဲ့ သူ့ရဲ့ Timeline မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

“အနုပညာရှင်တစ်ယောက်ရဲ့ နောက်ကွယ်မှာ အခုလို စိတ်ရောကိုယ်ရောနှစ်ပြီး ပံ့ပိုးကူညီနေသူတွေ make up artist တွေ fashion stylist တွေ designers တွေ Hairstylist တွေရှိတယ် ကျွန်တော့် ဘဝအတွက် သူတို့ကလည်းမရှိမဖစ်ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါဘဲ
ခုလိုပုံလေးတွေ ပရိတ်သတ်ရှေ့ကို ရောက်ဖို့ ပင်ပင်ပန်းပန်း လိုက်ရိုက်ပေးနေတဲ့ photographers တွေကလည်းမရှိမဖစ်ဘဲပေါ့ Ye Hein
I love you all guys ” လို့ တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပုံတွေကို ဘန်ကောက်က ရိုက်ကွင်းတစ်ခုမှာ ရိုက်ခဲ့တာ ဖြစ်ပါတယ်။ Tyron ဘာအစီအစဉ်တွေ ရိုက်ကူးနေတယ်ဆိုတာရော ပရိသတ်ကြီးက သိချင်နေကြမယ်ထင်ပါတယ်။

www.akhayar.com

Photo Credit : Ye Hein & Tyron Bejay